Author's Profile Photo

မောရိသျှ

11/03/2025

စာစောင်သုံးဆယ့်သုံး-တိုးတက်မှုရဲ့လျို့ဝှက်ချက်

3 mins read
Life Style
Personal Development
General Knowledge
စာစောင်သုံးဆယ့်သုံး-တိုးတက်မှုရဲ့လျို့ဝှက်ချက်'s photo

တပဓမ္မတွေကို လေ့လာဖြစ်ခဲ့တဲ့နောက်ပိုင်းမှာ အခြေခံဗဟုသုတတွေနဲ့ အသိဉာဏ်ပညာဆိုင်ရာ အခန်းကဏ္ဍကိုလည်း ဆင့်ပွားလေ့လာဖြစ်ခဲ့တယ်။ တစ်ဘက်က အသိပညာကို လေ့လာတဲ့အပိုင်း၊ နောက်တစ်ဘက်က အသိပညာကို အသုံးချတဲ့အပိုင်းဆိုပြီး နှစ်ကန့်ခွဲ သင်ယူနေခဲ့တာပဲ အတော်လေး ကြာပါပြီ။ အချိန်တွေ ဘယ်လောက်ပဲ ကုန်သွားပါစေ၊ ခေတ်ကြီးဘယ်လောက်ပဲ ပြောင်းလဲသွားပါစေ ကျွန်တော့်လေ့လာမှုတွေကတော့ လျှော့မသွားပါဘူး။ 

ကျွန်တော် စာဖတ်ရတာကို အတော်လေး သဘောကျတယ်။ ဖတ်ရုံပဲ မဟုတ်ဘူးဗျ။ ခေါင်းထဲ တစိမ့်စိမ့်တွေးပြီး ဖတ်ရတာမျိုးကို အတော်လေး သဘောကျတာပါ။ ရသစာပေလက်ရာတွေ ဖတ်ရင်လည်း စိတ်ခံစားချက်တွေ အာသာပြေရုံ ဖတ်တာမျိုး မဟုတ်ဘူး၊ သုတစာပေလက်ရာတွေဆိုရင်လည်း အပေါ်ယံ မှတ်မိရုံလောက်ပဲ ဖတ်တာမျိုး မဟုတ်ဘူးဗျ။ ကျွန်တော့် ခေါင်းထဲလည်း မှတ်တယ်၊ မှတ်စုစာအုပ်ထဲလည်း ပြန်ထည့်သလို၊ ဖတ်ထားသမျှ အကြောင်းအရာတွေ အမြဲမှတ်မိနေအောင်ဆိုပြီး သက်ဆိုင်ရာ ခေါင်းစဉ်လေးတွေနဲ့ ဆောင်းပါးရေးဖြစ်အောင် ရေးတယ်ဗျ။ 

ခေါင်းထဲ ရှုပ်မယ်ထင်ရင်တော့ တော်ရုံတန်ရုံ သတင်းတွေ သိပ်မဖတ်ဖြစ်ဘူး။ နားလည်းမထောင်ဘူး။ လိုအပ်တာလောက်ပဲ ခေါင်းထဲ ထည့်ဖြစ်တယ်။ အချက်အလက်တွေ များရင်လည်း မကောင်းဘူး။ ခေါင်းထဲတော့ ရောက်ပါရဲ့ အသုံးလည်း ချမရ၊ အသုံးလည်းမကျ ဒီအတိုင်း သိရုံလောက်အကြောင်းအရာဆိုရင် အဝင်မခံဘူး။ မသိချင်ယောင်ဆောင်ပြီးတော့ လစ်လျူရှုလိုက်တယ်။ 

ကျွန်တော်ကတော့ အများအားဖြင့် သမိုင်းတွေ၊ ဒဿနိကအတွေးအခေါ်တွေ၊ စိတ်ပညာတွေကို ဦးစားပေး ဖတ်ဖြစ်တယ်။ လေ့လာဖြစ်တယ်။ သင်ယူနေတယ်လို့ ပြောရမယ်။ တခြား နယ်ပယ်ကတော့ လိုအပ်မှ ဒါမှမဟုတ် မဖြစ်မနေ သိသင့်သိထိုက်တာတွေကိုမှ ဖတ်ဖြစ်လေ့လာဖြစ်ပါတယ်။

