အဂ္ဂဇော်
(ဖြစ်ရပ်မှန်တစ်ခုအား ပြန်လည်ရေးဖွဲ့ထားပါသည်)
(၁)
"ဝေါ၊ ဝေါ၊ ဝေါ"
မိုးရိပ်မိုးသက်များပါဝင်သည့် လေကတဖြည်းဖြည်းကြမ်းတမ်းလာခဲ့ပြီဖြစ်သည်။ အနောက်တောင်အရပ်မှ အလိပ်လိုက်အုပ်ဖွဲ့ကာတက်လာသည့် တိမ်မည်းညိုလိပ်ကြီးများမှာ တဖြည်းဖြည်းနီးစပြုလာလေသည်။ မိုးဦးကျလေဦးကျမို့ မိုးက သည်းထန်စွာရွာသွန်းတော့မည်မှန်း အောင်ဘုကောင်းကောင်းသိလိုက်သည်။ အောင်ဘုနှင့် ကလေးတစ်သိုက်မှာ နွားကျောင်းရင်း ရွာအပြင်တာလမ်းမပေါ်တွင် ဆော့ကစားနေကြခြင်းဖြစ်သည်။ တောင်ကြီးများအလား ကြီးမားလှသည့် တိမ်တောင်ကြီးများကို ချက်ဖောင်းက လှမ်းကြည့်လိုက်ရင်း
"အောင်ဘုရေ၊ မိုးတွေချတော့မယ်ထင်တယ်ကွ"
"အိုကွာ၊ မိုးပဲရွာမှာပေါ့၊ ရွာပါစေ၊ မိုးရွာတော့ မိုးရေချိုးပြီးပြန်ကြတာပေါ့"
ကလေးတစ်သိုက်မှာ အဆော့မပျက်ကြပေ၊ အသက်ဆယ်နှစ်ဝန်းကျင်ရှိသည့်ကလေးတစ်သိုက်မှာ် ဂျင်ပေါက်ကစားနေကြခြင်းဖြစ်သည်။ ကော်ဖြင့်ပြုလုပ်ထားသည့် ဂျင်လုံးကလေးများကို ချည်ကြိုးဖြင့် ချည်ကာ စည်းဝိုင်းအလယ်တွင်ချထားသည့် ဂျင်အားထိုးပေါက်ခွဲရသည့် ကစားနည်းကိုကစားနေကြလေသည်။ ယောက်ျားလေးများရော၊ မိန်းကလေးများပါ ဂျင်ပေါက်တမ်းကစားနေရာ မကြာခင် တိမ်လိပ်မည်းများက ကောင်းကင်ကိုအုပ်ဆိုင်းသွားကာ တဂျိန်းဂျိန်းနှင့်ထစ်ချုန်းသံပေးတော့မှ ကစားနေသည့်ကလေးများမှာ ရပ်တန့်သွားတော့သည်။
"မိအေးတို့၊ ညိုကြီးတို့ မဆော့တော့ဘူးလား"
ထိုကလေးများကို ဂျင်များကိုပြန်သိမ်းကာ အကျီစဖြင့် ပွတ်သပ်နေလျှက်
"မိုးရွာတော့မယ်ဆိုတော့ မဆော့တော့ဘူး၊ ငါတို့မိုးမိရင်ဖျားမယ်၊ ပြန်တော့မယ်"
အောင်ဘုက ထိုသူများကိုလက်ညှိုးထိုးလျှက်
"ဟား၊၊ ဟား နင်တို့ကတယ်ပျော့တာပဲဟ၊ ငါတို့ဆို မိုးရေထဲဘယ်လောက်သွားသွား၊ ဘယ်လောက်ဆော့ဆော့ ဘာမှကိုမဖြစ်ဘူး"
မိအေးဆိုသည့် မိန်းကလေးက အောင်ဘုကိုမျက်စောင်းထိုးရင်း
"အေးအေး၊ မဖြစ်ရင်လည်း နင်တို့ပဲနေခဲ့၊ ငါတို့ကတော့ ပြန်ပြီ"
ကစားဝိုင်းမှ လူနှစ်ယောက်ထွက်သွားသဖြင့် သူတို့ကစားဝိုင်းကလေးလည်း သိမ်းလိုက်ရတော့လေသည်။ အခြားကလေးများမှာ ရွာထဲသို့ပြေးဝင်သွားကြကာ၊ နွားကျောင်းသားများမှာတော့ စားကျက်ကွင်းတွင်လွှတ်ထားသည့် နွားများကို ပြန်လည်သိမ်းနေကြလေသည်။ အောင်ဘုမှာ အေးအေးလူလူလုပ်နေသဖြင့် ညီဖြစ်သူ ချက်ဖောင်းက
"အကိုကြီး၊ နွားတွေပြန်သိမ်းရအောင်ဗျာ၊ မိုးကိုလည်းကြည့်စမ်းပါအုံး၊ မျက်နှာမဲမိုးကြီးဗျ၊ ဒီအတိုင်းဆို တစ်ညလုံးရွာမယ့်ပုံရှိတယ်"
"ဘာမှပူမနေပါနဲ့ကွာ၊ အဖေကပြောဖူးတယ်မဟုတ်လား၊ လယ်သမားဆိုတာ မိုးကြောက်နေလို့မဖြစ်ဘူးတဲ့ကွ"
အောင်ဘုက ဂျစ်ကန်ကန်နှင့်ပြောရင်း ဂျင်ကိုတစ်ယောက်တည်းဆက်ပေါက်နေလေသည်။ ချက်ဖောင်းလည်းအကိုဖြစ်သူအား မလွန်ဆန်နိုင်သဖြင့် ငေးကြည့်နေမိသည်။
အောင်ဘုနှင့် ချက်ဖောင်းမှာ ညီအကိုအရင်းများဖြစ်ကြသည်။ အောင်ဘုမှာ အသက်ဆယ့်သုံးနှစ်ဝန်းကျင်ဖြစ်ကာ ချက်ဖောင်းမှာတော့ အသက်ဆယ့်တစ်နှစ်ဝန်းကျင်ဖြစ်လေသည်။ သူတို့နှစ်ဦးစလုံးမှာ ရွှေမြောင်းရွာဇာတိဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသတွင်ရှိသည့်် ရွှေမြောင်းရွာကလေးအနီးတွင် စိမ်းစိုသည့်ကွင်းပြင်များက ပတ်ပတ်လည်တည်ရှိသည်။ ရွှေမြောင်းရွာနေ ရွာသူရွာသားများမှာ လယ်ယာလုပ်ငန်းဖြင့်အသက်မွေးကြသည့်အလျှောက် ကျွဲ၊ နွားများကို မွေးမြူထားကြလေသည်။ ထိုအခါ ရွာရှိတောာင်သူလယ်သမား သားသမီးများမှာ နွေကျောင်းပိတ်ရက် အားလပ်သည့်အခါမျိုးတွင် ကျွဲကျောင်း၊ နွားကျောင်းသားများအဖြစ် မိဘကိုကူညီလုပ်ကိုင်ပေးကြရလေသည်။
