Rose(Mal Nu)
Hello!
SarPhat ချစ်သူလေးတို့ရေ မယ်နုက ဒီနေ့မှာ စာဖတ်ချစ်သူလေးတို့ မမှားသင့်တဲ့ သတ်ပုံအမှားလေးတွေကို သိရအောင် နည်းနည်းချင်းစီ တင်ပြပေးသွားပါမယ်နော်...
ဒီနေ့မှာ ဟထိုး(ှ)ပိုတဲ့ အမှားလေးတွေ ကြည့်ရအောင်...
အမှား အမှန်
၁။ မကြာမှီ မကြာမီ
၂။ခေတ်မှီ ခေတ်မီ
၃။မှင်ရည် မင်ရည်
၄။မြှား မြား
၅။လျှက်ဆား လျက်ဆား
၆။လျှက် လျက်
၇။လျှင်မြန် လျင်မြန်
၈။အပေါင်းအနှုတ် အပေါင်းအနုတ်
၉။ထုတ်နှုတ် ထုတ်နုတ်
၁၀။အမွှေးအမျှင် အမွေးအမှင်
ကဲ အခုဆိုရင် ဒီသတ်ပုံလေးတွေမှာ ကိုယ်က ဘယ်လိုမျိုး သတ်ပုံလေးတွေမှားတတ်ကြောင်း သိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်...
နောက်ထပ်လည်း ဘယ်လိုမျိုးသတ်ပုံမျိုးလေးတွေမှားတတ်ကြောင်း ဆက်လက်ပြီးတင်ပြပါဦးမယ်...
Rose(Mal Nu)
11.3.2025
Keep Reading