Author's Profile Photo

Tapathi (တပသီ)

3/06/2025

"Scholarship အတွက် အရေးပါတဲ့ Test တစ်ခု"

1 min read
Education
General Knowledge
Language
"Scholarship အတွက် အရေးပါတဲ့ Test တစ်ခု"'s photo



Test လေးကတော့ SAT ဖြစ်ပြီး Scholarship လျှောက်မယ့်လူတိုင်းသိထားသင့်တဲ့အတွက် အချိန်ပေးဖတ်ရှုစေချင်ပါတယ်နော်။📝

🎓SAT ဆိုတာ Scholastic Assessment Test ဖြစ်ပါတယ်။

🔭1926ခုနှစ်ကတည်းက College Board organisation က ကျင်းပတဲ့ Standardized Test🎗 ဖြစ်သလို အကျအရှုံးမရှိတဲ့ စာမေးပွဲတစ်ခုလည်းဖြစ်ပါတယ်။

📜အမေရိကန်ရှိ Collage Board အဖွဲ့အစည်းမှ ပိုင်ဆိုင်ပြီး Educational Testing Service 📂မှ စီမံခန့်ခွဲပါတယ်။

နိုင်ငံတော်တော်များများရဲ့ အသိအမှတ်ပြု College admission Test 📃တစ်ခုလည်း ဖြစ်ပါတယ်။

🖇Math English နှစ်ဘာသာပဲ ဖြေဆိုရပြီး
Critical Thinking🔍 💡ကို စစ်ဆေးတဲ့ စာမေးပွဲပါ။

⏱2နာရီကျော် အချိန်အတွင်းမှာပဲ နှစ်ဘာသာလုံးကို ဖြေဆိုရပါမယ်။

English (64 minutes)🕰
MATH (70 minutes)⏰

📐GED Mathနဲ့ အနည်းငယ်ဆင်တူတယ်လို့ ပြောလို့ရပြီး သေချာလေ့လာမယ်ဆိုရင် လွယ်ကူနိုင်ပါတယ်။

Desmos calculator သုံးနည်းကို အဓိကသိထားဖို့ လိုအပ်ပါတယ် အကြောင်းကတော့ ကောင်းစွာဖြေဆိုနိုင်‌ဖို့အတွက်ပဲ ဖြစ်ပါတယ်။🎉

📧အင်္ဂလိပ်ဘာသာကျွမ်းကျင်သူများအတွက်လည်း မခက်ခဲတဲ့ စာမေးပွဲလေး တစ်ခုပါနော်။

တစ်ဘာသာနဲ့တစ်ဘာသာ အတွက် အလယ်မှာ နားချိန်ရရှိပါမယ်။🗒

⏳အချိန် 6 လလောက် လေ့လာနိုင်ပြီး အသက်၁၅နှစ်က စပြီး ဖြေဆိုနိုင်တာကြောင့် Grade 9 သို့မဟုတ် IGCSE O level ပြီးရင် ဖြေဆိုနိုင်ပါပြီ။

အခုအချိန်မှာတော့ Digital Based Test💻 တစ်မျိုးထဲကိုသာ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။

🧭တစ်နှစ်မှာ ၇ ကြိမ် ဖြေဆိုင်နိုင်ပြီး March,May, June, August, October, November, December 🪜စတဲ့လတွေမှာပဲ ဖြစ်ပါတယ်။

ရန်ကုန်၊မန္တလေး နီးစပ်ရာ Exam Centre🚪 ကို သွားရောက်ဖြေဆိုနိုင်ပါတယ်။

Exam Fees 💵

Registration Fees $68
Regional Fees $43
Total $111

Question Format🗓

မေးခွန်းအများစုက Multiple Choice📋 ပုံစံဖြစ်ပြီး
Math Section မှာတော့ Fill in the blanks📄 ပုံစံမျိုးလည်း ရှိနိုင်ပါတယ်။

🗞တစ်ဘာသာအမှတ်ပြည့် 800 ဖြစ်တာကြောင့် နှစ်ဘာသာအတွက်ဆိုင်ရင် စုစုပေါင်း 1600မှတ် ဖြစ်ပါတယ်။

SAT ရမှတ် 1500 ရရှိခဲ့ရင် Top Ranked Universities 🔖တွေကို တက်ရောက်နိုင်မှာပါ။

U.Sရဲ့ကျောင်းတော်တော်များများမှာ တောင်းတဲ့လက်မှတ်တစ်ခုဖြစ်တာကြောင့် U.Sမှာ ပညာသင်ယူချင်တယ်ဆိုရင်တော့ ဖြေဆိုသင့်ပါတယ်။🔑

SATရဲ့ Section 4 ခု📖

-Reading
- Writing and Language
- Math (with and without calculator)
- an option Essay (optionပါတာကြောင့် ‌မဖြေလည်း ရပါတယ် )

Self-Study for YouTube Channels 📌

https://youtube.com/@haydenrhodea761?si=KQiaXb0Hl6NaL3wr

https://youtube.com/@abdurajizu?si=17Eg4VX8GbmcknmD

Books📚

-The Complete Guide to SAT Reading
-The College Panda's SAT Math

SAT ဖြေဆိုဖို့အတွက် Register လုပ်ရန်📍

https://www.collegeboard.org

အသေးစိတ်ထပ်မံသိရှိချင်တယ်ဆိုရင်တော့🔗 https://satsuite.collegeboard.org/sat မှာ ရှာဖွေဖတ်ရှုနိုင်ပါတယ်ရှင်။

#Tapathi

Keep Reading

တက်ညီလက်ညီ ပန်းတိုင်ဆီသို့တွင်းနက်ထဲမှ သားကောင်များကိုကယ်တင်ရန်အပြစ်ဒေါသ (၁၀)ချက်ပညာတတ်ဆိုသည်မှာ အဘယ်နည်း ------------------------------------I Love Me ( Part -1 )ကိုယ်ချင်းစာစိတ် ---------------"Scholarship အတွက် အရေးပါတဲ့ Test တစ်ခု"လဖြစ်ပေါ်ပုံနှင့် ပတ်သက်ပြီး ဖြစ်နိုင်ချေအရှိဆုံး အဆိုကြမ်းများနှင့် သက်သေအချို့လွမ်းမောစရာအတိတ်လင်းယုန်ငှက်ထံမှ အတုယူသင့်သည့် ခေါင်းဆောင်မှုစိတ်ဓာတ်