အချိန်ကာလအားဖြင့် ၂၀၀၀ခုနှစ်ခန့်၊ မေလနောက်ဆုံးပတ်မို့ မုတ်သုန်လေက အားကောင်းစွာဖြင့် မြန်မာပြည်အောက်ပိုင်းဒေသများသို့ တိုးဝင်လျှက်ရှိနေပြီဖြစ်ရာ မိုးက အနည်းငယ်မှန်လာခဲ့ပြီဖြစ်သည်။ ရွှေမြောင်းရွာတွင် အလယ်တန်းကျောင်းရှိသည့်အတွက် ခြောက်လပိုင်းလဆန်းတွင် ကျောင်းများဖွင့်တော့မည်ဖြစ်ရာ အောင်ဘုနှင့် ချက်ဖောင်းတို့မှာ ကျောင်းပြန်တက်ရတော့မည်ဖြစ်သည်။ ညီအကိုနှစ်ယောက်အနက် အောင်ဘုမှာ အနည်းငယ်ဂျစ်ကန်ကန် ဆိုးဆိုးပေပေဖြစ်ကာ ချက်ဖောင်းမှာတော့ အောင်ဘုလောက် မဆိုးတတ်ပေ။
အောင်ဘုဆိုးရသည်ကလည်း အဘွားကြောင့်ပင်ဖြစ်သည်။ အောင်ဘုအား အဘွားဖြစ်သူက သေဆုံးသွားသည့် ဘိုးအေဖြစ်သူက ပြန်လည်ဝင်စားသည်ဟု ထင်မှတ်ကာ အလိုလိုက် ပစားပေးထားလေ့ရှိသောကြောင့် အောင်ဘုမှာ ဆိုးပေနေရခြင်းဖြစ်သည်။ မိဘပြောစကားဆိုစကားကို နားမထောင်ချင်ပေ၊ မိဘက အနည်းငယ်ဆူလိုက်သည်နှင့် အိမ်ပေါ်မှဆင်းသွားကာ ဘွားအေဖြစ်သူအိမ်တွင် သွားရောက်နေထိုင်တတ်လေသည်။ ဘွားအေဖြစ်သူကလည်း အောင်ဘုအားအလွန် အလိုလိုက်မျက်နှာသာပေးသည်။ မြေးချင်းအတူတူ မုန့်ကျွေးလျှင်ပင် အောင်ဘုအား မုန့်ပိုကျွေးတတ်သလို၊ မုန့်ဖိုးပဲဖိုး ပေးလျှင်လည်း အောင်ဘုကသာ ပိုရလေ့ရှိသည်။
(၂)
"ဂျိန်း"
မိုးတိမ်တောင်ကြီးမှ ထစ်ချုန်းသည့်အသံံံများမှာ ပိုမိုကျယ်လောင်လာကာ လျှပ်စီးရောင်များလည်း တဝင်းဝင်း တလက်လက်ဖြစ်လာခဲ့သည်။ ထိုအခါ ချက်ဖောင်းက ကွင်းအတွင်းလွှတ်ကျောင်းထားသည့် နွားနှင့်ကျွဲများကို စိတ်ပူလာခဲ့သည်။
"အကိုကြီး၊ အကိုကြီးမပြန်ချင်နေ၊ ကျွန်တော်ကတော့ နွားတွေလိုက်သိမ်းပြီး ပြန်တော့မယ်၊ ခုကွင်းထဲမှာ ဘယ်သူမှမရှိတော့ဘူး၊ မိုးရွာတော့မယ်ဆိုပြီးတော့ အားလးက ပြန်သွားကြပြီမဟုတ်လား၊ ကျွန်တော်တို့နှစ်ယောက်ပဲ ကျန်ခဲ့တော့တာ"
"မင်းသိမ်းချင် သိမ်းပေါ့ချက်ဖောင်းရာ၊ ငါကတော့ မပြန်ချင်သေးဘူး"
"အကိုကြီးက ဘာလို့ပေကပ်ကပ်ကြီးလုပ်နေတာလဲဗျ"
"ဟ၊ ဘယ်သူရှိရမှာလဲ အမေပေါ့ကွ၊ ငါတို့ကိုဆို အမြဲပြောဆိုနေတာပဲ၊ မနက်ကလည်း ငါ့ကိုဆိုးတယ်ပေတယ်ဆိုပြီးတော့ ကြီးဒေါ်မြတို့နဲ့ပြောဆိုနေတာကွ၊ ငါဖြင့််ရှက်လည်းရှက်၊ ဒေါသလည်းအတော်ထွက်သကွာ၊ ဒါကြောင့် အိမ်ကိုမပြန်သေးတာ၊ မိုးတွေရွာပြီး မိုးချုပ်လို့ ငါတို့ပြန်မလာသေးရင် အမေတော့စိတ်ပူနေမှာကွ၊ ငါ့ကိုမချစ်တဲ့အမေ့ကို နည်းနည်းလောက်ရင်ပူအောင်လုပ်လိုက်အုံးမယ်ဟေ့"
"ဟာဗျာ၊ အကိုကြီးကတော့လုပ်ပြီ၊ အမေက အကိုကြီးကိုချစ်ပါတယ်ဗျ၊ အကိုကြီးကလည်း အကိုကြီးပဲဲကိုး၊ အဖေတို့အမေတို့ ပြောစကားဆိုနားမှမထောင်တာ၊ အဖေကတုတ်နဲဲ့ရွယ်တော့မှ တုတ်ကြောက်လို့နားထောင်တာမဟုတ်လား"
"တော်စမ်းပါကွာ၊ ငါကတော အဖေနဲ့အမေ့ကို တော်တော်အသည်းပေါက်နေတာကြာပြီကွ၊ သားသမီးကို ဘယ်တော့မှ မျက်နှာသာမပေးဘူး၊ အခုလည်း မင်းပြန်ချင်ပြန်၊ ငါကတော့ ဒီမှာနေခဲ့လိုက်အံုံးမယ်၊ မိုးချုပ်လောက်တော့မှ ရွာထဲပြန်ဝင်မယ်ကွာ"
ချက်ဖောင်းတစ်ယောက် ဘာမှမပြောတော့ဘဲ ကွင်းထဲသို့ဆင်းလာခဲ့သည်။ ကွင်းထဲတွင်ရှိသည့် ကျွဲနှင့်နွားများကို တာလမ်းမပေါ်သို့ မောင်းတင်ရသည်။ ထိုသို့မောင်းနေစဉ် ကျွဲနွားများကို ရေတွက်ကြည့်ရာ ကျွဲသုံးကောင်ပျောက်နေသည်ကိုတွေ့လိုက်ရသည်။ ချက်ဖောင်းလည်း ပြာပြာသလဲနှင့်် ထိုကွင်းအနီးတစ်ဝိုက် ချံံုံပင်စပ်ကြားအထိ လိုက်ရှာသော်လည်း ကျွဲသုံးကောင်ကိုမတွေ့ပေ။ ကျွဲပျောက်ပြီဟူသည့် အသိဖြင့် ရင်တထိတ်ထိတ်ဖြစ်နေခဲ့လေသည်။
"အကိုကြီးရေ၊ ပြဿနာတော့တက်ပြီ၊ ကျွဲသုံးကောင်ပျောက်နေတယ်ဗျ"
အောင်ဘုမှာ မျက်မှောင်ကြုတ်လျှက်
"ဟေ၊ ခုကပဲရှိသေးတယ်မဟုတ်လား"
