Author's Profile Photo

ရေတမာ မွန်

5/03/2025

မတူကွဲပြားခြားနားနေမှာလား

1 min read
Life Style
Personal Development
Motivation
မတူကွဲပြားခြားနားနေမှာလား's photo

အခြေအနေက ပေးတဲ့အသိကို
အသုံးချနိုင်တဲ့အသိဖြစ်အောင်
ကြိုးစားပြောင်းလဲနိုင်ရမယ်။

အရွယ်ချင်း မတူရင်
နေရာချင်း မတူရင်
အဖြစ်ချင်း မတူရင်
အသိချင်း မတူနိုင်ပါဘူး။
ဒါလေးတော့ နားလည်သင့်တာပေါ့။

စိတ်တူကိုယ်တူ ဖြစ်နိုင်တဲ့
ထုံးစံ မရှိပေမယ့်
ဖြစ်အောင်တော့ နေကြရမှာပဲ။
အဲ့ဒါမှ အရည်အချင်း။

မသင့်တော်တဲ့နေရာကို
ရောက်ခဲ့ရင်တောင်မှ
သင့်တော်တဲ့အကျင့်တွေ
မဖျောက်ပစ်ပါနဲ့။

အပြစ်ကို ကဲ့ရဲ့တာနဲ့
လူကို ကဲ့ရဲ့တာ
ခွဲခွဲခြားခြားသိတတ်ကြရင်
ကဲ့ရဲ့မှုကလွတ်မယ်။

ကိုယ်က မှန်အောင်နေပြီး
သူများ မှားနေရင်လည်း
နားလည်နိုင်ရမယ်။
လူတစ်ယောက်ရဲ့
အားနည်းချက်ကို ကြည့်ပြီး စိတ်ပျက်တတ်သလို
အားသာချက်ကြောင့်လည်း အထင်ကြီးတတ်တယ်။
တဖက်စွန်းရောက်ရင် ဘယ်ဟာမှ မကောင်းဘူး။

တစ်ယောက်နဲ့တစ်ယောက်
စိတ်သဘောထားခြင်း ထပ်တူကျဖို့
မလွယ်ကူနိုင်ပါ အင်မတန်ဖြစ်ခဲတယ်။
တိုက်ဆိုင်မှုအချက်အနည်းငယ်ကို
ပုံသေယူလိူ့မရပါဘူး။

အတူနေသူတွေကို ကိုယ့်ကြောင့်
အလိုကျခြင်း အလိုမကျခြင်း အနည်းငယ်ဟာလည်း
မမျှော်လင့်သင့်တဲ့ တိုက်ဆိုင်မှု့ အမျိုးစားနှစ်ခုဟု
မှတ်ယူတတ်ရမယ်။

စိတ်နဲ့အတူ အတွေးတွေပါ ထပ်တူကျဖိူ့
အင်မတန်ခက်ပါသေးတယ်။
လူတစ်ယောက်ရဲ အရည်အချင်းဆိုတာ
စိတ်တူကိုယ်တူ ထပ်တူမကျနိုင်သော
အနေအထား လွဲနေစဥ်
မတည့်လည်း
ကောင်းစွာတည့်မတ်အောင်
နေတတ်ခြင်းဖြစ်တယ်။

မတူညီရကောင်းလားဆိုပြီး
အဆင်မပြေရခြင်း ဖြစ်ကြောတွေကို
ဆက်ပြီးဆွဲဆန့်နေရင် ပြဿနာမပြီးဆုံးတော့ဘူး။
အဆင်ပြေအောင် စိတ်ရှည်ဇွဲသန်
သည်းခံ၍ ရုန်းကန် ကြိုးစားရမည်သာ။

အပြုသဘောဆောင်သော
သဘောတူညီချက်တွေကို အတူတူရေးချ၍
စည်းကမ်းဟု သတ်မှတ်ရမယ်။
စည်းနဲ့ကမ်းနဲ့နေလျက်
တူတူလေးစားလိုက်နာနေခြင်းဟာ
ကွာဟချက် တွေ အနီးစပ်ဆုံးဖြစ်အောင်လုပ်နေခြင်းတစ်မျိုးပါ။

အရှည်အတိုမတူညီတဲ့လက်ချောင်းလေးတွေကို
ကျစ်ကျစ်လစ်လစ်စုစည်း၍
အားကောင်းတဲ့လက်သီးတစ်လုံးအဖြစ်ဖန်တီးပါ။
ပူးပေါင်းမှုရဲ့စွမ်းအားကို တည်ဆောက်ပါ။

အသိမတူ
အမြင်မတူ
အတွေးမတူ
အခြေနေမတူတိုင်း တိမ်းစရာယိမ်းစရာမလို့ပါဘူး။
ပစ်ပယ်စရာမလိုပါဘူး။
မတူကွဲပြားခြားနားနေလည်း
လိုအပ်သလို စုစည်းအသုံးချတတ်သူတွေဖြစ်နိုင်ကြပါစေ။
အတူယှဥ်တွဲ၍ ကောင်းကျိုးလိုလားသော
ကံလက်ပိုင်ရှင်တွေဖြစ်နိုင်ကြပါစေ။

ရေတမာ မွန်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)