Author's Profile Photo

မောင်ဘုန်း

16/03/2025

လွယ်လွယ်နဲ့ရရင် လူတွေက တန်ဖိုး မထားချင်ကြဘူး

1 min read
Life Style
Motivation

လွယ်လွယ်နဲ့ရရင်
လူတွေက တန်ဖိုး မထားချင်ကြဘူး

ဒါကို.......မင်းသိရင်...
နောက်တစ်ခါ ဘယ်အရာမှ အလကားမပေးပါနဲ့

လူတစ်ချို့
မင်းကို စွန့်ပစ်သွားတယ် ဆိုတိုင်း
မင်းက တန်ဖိုး မရှိလို့ မဟုတ်ဘူး

လူတစ်ချို့
မင်းအနားမှာ မပျော်တော့ဘူးဆိုတိုင်း
မင်းက အသုံးမဝင်တော့လို့ မဟုတ်ဘူး

လူတစ်ချို့
မင်းကို အရေး မလုပ်တော့ဘူး ဆိုတိုင်း
မင်းက လူရာမဝင်တော့လို့ မဟုတ်ဘူး

တကယ်တော့...

မင်းမေတ္တာ စေတနာ
မင်းရဲ့ ပေးဆပ်မှု့ မင်းရဲ့ အလေးထားမှု့နဲ့
မထိုက်တန်သူတွေ ရှိသလို....
မင်းရဲ့ အရမ်းချစ်တဲ့ ဒဏ်ကို
မခံနိုင်သူတွေလဲ ရှိတယ်

လွယ်လွယ်နဲ့ ရရင်
လူတွေက တန်ဖိုးမထားချင်ကြဘူး
ဒါကို မင်းသိရင်
နောက်တစ်ခါ ဘယ်အရာမှ အလကားမပေးပါနဲ့

စွန့်ပစ်ခံရတယ် ဆိုတိုင်း
အမှိုက် မဟုတ်ဘူး ဆိုတာ နားလည်
တစ်ဖက်က
တန်ဖိုးမသိတာလဲ ဖြစ်နိုင်တယ်လေ

တစ်ခါတစ်လေမှာ...
ကိုယ်နဲ့ မထိုက်တန်သူတွေ
ကိုယ့်ကို အမြဲနာကျင်စေတဲ့ သူတွေကို
လောကကြီး က
သူ့နည်း သူ့ဟန်နဲ့ ရှင်းထုတ်ပေးသွားတာလဲ ရှိတယ်

ပြေးလိုက်ရတာ ပင်ပန်းသလို
ဆွဲထားရတာလဲ ပင်ပန်း တာပါပဲ

အဲ့တော့....
မနေချင်တဲ့ သူတွေကို သွားခွင့်ပြုလိုက်
နေချင်သူတွေကိုတော့ သူသဘော အတိုင်းရှိစေ

သူတို့ ဆုံးရွုံးသြားတာက
ဂရုစိုက် ပေးဆပ်ပြီး ချစ်တတ်တဲ့သူကို

မင်းဆုံးရှုံးသွား တာက
အမြဲ စိတ်ဆင်းရဲအောင် လုပ်တဲ့သူတွေကို

ကဲ ဘယ်သူ နာလဲ
မင်း မနာပါဘူး

အမှိုက်တွေ ရှင်းသွားတော့ မရှုပ်တော့ဘူးပေါ့

တစ်ယောက်ထဲ နေလဲဖြစ်တယ်
နှစ်ယောက် ရှိမှ ဘဝမဟုတ်ပါဘူး
လူတွေများလေ အပူတွေ များလေပဲ

ကိုယ့်မိသားစုနဲ့
ကိုယ့်ကို တကယ်ချစ်တဲ့ သူကိုဘဲ
တန်ဖိုး ထား မြတ်နိုးပြီး ချစ်ပါ

ကျန်တဲ့ အပေါ်ယံတွေ အတွက်
အလေးအနက်ထားပြီး မခံစားပါနဲ့နော်...

နောက်ထပ် မမိုက်ချင်ပါနဲ့

မင်းက သင်ခန်းစာတွေ ရဖို့
စာလေး တစ်ပုဒ် ပဲ ဖတ်ရတာ

ငါ့မှာက
ဘဝ နဲ့ရော မျက်ရည်တွေနဲ့ပါ
ရင်းခဲ့ရတာ
မင်းဖတ်ရတာ တန်ပါတယ် ။
-crd

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်