"ရှိသေးတယ်၊ ကျွန်တော်လည်း ဒီကောင်တွေ ချုံထဲဝင်ခွေနေတယ်မှတ်တာ၊ အခု ဘယ်လိုရှာရှာမတွေ့ဘူး"
"မတွေ့တော့လည်း တစ်နေရာရာသွားနေလို့နေမှာပေါ့ကွာ"
"ဟာဗျာ၊ အကိုကြီးကလည်း စကားကိုဒီလိုလွယ်လွယ်မပြောပါနဲ့ အကိုကြီးလည်း အဖေ့အကြောင်းသိရက်နဲ့"
အောင်ဘုလည်း တစ်ချက်စဉ်းစားကာ ခေါင်းညိတ်လိုက်လေသည်။ သူတို့အဖေမှာ အလွန်ဒေါသကြီးသူ၊ လက်ပါတတ်သူတစ်ဦးဖြစ်သည်။ လင်မယားရန်ဖြစ်လျှင် အမေ့ကိုထိုးမြဲ ကြိတ်မြဲဖြစ်သည်။ မချစ်၍တော့မဟုတ်၊ လက်ပါတတ်သည်က သူ့ဝသီဖြစ်သည်။ သားသမီးများကိုဆိုလျှင်လည်း တစ်ခွန်းနှစ်ခွန်းပြောမရလျှင် နီးရာပစ္စည်းကောက်၍ ပေါက်လျှင်ပေါက်တတ်သည်။ ယခုလိုကျွဲပျောက် နွားပျောက်ဆိုလျှင်တော့ ပိုပြီးဆိုးတတ်သည်။
အောင်ဘုတစ်ယောက် တစ်မြန်နှစ်က ကျွဲတစ်ကောင်ပျောက်သည့်အဖြစ်ကို သတိရသွားသည်။ ကျွဲကျောင်းနေစဉ် ကျွဲတစ်ကောင်ပျောက်သွားရာ တစ်နေ့လံံုံးရှာဖွေမတွေ့သဖြင့် အိမ်သို့ပြန်လာခဲ့သည်။ အိမ်သို့ရောက်သည့်အခါတော့ အဖေ့၏ ထားဝယ်ကြိမ်နှစ်ချောင်းပူးစာကို မြည်းစမ်းရတော့သည်။
"ကျွဲတွေပျောက်သွားတာ မသိလိုက်ရအောင် မင်းတို့ကဘာလုပ်နေလို့လဲကွ၊ မင်းတို့ကို ကျွဲကျောင်းနွားကျောင်းဖို့လွှတ်ထားတာ၊ ကစားဖို့လွှတ်ထားတာမဟုတ်ဘူးကွ"
အဖေမှာပြောရင်း အောင်ဘုနှင့် ချက်ဖောင်းတို့အား ကြိမ်ဖြင့်လွှဲလွှဲပြီးရိုက်လေတော့သည်။ အမေကလည်း ဝင်မဆွဲရဲပေ၊ ကြိမ်ဒဏ်ကြောင့် အောင်ဘုတို့ညီအကိုနှစ်ယောက် တင်ပါးရှိအရေပြားများလန်ကာ အနာဖြစ်၍ တစ်ပတ်ခန့်ပင်ဆေးကုရလေသည်။ ချက်ဖောင်းဆိုလျှင် အနာဒဏ်ကြောင့် ဖျားပါဖျားသည်။
"အကိုကြီး၊ မိုးမချုပ်သေးဘူးဆိုတော့၊ ကျွန်တော်တို့ ပြန်ရှာမှဖြစ်မယ်"
အောင်ဘုတစ်ယောက် အတိတ်ကာလသို့ အတွေးလွင့်နေစဉ်မှာပင် ချက်ဖောင်း၏စကားကြောင့်် ပြန်လည်သတိကပ်သွားလေသည်။
"အေးအေး၊ ရှာတာပေါ့ကွာ၊ အရင်တစ်ခါပျောက်တုန်းက ကျွဲတွေက အနောက်ဖက်ခင်တန်းထဲက ကျွဲလူးအိုင်မှာ သွားလူနေကြတာမဟုတ်လား၊ အခုလည်း ဒီကောင်တွေ အဲဒီကိုထွက်သွားတာဖြစ်မယ်"
"ဟုတ်မယ်ဗျ၊ ဒါပေမယ့် အိမ်ကိုအရင်ပြန်ပြီးတော့ လူကြီးတွေနဲ့အတူတူသွားရှာတာ ကောင်းမယ်ထင်တယ်ဗျ"
"ဟ၊ ချက်ဖောင်းရာ၊ အဖေ့ကိုကျွဲပျောက်တယ်လို့ပြောရင် မင်းဘာဖြစ်မယ်ဆိုတာ သိသားနဲ့၊ အချိန်လည်းကောင်းပါသေးတယ်ကွာ၊ တို့နှစ်ယောက် ခင်တန်းဘက်သွားကြရအောင်"
"သွားတော့သွားချင်ပါတယ်၊ ဒါပေမယ့်"
ချက်ဖောင်းကပြောရင်း တစ်ချက်မဲ့လိုက်လေသည်။ ထိုအခါ အောင်ဘုက
"ဒါပေမယ့် သရဲကြောက်တယ်မဟုတ်လား၊ အဲဒီစကားတွေက အလကားစကားတွေပါကွာ၊ တို့ကလေးတွေ ခင်တန်းဘက်ကိုသွားရင် မြွေကိုက်မှာစိုးလို့ လူကြီးတွေက ခြောက်ပြောတာတဲ့ကွ၊ တကယ်တော့ အဲဒီခင်တန်းမှာ ဘာသရဲမှမရှိပါဘူးကွာ"
"ဟုတ်ရဲ့လားအကိုကြီးရာ"
"တကယ်ပါဆိုကွာ၊ ငါအဘွားကို တစ်ခါမေးကြည့်တော့ အဘွားကအဲဒီလိုပြန်ဖြေတယ်ကွ၊ လာစမ်းပါ၊ ကြောက်မနေပါနဲ့၊ အခုအချိန်က သရဲကြောက်နေရမယ့်အချိန်မဟုတ်ဘူး၊ အဖေ့ရဲ့ ထားဝယ်ကြိမ်နှစ်လံုံးပူးကို ကြောက်ရမယ့်အချိန်ကွ"
သို့နှင့် ကျွဲနွားများကို တာလမ်းမနံံံဘေးရှိ သစ်ပင်တစ်ပင်တွင် ချည်နှောင်ထားခဲ့ပြီး ညီအကိုနှစ်ယောက် ခင်တန်းဘက်သို့ လျှောက်လာခဲ့ကြသည်။
(၃)
"ကျုပ်ကတော့ သရဲကြောက်တယ်အကိုကြီးရာ"
"အောင်မယ်လေး၊ သရဲက ငါတို့ကိုပြန်ပြီးကြောက်ရမှာပါကွ၊ နွားကျောင်းသားကို သရဲက ပြန်ကြောက်ရသတဲ့၊ မင်းမကြားဖူးဘူးလား"
"ကြားတော့ ကြားဖူးပါတယ်"