အရင်ကတော့ စာဖတ်ရင် ခေါင်းထဲ စုပြုံသွားပြီး တကယ်အသုံးချမိတာ နည်းတယ်လို့ ပြောရမယ်။ ခေါင်းထဲ ရောက်သာ ရောက်သွားတာ ပြန်လည်း မတွေးဖြစ်သလို၊ ဖတ်ဖူးကြောင်း အကြောင်းတိုက်ဆိုင်သွားမှ ပြန်မှတ်မိတာမျိုး ဖြစ်ခဲ့ဖူးတယ်။ ပြောရရင် ငယ်ငယ်ကတည်းက စာဖတ်ခဲ့တာဆိုတော့ ခေါင်းထဲ ထည့်ထားတဲ့ အသိတွေကလည်း မနည်းဘူးဗျ။ အကုန်လုံး မှတ်မိနေလောက်အောင်လည်း ကျွန်တော်က Rain Man မဟုတ်ဘူးလေ။ စာဖတ်ဝါသနာပါလို့သာ ဖတ်နေတာ မမှတ်မိတော့တဲ့ အကြောင်းအရာတွေမှ အများကြီးပဲဗျ။ အသိတွေ များလွန်းရင်လည်း မကောင်းဘူးလို့ တပဓမ္မက ဆုံးမထားသေးတယ်။ သိတာမကောင်းဘူးတဲ့။ သိလျက်နဲ့ မလုပ်တာက မသိဘဲ လုပ်မိတာထက် ဆိုးတယ်တဲ့။ 

အားကစားသမားတစ်ယောက်အနေနဲ့ သူလေ့ကျင့်နေတဲ့ အားကစားက သူ့ဘဝပဲ။ အဲဒီတော့ သူ့ဘဝအတွက် အဓိက လိုအပ်ချက်တွေက အားကစားလေ့ကျင့်ဖို့နဲ့ ကိုယ်ခန္ဓာကျန်းမာသန်စွမ်း ဖြတ်လတ်နေဖို့ပဲ။ ဒါဆိုရင် စာဖတ်သမားတစ်ယောက်အတွက် ဘဝက ဘာလဲ။ သူ့ဘဝအတွက် အဓိက လိုအပ်ချက်တွေက ဘာဖြစ်မလဲ။ မျက်လုံးကောင်းဖို့လား။ စာအုပ်များများ ဝယ်နိုင်ဖို့လား။ ဒါမှမဟုတ် ဖတ်ထားသမျှကို လက်တွေ့ အသုံးချတတ်ဖို့လား။ ပြန်တွေးကြည့်ရင် လမ်းပျောက်သွားနိုင်တယ်ဗျ။ 

တော်သေးတာက တပဓမ္မဆရာတွေ အဖြေကြိုပေးထားခဲ့လို့ပါ။ အသိပညာ အတတ်ပညာ ဆည်းပူးတဲ့အခါမှာ ဘယ်နယ်ပယ်ကို လေ့လာလေ့လာ ဆုံးခန်းတိုင်အောင် လေ့လာပြီး ကိုယ့်အတွက် အကျိုးရှိအောင် အသုံးချတတ်ရမယ်တဲ့။ လက်တွေ့အကျိုးဖြစ်အောင် လုပ်လို့ မရတဲ့ အသိပညာအတတ်ပညာကို အချိန်ကုန်ခံပြီး လေ့လာနေမိရင် လမ်းမှားနေပြီတဲ့။ 

ဟုတ်တော့လည်း အဟုတ်သား။ ကျွန်တော့်နည်းတူ စာဖတ်ဝါသနာကြီးတဲ့သူတွေ အများကြီး ရှိမှာပါ။ ဘယ

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)

Unlock to read this premium article with 100 points.