Author's Profile Photo

Note Vault

14/03/2025

Deep Work?

1 min read
Life Style
Creative
Self Improvement
Deep Work?'s photo

အလုပ်အများကြီးလုပ်နိုင်တာက ကောင်းပါတယ်။ လူတော်တော်များများမှာ မရှိတဲ့ အရည်အချင်းလို့ပဲဆိုပါစို့။ ဒီ Sharing မှာ အလုပ်အများကြီးလုပ်နိုင်တာထက် အလုပ်အများကြီးကို အချိန်တစ်ခု(အချိန်တို)အတွင်းလုပ်နိုင်တဲ့ နည်းလမ်းကို ပြောပြပါမယ်။

ဒါကပဲ Deep Work ဖြစ်ပါတယ်။

Carl Newport က ဒီ deep work အကြောင်းကို ပြောထားပါတယ်။

"လုပ်စရာတစ်ခုကိုပဲ အနှောက်အယှက်ကင်းကင်း အချိန်တစ်ခုအတွင်း စိတ်ရောလူရော အပြည့်အဝ အာရုံစိုက်၍ အလုပ်လုပ်ခြင်းဖြစ်တယ်"

- လုပ်စရာ တစ်ခုလို့ အကြမ်းဖျင်းပြောတယ်၊ လုပ်စရာအကုန်မဟုတ်။
- အနှောက်အယှက်ကင်းတာက သေချာအာရုံစိုက်နိုင်အောင်ဖြစ်တယ်။
- အချိန်တစ်ခုဆိုတာ တိကျတဲ့ အချိန်သတ်မှတ်ချက်ထားရမယ်။
- အပြည့်အဝအာရုံစိုက်ပြီး လုပ်ရမယ်။

ဒီလိုတစ်ဆင့်ချင်းစီနားလည်ရင် Deep Work ကို နားလည်ပြီ။ Deep Work လုပ်တော့မယ်ဆိုရင်

- Major Tasks, Deep Tasks ကို အရင်သတ်မှတ်
- လူသူလေးပါး မနှောက်ယှက်နိုင်အောင်လုပ် (ကျွန်တော်တော့ airplane mode on လိုက်တယ်)
- အချိန်တစ်ခုသတ်မှတ်(၄ နာရီဆက်တိုက်၊ ၃ နာရီဆက်တိုက်)
- အရေးအကြီးဆုံးက အာရုံ။


Deep Work- အလုပ်အများကြီးကို အချိန်တိုအတွင်းပြီးတာမျိုး က ပြောသလောက် မလွယ်ဘူး။ ဒီအတွက် အရင်ဆုံး လုပ်ထားရမယ့် ကိစ္စတွေရှိပါတယ်။

- အချိန်ကုန်ခံစရာမလိုတဲ့ အလုပ်မျိုးနဲ့ အချိန်ယူရမယ့် အလုပ်မျိုးကို အရင် နားလည်ဖို့လိုတယ်။ (Deep works and Shallow works) ဒါနားမလည်သရွေ့တော့ အင်္ဂလိပ်စာအုပ်ဖတ်တယ်၊ မီးနင်းမသိလို့ google ခေါက်ရင်း ဟို app ဝင်၊ ဒီ app ဝင် ဖြစ်နေဦးမယ်။
- ဘယ်အချိန် deep work လုပ်မလဲ? ကိုယ် performance အကောင်းဆုံးအချိန်ကို သိအောင်အရင်လုပ်၊ အဲ့အချိန်အတွက် ကိုယ့်ကို မနှောက်ယှက်နိုင်အောင် လုပ် (noti တွေပိတ်၊ Do not disturb mode ဖွင့်၊ focus mode on ပါ။)
- အပေါ်ကဟာ အားလုံးလုပ်နိုင်ဖို့ FOCUS ပဲလိုပါတယ်။ အာရုံစိုက်တာကောင်းအောင် ဘယ်လိုလေ့ကျင့်လို့ရလဲဆိုရင် အနှောက်အယှက်ကင်းကင်း များများနေကြည့်ပါ။ (Deep Work, Car Newport)

Key takeaway တွေအနေနဲ့
- အလုပ်များများလုပ်နိုင်တာက ကြွယ်ရမယ့်ဟာမဟုတ်ပါဘူး။
- Deep work ဆိုတာ လုပ်စရာတစ်ခုကို အနှောက်အယှက်ကင်းကင်း အပြည့်အဝ အာရုံစိုက်လုပ်တာကို ဆိုလိုတယ်။
- သိချင်တတ်ချင်တာကို မြန်မြန်သင်၊ မြန်မြန်တတ်မှရမယ့်ခေတ်ဖြစ်လို့ Deep Work နဲ့ အလုပ်လုပ်နိုင်ရင် သိချင်တတ်ချင်တဲ့တစ်ခုအတွက်နဲ့ အချိန်မကုန်တော့ဘူး။
- အချိန်တိုအတွင်း ထိရောက်အောင် အလုပ်လုပ်နိုင်တယ်။
- ကိုယ့် efficiency ကောင်းဖို့ နေ့တိုင်း တကူးတက အချိန်ယူလေ့ကျင့်သင့်တယ့် skill တစ်ခုဖြစ်တယ်။

Ref
Newport, C. (2016). _Deep work: Rules for focused success in a distracted world_. Grand Central Publishing

---
(သင်ယူမှုတွေလုပ်တဲ့အခါမှာ စိတ်ကူကိုယ်တူတွေနဲ့ အလုပ်လုပ်ရတာလောက် သင်လွယ်၊တတ်လွယ်တာမရှိပါဘူး။ ဒီအကြောင်းတွေ sharing လုပ်ပေးနေတဲ့ ကျွန်တော့် telegram channel ကို ဒီကနေ join နိုင်ပါတယ်။)

Note Vault
@tonotevault
ss/productivity
15-March-2025

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)