ညီအကိုနှစ်ယောက် ကွင်းကြီးကိုဖြတ်သန်းနေစဉ်မှာပင် မိုးဖွဲများက ကျဆင်းလာပြီဖြစ်သည်။ မိုးဖွဲကျပြီး မကြာမီပင် မုတ်သုန်မိုးက အညိုးတကြီးရွာသွန်းလေတော့သည်။ မိုးစက်မိုးပေါက်များက ခပ်စိတ်စိတ်ရွာသွန်းလေရာ ပတ်ဝန်းကျင်တစ်ခုလုံးပင် မှောင်ကျသွားကာ မှုန်ဝါးသွားသည်။ အနောက်ဖက်ခင်တန်းအား ကွင်းထဲမှကြည့်လျှင် ခပ်ရေးရေးသာမြင်နေရသည်။
ခင်တန်းအတွင်းသို့ဝင်လိုက်စဉ် မိုးမှာပိုပြီးသည်းလာသည်။ ထို့အတူ လေပြင်းများလည်းကျလာကာ သစ်ပင်ကြီးများမှာ ယိမ်းထိုးလှုပ်ရှားနေတော့သည်။ ဝါးပင်များမှာလည်း ဘယ်ညာလှုပ်ယမ်းလျှက်ရှိကာ ဝါးရွက်များမှာ လေထုအတွင်းလွင့်ပျံံနေကြသည်။
"မိုးက ကောင်းလိုက်တာအကိုကြီးရာ ကျုပ်တို့တော့ ခင်တန်းထဲလာခဲ့တာမှားပြီထင်တယ်"
"မမှားပါဘူးကွာ၊ ကျွဲလူးအိုင်ဘက်ကိုသွားကြည့်တာပေါ့၊ လာစမ်းပါ"
သစ်ပင်ကလေးများ ဝန်းရံကာပေါက်နေသည့် နေရာ၏အလယ်တွင် ရွံ့ညွံအိုင်တစ်အိုင်ရှိလေသည်။ ထိုအိုင်ကလေးမှာ နွေအခါရေနည်းချိန်တွင် ကျွဲများရွံံ့လူးကာ ရေစိမ်ကြသည့်် ကျွဲလူးအိုင်တစ်ခုဖြစ်သည်။ ကျွဲလူးအိုင်မရောက်ခင်မှာပင် လေကအတော်ထန်လာလေရာ အောင်ဘုပင် အနည်းငယ်စိုးထိတ်လာသည်။
"ဒီအတိုင်းဆို တို့ဆက်သွားလို့မလွယ်ဘူးကွ၊ မိုးနည်းနည်းစဲတာ စောင့်အုံးမှပဲ"
အနီးပတ်ဝန်းကျင်တွင်လည်း မှောင်မိုက်လျှက်ရှိကာ မှုန်မှုန်ဝါးဝါးသာမြင်တွေ့ရသည်။ အောင်ဘုက သစ်ပင်တစ်ပင်အောက်ခိုနေစဉ်မှာပင် ထိုသစ်ပင်၏ သစ်ကိုင်းကြီးတစ်ကိုင်းက ဖြောင်းခနဲအသံမြည်ကာ ပြုတ်ကျလာလေသည်။ ညီအကိုနှစ်ယောက် အပြေးရှောင်တိမ်းလိုက်သဖြင့်သာ တော်သေးသည်။ သစ်ကိုင်းကြီးမှာ သူတို့နှစ်ယောက်ရပ်နေသည့် နေရာတည့်တည့်သို့ ကျဆင်းလာခြင်းဖြစ်သည်။
"တော်သေးတာပေါ့ အကိုကြီးရာ"
"ဟာ၊ ဟေ့ ချက်ဖောင်း၊ ဟိုးမှာ တဲကလေးတစ်ခုပါလား"
ချက်ဖောင်းလည်း အောင်ဘုပြသည့််နေရာသို့ စူးစိုက်ကြည့်လိုက်ရင်း
"ဟုတ်ပါရဲ့၊ မီးရောင်လည်းရှိတယ်ဆိုတော့ လူတွေရှိလောက်မှာပဲ"
သူတို့ညီအကိုနှစ်ဦးလည်း ထိုတဲကလေးဆီသို့ အပြေးထွက်လာခဲ့ကြသည်။ တဲကလေးမှာ မြေစိုက်ဝါးတဲကလေးဖြစ်ပြီး အမိုးသာရှိကာ အကာအရံမရှိ၊ ဟာလာဟင်းလင်းဖြစ်သည်။ တဲထောင့်တစ်နေရာတွင်တော့ မီးပုံတစ်ခုကိုဖိုထားပြီး တဲအတွင်း သူတို့နှင့်အသက်မတိမ်းမယိမ်းအရွယ် ကလေးသံုံးဦးက ထိုင်နေကြလေသည်။
"ဟေ့ကောင်တွေ၊ ငါတို့မိုးခိုချင်တယ်ကွ"
အောင်ဘုကပြောဆိုလိုက်ပြီးနောက် တဲအတွင်းသို့ဝင်သွားလိုက်သည်။ ထိုကောင်လေးများကိုသေချာကြည့်သောအခါ သူတို့မမြင်ဖူးသည့်လူများဖြစ်ကြသည်။ ကောင်လေးများမှာ သူတို့လို နွားကျောင်းသားကလေးများဖြစ်မည်ထင်သည်။ ချက်ဖောင်းတို့ညီအကိုမှာ မိုးစိုနေသော်လည်း ထိုကောင်ကလေးများမှာတော့ ခြောက်သွေးနေကြသည်။ ချက်ဖောင်းမှာ အလွန်ချမ်းအေးလှသဖြင့် ပဲကြီးရေတွန့်နေသည့်လက်များကို မီးပုံအနီးသို့ တိုးကပ်ကာ မီးလှုံလိုက်သည့်အချိန်မှ အနည်းငယ်နွေးထွေးသွားလေသည်။
အောင်ဘုက ထိုကောင်လေးများကိုကြည့််ရင်း
"ဟေ့ကောင်တွေ၊ မင်းလည်းတို့လို နွားကျောင်းသားတွေပဲလား"
ကောင်လေးသုံးယောက်မှာ ခေါင်းသာညိတ်ပြကြသည်။
"ဒါနဲ့ မင်းတို့ကိုငါမမြင်ဖူးပါလားကွ၊ မင်းတို့က ရွှေမြောင်းရွာက မဟုတ်ဘူးထင်တယ်"
ကောင်လေးသုံးဦးအနက် တစ်ဦးက အနောက်ဘက်တစ်နေရာသို့လက်ညှိုးညွန်ပြသည်။ အောင်ဘုက ထိုကောင်လေးညွှန်ပြသည့် နေရာအားတစ်ချက်ကြည့်လိုက်ကာ
"သြော်၊ အဲဒါဆိုရင်တော့ ကွင်းချောင်းဘက်ကဖြစ်မယ်၊ နေစမ်းပါအုံး မင်းတို့က ဒီကိုဘယ်လိုလုပ်ပြီး ရောက်လာကြတာလဲကွ"
ကောင်လေးသုံးယောက်မှာ ဘာမှပြန်မပြောဘဲ အူတူတူ အတတနှင့်သာ ထိုင်နေကြလေရာ၊ အောင်ဘုမှာ စိတ်မရှည်တော့ပေ။
"မင်းတို့ကောင်တွေကလည်းကွာ စကားပြောတာတောင်မှ ပြန်ဖြေရကောင်းမှန်းမသိဘူး၊ ငထုံတွေပါလား"
