Author's Profile Photo

မိုးကျော်ဇင်

12/03/2025

ပျောက်ဆုံးခြင်းနှင့် ရှာဖွေခြင်း

3 mins read
Life Style
Book Review
Culture

ပျောက်ဆုံးခြင်းနှင့် ရှာဖွေခြင်း
------------
မိုးကျော်ဇင်
လွန်ခဲ့သည့် နှစ်လကျော်က ကျွန်တော် ခရီးဝေးက ပြန်လာတော့ စာအုပ်တစ်အုပ် ပါလာသည်။ အာဖရိကနိုင်ငံတစ်ခု၏ လေဆိပ်က ဝယ်လာခြင်းဖြစ်သည်။ ထိုလေဆိပ်၏ ဂျူတီဖရီးဆိုင်တွေကို ရောက်တော့ ကျွန်တော် အဓိကရှာဖြစ်သည်က စာအုပ်ဆိုင်ပဲ ဖြစ်သည်။ လေဆိပ်က သိပ်ကြီးကြီးမား မား မဟုတ်။ ရေမွှေး၊ ချောကလက်နှင့် ဝီစကီရောင်းသော ဆိုင်တွေ အထိုက်အသင့် များသော်လည်း စာအုပ်ဆိုင်ကတော့ တစ်ဆိုင်တည်း။ စာအုပ်ဆိုသည်က တစ်ကမ္ဘာလုံးအတိုင်းအတာမှာတောင် လူကြိုက်နည်းနေတာ့ပါလားဟု တွေးမိသေးသည်။
အာဖရိကနိုင်ငံမို့ ကျွန်တော် အဓိကရှာဖြစ်သည်က အာဖရိကလူမှုနေထိုင်မှုနှင့် ပတ်သက်သော စာအုပ်တွေသာ ဖြစ်သည်။ သို့သော် ကျွန်တော့်စိတ်ကြိုက် ရှာတွေ့ခဲ့သည်က တစ်အုပ်တည်း။ 18 African Fables And Moonlight Stories ဆိုသော စာအုပ်ဖြစ်သည်။ ရေးသူက ရုပ်မြင် သံကြားအစီအစဉ်တွေ ထုတ်လုပ်သူလည်းဖြစ်၊ နိုင်ငံတကာသတင်းစာတွေမှာ အာဖရိအကြောင်းတွေ ရေးသား နေသူလည်း ဖြစ်သည့် ဂါနာနိုင်ငံသား Femi Akomolafe ပင်။ လိပ်၊ ဝက်၊ ကျားသစ်၊ ဆင် စသည့် တိရစ္ဆာန်လေးများကို ဇာတ်ကောင်လုပ်ထားသည့် ချစ်စရာ၊ သင်ခန်းစာယူစရာ ပုံပြင်လေးများ ဖြစ်ကြ၏။
ပုံပြင်အချို့မှာ မြန်မာဘာသာပြန် ( သို့ ) မြန်မာမှုပြုပြီးသားတွေ ဖြစ်နေသည်။ အချို့ပုံပြင်တွေကတော့ မကြားဖူးသေး။
လွန်ခဲ့သော ရက်သတ္တပတ်ခန့်က သမီးလေးကို ပုံပြင်အသစ် ပြောပြစရာရှာရင်း ထိုစာအုပ်လေးကို ပြန်ကိုင်ကြည့်ဖြစ်သည်။ ပြန်ဖတ်ကြည့်ရင်း “ ဝက်ဟာ မြေကြီးကို ဘာကြောင့် အမြဲတမ်း တူးနေရတာ လဲ” ဆိုသည့် ပုံပြင်ကို သတိထားမိသွား၏။ သည်ပုံပြင်ကို အရင်က ကျွန်တော် မကြားဖူးသေး။ ဘယ်နေ ရာမှာမှလည်း မဖတ်ဖူးသေး။ ( ကျွန်တော် မနှံ့စပ်သောကြောင့်လည်း ဖြစ်ပါလိမ့်မည်။) ပြီးတော့ သည်ပုံပြင်သည် ကလေးများအတွက် ချစ်စရာ၊ ရယ်မောစရာ ပုံ ပြင်လေးတစ်ပုဒ်ထက် ပိုသည့် သင်္ကေတဆန်ဆန်သဘော ပါနေသည်ဟုလည်း ကျွန်‌တော်ခံစားလိုက်ရ သည်။
ပုံပြင်လေးက ဝက်နှင့် လိပ်တို့ မိတ်ဆွေနှစ်ဦးကြားက အဖြစ်အပျက်လေး ဖြစ်သည်။
ဝက်နှင့် လိပ်တို့သည် အလွန်ချစ်ခင်ရင်းနှီးကြသည့် မိတ်ဆွေတွေ ဖြစ်ကြ၏။ သို့သော် စရိုက်ချင်း က မတူ။ ဝက်က ကုန်သည်။ ချမ်းသာ ကြွယ်ဝသူ။ သူ့မိတ်ဆွေတွေကို အတိုးနှုန်းနည်းနည်းဖြင့် ငွေချေး တတ်သေး၏။ လိပ်ကတော့ ဆန့်ကျင်ဘက်။ ပျင်းရိသည်။ အစားအစာအတွက် မိတ်ဆွေတွေကိုသာ အားထားမှီခိုနေသူ။
တစ်နေ့တော့ လိပ်က ဝက်ထံက ငွေချေးသည်။ ဝက်က သူငယ်ချင်းနှင့် စီးပွားရေး မရောယှက်လို ကြောင်းပြော၍ ငြင်းဆန်သော်လည်း လိပ်က မရမက ခယတောင်းပန်ပြီး ရအောင် ငွေချေးသွားသည်။ ပြီးတော့ သူ့အကျင့်အတိုင်း သုံးဖြုန်းပစ်လိုက်သည်။ သို့သော် ပြန်ပေးရန် စိတ်ကူးမရှိ။
အချိန်တော်တော်ကြာသည်အထိ လိပ်ထံက အကြွေးပြန်မရသောအခါ ဝက်က လိပ်ထံ အကြွေး သွားတောင်းသည်။ လိပ်က ဝက်လာတိုင်း ရှောင်ရှောင်နေ၏။ ကြာတော့ ဝက် သည်းမခံနိုင်တော့။ သည် တစ်ခါ ရအောင်တောင်းမည်ဟု ဆုံးဖြတ်ပြီး လိပ်ထံ သွားသည်။ လိပ်၏ ဇနီး လိပ်မက ဝက် သူတို့ဆီ လာနေသည်ကို မြင်သည်နှင့် သူ့ယောကျ်ား သင်ပြထားသည့်အတိုင်း သူ့ယောက်ျား လိပ်၏ ရင်ဘက်ပေါ် ကျောက်တုံးတစ်တုံးနှင့် ငရုတ်ကောင်းမှုန့်ကြိတ်ပြသည်။ ဝက်က မြင်တော့ စိတ်ဆိုးမာန်ဆိုးနှင့် ငရုတ် ကောင်းမှုန့်ကြိတ်နေသည့် ကျောက်တုံးကို ယူပြီး ချုံပုတ်ထဲ လွှင့်ပစ်၏။
လိပ်က ထိုကျောက်တုံးမှာ တန်ဖိုးကြီး ကျောက်တုံးဖြစ်ကြောင်း၊ သူ့ရှိသည့် ငွေအပြင် ဝက်ထံမှ ချေးယူထားသော ငွေများကိုပါ

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်

Unlock to read this premium article with 10 points.