မိုးက ရွာကောင်းတုန်းရှိသေးသည်။ အောင်ဘုက ပျင်းလာသည်နှင့် လွယ်အိတ်အတွင်းမှ ဂျင်ကိုထုတ်လိုက်ကာ ဂျင်ကြိုးကိုပတ်နေလေသည်။ ထိုအဖြစ်ကို ကောင်လေးသံုံးယောက်က ပြူးကြောင်ကာကြည့်နေကြသည်။ အောင်ဘုက ဂျင်ကိုလွှဲ၍ မီးဖိုနံံဘေးရှိ မြေပြင်ပေါ်သို့ ပေါက်ချလိုက်ရာ ဂျင်လုံးမှာ မြေတွင်ကျကာ ပတ်ပတ်လည်နေလေသည်။ ထိုအဖြစ်ကိုမြင်သည့်အခါ ကောင်လေးသံံုံးယောက်က လက်ခုပ်သြဘာများတီးကာ အားပေးကြလေသည်။ အောင်ဘုလည်းပြုံးရင်း
"မင်းတို့ ဂျင်ပေါက်တာ မမြင်ဖူးဘူးလားကွ"
ကောင်လေးတစ်ယောက်မှာ ခေါင်းညိတ်ပြလေသည်။
"ဟား၊ ဟား၊ ဒါထက် ထူးဆန်းတာ ပြရအံုံးမယ်"
အောင်ဘုက ဂျင်ကြိုးကိုကိုင်ကာ ဂျင်လံုံးကိုပတ်ခွေလျှက် ဆောင့််ဆွဲလိုက်ရာ ဂျင်မှာ မိုးပေါ်သို့ပျံတက်သွားလေသည်။ ထိုဂျင်ပြန်အကျတွင် အောင်ဘုက သူ့လက်ဝါးကိုဖြန့်ကာ ဂျင်လုံးကိုဖမ်းလိုက်ရာ ဂျင်လုံးမှာ အောင်ဘုလက်ဝါးပေါ်တွင် ဆက်လက်လည်ပတ်နေပြန်သည်။ ကောင်လေးသုံးဦးမှာ ထိုအဖြစ်ကိုအံ့အားသင်စွာဖြင့် ကြည့်နေကြသည်။
"တွေ့ပြီလား၊ အောင်ဘုဆိုတာ ဂျင်မှာဆရာကြီးပါကွ"
ထို့နောက် အောင်ဘုက ဂျင်ကိုပြန်သိမ်းလိုက်ကာ ဂျင်ကြိုးကိုတစ်ခါ ပတ်ခွေလိုက်ပြန်သည်။ ထို့နောက် ဂျင်ကိုလေအတွင်းသို့ ပစ်ပေါက်ကာလှည့်လိုက်သည်။ ထို့နောက်လက်ဝါးကိုဖြန့်ကာ ဂျင်လုံးအားခံယူလိုက်ပြန်သည်။ ကောင်လေးသုံးဦးမှာ မျက်လှည့်ပွဲကြည့်နေရသကဲ့သို့ အထူးအဆန်းဖြစ်နေကာ လက်ခုပ်လက်ဝါးတီးကြပြန်သည်။
"ယောက်ျားလေးဖြစ်ပြီး ဂျင်မပေါက်တတ်ဘူးတဲ့ကွာ၊ မင်းတို့ကောင်တွေ ညံ့ံလိုက်တာ"
အောင်ဘုက ဂျင်ကြိုးကိုရစ်ပတ်နေရင်း
"မင်းတို့ပေါက်ကြည့်မလား"
ကောင်လေးများက ခေါင်းညိတ်ပြလေရာ အောင်ဘုက ဂျင်လးကို ကောင်လေးတစ်ယောက်ထံံပေးလိုက်ရင်း
"ရော့၊ ဟောဒီ ဖန်လီကွင်းကလေးကို လက်သန်းကြားမှာညှပ်၊ ပြီးတော့ ဂျင်ကိုအသာလေးလွှဲပေါက်လိုက်"
ထိုကောင်ကလေးမှာ ဂျင်ကိုပေါက်ထည့်လိုက်ရာ ဂျင်မှာ မလည်ဘဲ မြေကြီးပေါ်သို့ကျသွားကာ တဲအပြင်သို့လိမ့်ထွက်သွားလေသည်။ အောင်ဘုမှာ ညည်းညူလျှက်
"မင်းကွာ၊ တော်တော်ညံ့တဲ့ကောင်ပဲ"
အောင်ဘုက ဂျင်သွားကောက်မည်အလုပ်တွင် ကောင်လေးတစ်ဦးက ဂျင်ကိုလက်တွင်ကိုင်ထားပြီးသားဖြစ်သည်။ အောင်ဘုလည်း ထိုဂျင်ကိုယူလိုက်ကာ ဂျင်ကြိုးကိုပြန်ရစ်ပတ်လိုက်သည်။ ချက်ဖောင်းမှာ တဲအပြင်သို့အကဲခတ်ကြည့်နေလေရာ မကြာမီတွင် လေများငြိမ်သက်သွားသလို မိုးလည်းအတော်စဲသွားပြီး တစ်ပေါက်နှစ်ပေါက်သာကျတော့သည်။
"အကိုကြီး မိုးစဲပြီ၊ ပြန်ရအောင်"
"မင်းအရင်ပြန်နှင့်ကွာ၊ ငါ ဒီလဒူကောင်တွေကို ဂျင်ဘယ်လိုပေါက်ရသလဲဆိုတာ သင်ပေးလိုက်အံုံးမယ်"
"လာပါအကိုကြီးရဲ့၊ ကျွဲတွေသွားရှာရအောင်"
"မင်းကလည်းကွာ၊ နည်းနည်းနေပါအုံးဆို"
"မနေတော့ဘူးဗျာ၊ ကျွဲတွေမတွေ့ရင် ဒုက္ခဗျ"
"သွားကွာ၊ မင်းပဲသွား၊ ငါလိုက်လာပါမယ်ဆို"
"အကိုကြီး သိပ်နောက်မကျနဲ့နော်၊ ကျုပ်တို့နှစ်ယောက် မိုးချုပ်နေတာသိရင် အမေစိတ်ပူနေမှာဗျ"
"ပူပူပေါ့ကွာ၊ သူတို့က ငါ့ကိုချစ်တာမှမဟုတ်တာ"
ချက်ဖောင်းလည်း မတ်တပ်ရပ်လိုက်ပြီး
"ဒါဆို ကျွန်တော် ကျွဲလူးအိုင်ဘက်မှာ သွားရှာလိုက်မယ်၊ ကျွဲတွေ့တော့ အကိုကြီးကိုလာပြန်ခေါ်မယ်"
"အေးအေး၊ ကောင်းသားကွ"
အဆော့မက်သည့် အောင်ဘုမှာ ထိုကလေးသုံးယောက်အား ဂျင်ပေါက်သင်ပေးလျှက် ကျန်နေခဲ့လေသည်။ ချက်ဖောင်းတစ်ယောက် မလှမ်းမကမ်းတွင်ရှိသော ကျွဲလူးအိုင်ထံသို့ထွက်လာခဲ့သည်။ သို့သော် ကျွဲလူးအိုင်တွင် ကျွဲတစ်ကောင်တစ်လေမှပင်ရှိမနေဘဲ တိတ်ဆိတ်နေလေသည်။ ထိုစဉ် မိုးသက်လေများ တိုက်ခတ်လာသဖြင့် ကျွဲလူးအိုင်အနီးရှိ သစ်ပင်များမှာ တဝေါဝေါနှင့်လှုပ်ခတ်လာလေရာ ချက်ဖောင်းလည်း အကိုဖြစ်သူရှိသည့် တဲကလေးဆီသို့အမြန်ပြေးလာခဲ့သည်။
"အကိုကြီး၊ အကိုကြီး၊ ဟာ"
အစောပိုင်းက ထွက်လာခဲ့သည့် တဲကလေးအား ချက်ဖောင်းတစ်ယောက်မတွေ့တော့ပေ၊ သို့နှင့် ထိုနေရာတစ်ဝိုက်တွင်လှည့်ပတ်ရှာသော်လည်း တဲကိုလုံးဝမတွေ့ရတော့ပေ။ အချိန်က တဖြည်းဖြည်းကုန်ဆးလာကာ တောတန်းကလေးအတွင်း အမှောင်ထုက ဖးအုပ်လာပြီဖြစ်သည်။ နောက်ဆုံး ကြံရာမရသည့်အဆး ချက်ဖောင်းတစ်ယောက် ခင်တန်းအတွင်းမှပြေးထွက်လာခဲ့ကာ ကွင်းအတွင်းရောက်လာခဲ့သည်။ ကွင်းစပ်တစ်နေရာတွင် ကျွဲနွားအုပ်ကြီးနှင့်အတူ အဖေနှင့် အမေကိုမြင်တွေ့လိုက်ရသည်။
"အမေ၊ အဖေ"
ချက်ဖောင်းက ဝမ်းသာအားရနှင့် မိဘများထံံံသို့ပြေးလာခဲ့လေသည်။ အနားသို့ရောက်သည်နှင့် ချက်ဖောင်းမှာ အမေဖြစ်သူကို ပွေ့ဖက်လိုက်လေသည်။
"သားလေး၊ မိုးတွေလေတွေကျနေပြီး သားတို့ပြန်မရောက်လာတာနဲ့ အမေတို့ စိတ်ပူလို့ လိုက်လာခဲ့တာ၊ ဒါနဲ့ သားအကိုကြီး အောင်ဘုရောဟင်"
"သားတို့ ကျွဲသုံးကောင်ပျောက်သွားလို့ ခင်တန်းဘက်ကိုသွားတယ်ထင်ပြီး လိုက်ရှာကြတာအမေရ၊ အကိုကြီးက အဲဒီခင်တန်းထဲမှာ ကလေးတွေနဲ့ ဂျင်ပေါက်ရင်း ကျန်နေခဲ့တယ်"
ချက်ဖောင်းပြောသည့်အခါ အဖေဖြစ်သူမှာ အလွန်စိတ်တိုသွားရင်း
"တောက်၊ ငါကတော့ ဒီကောင်တွေကို စိတ်ပူလို့လိုက်လာခဲ့တာ၊ ဒီကောင်က ဂျင်ပေါက်နေတယ်တဲ့လား"
အဖေက နွားရိုက်သည့်ကြိမ်လံံုံးကြီးဆွဲကာ ခင်တန်းအတွင်းသို့ ဝင်သွားလေသည်။ ချက်ဖောင်းနှင့် အမေမှာ ကျွဲနွားများနှင့်အတူ ကွင်းစပ်တွင်စောင့်ကျန်နေခဲ့သည်။ မိုးက နောက်ထပ်တစ်ပြိုက်ရွာလာခဲ့ချေပြီ၊ ချက်ဖောင်းမှာ တစ်ကိုယ်လုံးစိုရွှဲလျှက် ခိုက်ခိုက်တုန်အောင်ချမ်းအေးနေတော့သည်။ အတော်ကြာမှ အဖေက ခင်တန်းထဲကပြန်ထွက်လာသည်။
"ဟေ့ မင်းပြောတော့ မင်းအကိုကြီးက ခင်တန်းထဲမှာဆိုကွာ အခုတော့မရှိပါလား"
"ရှိပါတယ်အဖေရဲဲ့၊ ခင်တန်းထဲမှာ တဲကလေးတစ်လံုံးရှိတယ်၊ အဲဒီတဲကလေးထဲမှာ မီးဖိုပြီးတော့ အကိုကြီးနဲဲ့ကလေးသးယောက်က မီးပံုံဘေးနားမှာ ဂျင်ပေါက်ကစားနေတာပါ"
"တော်စမ်းချက်ဖောင်း၊ မင်းမဟုတ်တာမပြောနဲ့၊ ခင်တန်းထဲမှာ ဘာတဲမှမရှိဘူးကွ"
"မဟုတ်ပါဘူးးအဖေရာ၊ ကျွန်တော်အဖေ့ကိုမညာပါဘူး၊ တကယ်ပါ"
အမေကတော့ အသံံံံတွေတုန်ယင်နေသည်။
"ကဲပါရှင်၊ အခုကျုပ်တို့ နွားတွေကျွဲတွေနဲ့အတူတူ ရွာထဲပြန်ဝင်မယ်၊ ရွာလူကြီးကို အောင်ဘုပျောက်သွားတဲ့အကြောင်း ပြောပြတာပေါ့"
သို့နှင့် သူတို့သားအမိ ကျွဲနွားများကိုခေါ်ဆောင်ကာ အိမ်သို့ပြန်လာခဲ့သည်။ အဖေကတော့ မကျေနပ်သေး၍ ထပ်ရှာမည်ဟုဆိုတာ ခင်တန်းအတွင်းသို့ဝင်သွားလေသည်။ ရွာလူကြီးကို အကျိုးအကြောင်းပြောပြသည့်အခါ ရွာလူကြီးမှာ ယံုံပင်မယုံနိုင်ပေ။
"ပျောက်တယ်ဆိုတော့ ရှာရမှာပေါ့၊ ခင်တန်းထဲဝင်သွားတာ သေချာတယ်မဟုတ်လား ချက်ဖောင်း"
"သေချာပါတယ် သူကြီး"
သို့နှင့် ရွာမှ ဆွေမျိုးသားချင်းများနှင့် ရွာသူရွာသားများအားလံံုံးစုပေါင်းကာ လက်နှိပ်ဓါတ်မီးများ၊ မီးအိမ်များဖြင့် ရှာဖွေရေးစကြလေသည်။ ညခုနစ်နာရီကျော်နေပြီဖြစ်သည်။ ခင်တန်းကလေးမှာ သိပ်မကျယ်လှသည်မို့ ရွာသားအချို့မှာ ခင်တန်းအား အပြင်မှပတ်ကာ ရှာဖွေကြသလို အခြားရွာသားများမှာ ခင်တန်းအတွင်းလိုက်လံံရှာဖွေကြလေသည်။ ချက်ဖောင်းလည်း လိုက်ပါကူညီကာ ရှာဖွေမိသည်။ ခင်တန်းတစ်နေရာရောက်သည့်အခါ ငုတ်တုတ်ထိုင်ချလျှက် ငိုကြွေးနေသည့် အဖေ့ကိုတွေ့ရသည်။
"သူကြီးမရှာနဲ့တော့၊ ကျုပ်ရှာပြီးပြီ၊ ကျုပ်ခင်တန်းထဲမှာ နှံနေအောင်ရှာပြီးပြီ၊ ချက်ဖောင်းပြောတဲ့ တဲကိုရော၊ ကလေးတွေကိုရော အရိပ်အယောင်တောင် မတွေ့ရပါဘူးဗျာ"
အဖေငိုတော့ အမေလည်းငိုတော့သည်။ ရွာသူရွာသားများမှာ အားကျမခံဘဲ ခင်တန်းအား ထပ်မံံရှာဖွေသည်။ ထိုမျှအားမရသေး ခင်တန်းအနီးရှိ ကွင်းကြိုကွင်းကြား၊ ချောင်းကြို ချောင်းကြားများမကျန်ရှာဖွေသော်လည်း အောင်ဘုကိုလုံးဝမတွေ့တော့ပေ။
"ခင်တန်းက သရဲခြောက်တယ်၊ အဲဒါ မှင်စာကလေးတွေက အောင်ဘုကိုခေါ်ထားတာဖြစ်မယ်"
"ဖြစ်နိုင်တယ်၊ မှင်စာကလေးတွေက သူတို့ချစ်လို့ အောင်ဘုကိုခေါ်ထားလိုက်ကြတာများလား"
ရွာထဲတွင် အောင်ဘုနှင့်ပတ်သက်၍ အမျိုးမျိုးပြောဆိုကြလေသည်။ သုံးလေးရက်ခန့် နစပ်အောင်ရှာဖွေပြီးတော့မှ ရွာမှလူများမှာ လက်မြှောက်လိုက်ကြလေသည်။ အောင်ဘုအားသေဆးသွားပြီဟု ထင်မှတ်ယူဆလိုက်ကာ အမျှဝေခြင်း၊ သပိတ်သွပ်ခြင်းများကို ပြုလုပ်ပေးလိုက်ကြသည်။
ချက်ဖောင်းတစ်ယောက် သူ့မျက်စိအရှေ့မှာပင် သူ့အကိုပျောက်ကွယ်သွားသည်ကို မယကြည်နိုင်သေးပေ၊ အောင်ဘုပျောက်ဆးသွားသည့် ကိစ္စမှာလည်း ရွှေမြောင်းရွာတွင် အလွန်ထူးဆန်းအံံံ့သြဖွယ်ကောင်းသည့် ကိစ္စတစ်ခုအဖြစ်ကျန်ရှိနေသေးသည်။ အချို့ကတော့ အောင်ဘုမှာ အိမ်မှထွက်ပြေးသွားခြင်းဖြစ်မည်ဟုဆိုကြသည်။ အချို့ကတော့ အောင်ဘုမှာ ရေနစ်သေဆုံးသွားခြင်းဟု ထင်မြင်ကြပြန်သည်။ အချို့ကကတော့ အောင်ဘုအား မကောင်းဆိုးဝါးများက ဖမ်းစားသည်ဟု ဆိုတတ်ကြသည်။
ပျောက်ဆးသွားသည့် ကျွဲဲသံုံးကောင်အား တစ်ဖက်ရွာတွင် သွားပြန်တွေ့သည်။ ကျွဲများနွားများ၏ သဘာဝမှာ ထိုကဲ့သို့ မိုးဦးကျလေဦးကျချိန်ဆိုလျှင် မွေးဖွားရာအရပ်၊ ချည်တိုင်သို့ ပြန်လည်လွမ်းဆွတ်အောက်မေ့တတ်ကြသည်ဟု ဆိုလေရာ၊ ထိုကျွဲသုံးကောင်မှာလည်း သူတို့မွေးဖွားခဲ့သည့် တစ်ဖက်ရွာရှိ ကျွဲခြံံသို့ ပြန်သွားကြသဖြင့် ကျွဲပိုင်ရှင်က ဖမ်းဆီးပေးထားသည်ဟုဆိုလေသည်။ အောင်ဘုပျောက်သည့်စိတ်ဖြင့် အဘွားဖြစ်သူမှာလည်း ဆုံးပါးသွားလေသည်။
အချိန်က တရွေ့ရွေ့နှင့်် ကုန်ဆံံုံးသွားခဲ့ရာ သးနှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီးဖြစ်သည်။ ချက်ဖောင်းပင် အသက်ဆယ့်လေးနှစ်အရွယ် ရှစ်တန်းကျောင်းသားဖြစ်နေခဲ့ပြီ၊ ရှစ်တန်းအောင်မြင်ပြီးသည်မို့ ရှေ့နှစ်တွင် မြို့ပေါ်တက်ကာ အထက်တန်းပညာဆက်လက်သင်ကြားရမည်ဖြစ်သည်။ နွေကျောင်းပိတ်ရက်ဖြစ်သည်မို့ ချက်ဖောင်းတို့မှာ ထံံုံးစံံအတိုင်း မိဘလက်ငုပ်လက်ရင်း တောင်သူယာအလုပ်ကို ကူညီလုပ်ကိုင်ပေးရသည်။ ချက်ဖောင်းမှာ ကျွဲအုပ်ကြီးတစ်အုပ်ကိုကွင်းစပ်သို့ မောင်းနှင်လာခဲ့သည်။ အဝေးတွင်လှမ်းမြင်နေရသည့် ခင်တန်းကလေးကိုကြည့်ရင်း အကိုဖြစ်သူအောင်ဘုကို သတိရမိသည်။ ချက်ဖောင်းကျွဲကျောင်းတိုင်း အောင်ဘုအဖြစ်ကိုသတိရကာ ဝမ်းနည်း၍မဆံုံးတော့။
အနောက်တောင်အရပ်ဆီမှ အလွန်ကြီးမားသည့် တိမ်သားတိမ်စိုင်ကြီးများမှာ တလိပ်လိပ်ဖြင့်တက်လာခဲ့ချေပြီ၊ မတ်လအလယ်ပိုင်းမို့ မုန်သုန်လေက စတင်ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သည်။ မီးခိုးရောင်တိမ်တိုက်ကြီးများက တရွေ့ရွေ့နီးကပ်လာကြကာ ထစ်ချုန်းသံများမှာလည်း အလွန်ကျယ်လောင်လှပေသည်။ မကြာခင် လေပြင်းများက တဝီဝီတိုက်ခတ်လာခဲ့သည်။
"သြော်၊ အကိုကြီးပျောက်သွားတုန်းကလည်း ဒီလိုမျိုုးအချိန်ပဲနော်"
ချက်ဖောင်းမှာ အသက်ကြီးနေသည့်တိုင် ထိုအဖြစ်ကိုမျက်လုံးထဲကမထွက်ပေ၊ ထိုသို့မိုးများအံုံ့လာတိုင်း အလွန်ကြောက်လန့်လျှက်ရှိကာ ကျွဲများကို ကွင်းထဲမှမောင်းတင်ပြီး ရွာဆီသို့ဦးတည်လိုက်လေသည်။ ထိုအခါ ခင်တန်းအထွက် ကွင်းစပ်တစ်နေရာမှ အော်သံတစ်ချို့ကိုကြားလိုက်ရသည်။
"ဟေး၊ ဟေ့လူ . . ."
ချက်ဖောင်းလည်း ထိုနေရာသို့လှမ်းကြည့်မိလိုက်သည်။ ထိုသူအားတွေ့သည့်အခါ ချက်ဖောင်းတစ်ယောက် အလွန်အံံ့အားသင့်သွားလေသည်။
"ဟင်၊ အကို . . . အကိုကြီး"
ချက်ဖောင်းလည်း ဝမ်းသာအားရဖြင့် ကျွဲပေါ်မှပြေးဆင်းသွားကာ ကွင်းကြီးကိုဖြတ်ပေးလေသည်။ အောင်ဘုမှာ ချက်ဖောင်းအား ထူးဆန်းသည့်မျက်နှာပေးနှင့်ကြည့်လျှက် ခပ်မှန်မှန်သာလမ်းလျှောက်လာသည်။ အနားရောက်သည့်အခါ အောင်ဘုက ချက်ဖောင်းကိုကြည့်လျှက်
်"ဟေ့လူ၊ ကျုပ်ညီ ချက်ဖောင်းကိုတွေ့မိသေးလား"
"ဗျာ၊ အကိုကြီး၊ အကိုကြီး ကျုပ်ကိုမမှတ်မိဘူးလား၊ ကျုုပ်ချက်ဖောင်းလေဗျာ၊ အကိုကြီးညီ ချက်ဖောင်းလေ"
အောင်ဘုက မယံံုံသင်္ကာမျက်ဝန်းများဖြင့် ချက်ဖောင်းအားကြည့်ရင်း
"ဟေ့လူ၊ မဟုတ်တာမပြောနဲ့၊ ချက်ဖောင်းက ခုနကမှ ကျွဲရွာမယ်ဆိုပြီးထွက်သွားတာ၊ ကျုပ်က ဟိုကောင်လေးတွေကို ဂျင်ပေါက်နည်းသင်ပေးနေရင်း ချက်ဖောင်းပြန်မလာလို့ လိုက်ရှာနေတာ"
"ဟာ၊ အကိုကြီးကလည်း ဘယ်လိုပြောလိုက်ပါလိမ့်၊ အကိုကြီး ပျောက်သွားတာ သံုံးနှစ်ရှိပြီဗျ၊ အကိုကြီးအဲဒီကောင်လေးတွေနဲ့ ဂျင်ပေါက်ရင်းပျောက်သွားတာ"
အောင်ဘုမှာ ခေါင်းကုပ်ရင်း
"ဘာသံံုံးနှစ်လဲကွာ၊ မင်းရူးများနေသလားကွ၊ ခဏဆိုမှ ခဏလေးပါ၊ ဆယ်မိနစ်တောင်ကြာမယ်မထင်ပါဘူးကွာ"
ချက်ဖောင်းမှာ အကိုဖြစ်သူ အောင်ဘုကိုဖက်ရင်း ငိုကြွေးတော့သည်။ အချိန်သုံးနှစ်ကြာသွားသော်လည်း အောင်ဘုမှာ ယခင်ရုပ်အတိုင်း၊ ယခင်အသက်အရွယ်အတိုင်းပင်ဖြစ်နေလေသည်။
(၄)
"အဖြစ်မှန်ကတော့ အဲဒါပါပဲဆရာကြီးရယ်၊ ကျွန်မလိမ်လည်းမပြောပါဘူး၊ ညာလည်းမပြောပါဘူး၊ လိမ်ပြောလို့ရှိရင် မိုးကြိုးပစ်ပြီးတော့ သေရပါစေရဲ့"
"အိုဗျာ၊ ဒီလောက်တော့မလိုပါဘူး"
ကျောင်းဆရာဖြစ်သူထံသို့ မိဘတစ်ဦးက လာရောက်ရှင်းပြနေခြင်းဖြစ်သည်။ ထိုမိဘကတော့ အခြားသူမဟုတ်ပေ၊ ချက်ဖောင်းနှင့် အောင်ဘုတို့၏ အမေဖြစ်သည်။ ကျောင်းဆရာကြီးလည်း ခေါင်းညိတ်လျှက်
"အင်းဗျာ၊ ကျုပ်လည်း ဒီရွာကိုရောက်စကတော့ မယုံဘူးဗျ၊ ရွာကလူတွေလည်း ပြောတာများတာနဲ့၊ ဒီကအဒေါ်ကို ခေါ်မေးကြည့်ရတာပဲ၊ ဒါဆိုရင် ချက်ဖောင်းက အောင်ဘုရဲ့ညီပေါ့"
"အစစ်ပေါ့ဆရာကြီးရယ်၊ အောင်ဘုကို မှင်စာလေးတွေက ခင်တန်းထဲမှာ ခေါ်ထားလိုက်တာပါ၊ အောင်ဘုကတော့ ခဏကလေးပဲ ကြာတယ်လို့ထင်ပေမယ့် တကယ်တမ်းကတော့ သုံးနှစ်နီးပါးလောက် ကြာခဲ့တာပါရှင်"
"အေးဗျာ၊ ကျုပ်လည်း ကိုယ်တွေ့ကြုံမှ ယံံုံရတော့တယ်ဗျို့"
မကြာခင် ရွှေမြောင်းရွာအလယ်တန်းကျောင်းရှေ့သို့ နွားလှည်းတစ်စီး ဆိုက်လာလေသည်။ နွားလှည်းပေါ်မှ ကျောင်းဝတ်စုံနှင့်ဆင်းလာသူကတော့ ကျောင်းဆရာဖြစ်ကာ မိမိရွာတွင် တာဝန်ကျနေသည့် ချက်ဖောင်းပင်ဖြစ်သည်။ ချက်ဖောင်းက ကျောင်းအုပ်ဆရာကြီးအား နှုတ်ဆက်လိုက်လေသည်။ ထိုအခိုက် လှည်းမောင်းသူက လှည်းကိုတစ်ချက်လှည့်ကာ ပြန်ထွက်သွားလေသည်။ ထိုလှည်းမောင်းသူကတော အခြားသူမဟုတ်၊ ချက်ဖောင်းထက် အသက်ကြီးသော်လည်း ရုပ်ရည်အားဖြင် နုနယ်နေသည့် ချက်ဖောင်း၏အကို အောင်ဘုပင်ဖြစ်ပါတော့သည်။
ပြီးပါပြီ။
အဂ္ဂဇော်
(ကျောင်းဆရာတစ်ဦးပြောပြသည့် ဖြစ်ရပ်မှန်တစ်ပုဒ်ကို နေရာဒေသနှင့် အမည်များလွှဲကာ ရေးသားထားပါသည်)
Keep Reading