Author's Profile Photo

တင်ညွန့်

4/03/2025

EQ နှင့် IQ ဘာကအရေးကြီးသနည်း

1 min read
Life Style
Education
General Knowledge
EQ နှင့် IQ ဘာကအရေးကြီးသနည်း's photo

IQ ဆိုသည်မှာ (Intelligence Quotient) ကို အတိုကောက်ခေါ်ဆိုခြင်းဖြစ်သည်။

ဉာဏ်ရည်စမ်းသပ်မှု (Intelligence Test) ကိုပြုလုပ်ရာတွင် IQ အဆင့်ဖြင့် တိုင်းတာမှုများပြုနိုင်သည်။ IQ ကို လူတစ်ဦး၏ လေ့လာနိုင်စွမ်းအား၊ စိတ်ကူးကြံဆောင်နိုင်စွမ်း၊ နှိုင်းဆချင့်ချိန်နိုင်စွမ်း၊ နားလည်သဘော ပေါက်နိုင်စွမ်းတို့ဖြင့် တိုင်းတာစစ်ဆေးကာ အမှတ်ပေးလေ့ရှိသည်။ အထူးသဖြင့် လူတစ်ဦး၏ ဉာဏ်ရည်ပိုင်း ဆိုင်ရာ စွမ်းရည်ကို တိုင်းတာရာ၌ IQ နှင့်သတ်မှတ်ကြသည်။

IQ ကို အဆင့်သတ်မှတ်ရာတွင် Wechsler IQ Scale အရ အောက်ပါအတိုင်း ခွဲခြားထားသည်။

130 နှင့်အထက် - အလွန်ထူးချွန် (Very Superior)

120-129 - ထူးချွန်(Superior)

110-119 - ပျမ်းမျှထက်မြင့် (High Average)

90-109 - ပျမ်းမျှ (Average)

80-89 - ပျမ်းမျှအောက် (Low Average)

70-79 - နည်းပါးအဆင့် (Borderline)

70 အောက် - ဉာဏ်ရည်ချို့တဲ့အဆင့် (Extremely Low) ဟူ၍ဖြစ်သည်။

IQ အဆင့် အဘယ်ကြောင့် အရေးကြီးသနည်း။

IQ အဆင့်ကို သတ်မှတ်ရန်အရေးကြီးပါသည်။ IQ သည် စာသင်ကြားရာတွင်လည်းကောင်း၊ လုပ်ငန်းခွင် စွမ်းဆောင်နိုင်မှုကို စစ်ဆေးရန်လည်းကောင်း၊ ပြဿနာဖြေရှင်းနိုင်မှု စွမ်းဆောင်ရည်တို့ကို တိုင်းတာ စစ်ဆေးရန် အတွက်လည်းကောင်း သတ်မှတ်ချက်တစ်ခုအနေဖြင့် အရေးကြီးသည်။

သို့သော်

IQ တစ်ခုတည်းနှင့် လူတစ်ဦး၏ အောင်မြင်မှုကို ဆုံးဖြတ်နိုင်ခြင်းမရှိပါ။

Emotional Intelligence (EQ),

Hard Work,

Creativity,

Social Skills တို့လည်း အရေးကြီးကြောင်း သိထားသင့်ပါသည်။

လူတစ်ယောက် IQ မြင့်ရန်အတွက် စာဖတ်ခြင်း၊ စဉ်းစားတွေးခေါ်ခြင်း၊ ပဟေဠိများကိုဖြေရှင်းခြင်း၊ တီထွင်ဖန်တီးခြင်း စသည့် လေ့ကျင့်မှုများက အထောက်အကူဖြစ်စေနိုင်ပါသည်။

ကျွန်တော် ယခု Emotional Intelligence (EQ) အကြောင်း ပြောပါမည်။

IQ နှင့် EQ ဘာကအရေးကြီးသနည်းဆိုခြင်းကို နှိုင်းချိန်နိုင်ရန်ဖြစ်သည်။

ဖော်ပြထားည့်ပုံတွင် ညာဘက်မှ မိန်းကလေးသည် စစ်ဆေးချက်အရ ကမ္ဘာ့ IQ အမြင့်ဆုံး မိန်းကလေး ဖြစ်ကြောင်း သိရသည်။

ထိုမိန်းကလေး၏ IQ အဆင့်မှာ 198 ဝန်းကျင်ရှိသည်။

အကယ်၍ ထိုမိန်းကလေးသည် အမေရိကန်ပြည်ထောင်စုတွင်သာနေလျှင် သူသည် ထူးချွန်သော စန္ဒရား ပညာရှင်တစ်ဦး သို့မဟုတ် သိပ္ပံပညာရှင်ကြီးတစ်ဦး ဖြစ်လာနိုင်သည်။

သို့သော် ထိုမိန်းကလေးမှာ မွန်ဂိုးလီးယားနိုင်ငံတွင် နေထိုင်နေရသူဖြစ်သည်။ ထို့ကြောင့် စန္ဒရားဆိုသည်ကိုပင် မြင်ဖူးဟန်မရှိ။

ဘယ်ဘက်မှ ကောင်လေးမှာ သူ့မောင်ဖြစ်သည်။ သူ့မောင်လေးကလည်း ခေသူမဟုတ်။ IQ အဆင့် 164 ရှိသူဖြစ်သည်။ သို့သော် သူသည် ကုလားအုတ်တွေကြားတွင် ကြီးပြင်းလာရသူဖြစ်သဖြင့် ကုလားအုတ်တွေ အကြောင်းသာသိသည်။

သူတို့မောင်နှမနှစ်ယောက်သည် အမေရိကတွင်သာ မွေးဖွားကြီးပြင်းခဲ့လျှင် နျူကလီးယား ရူပဗေဒပညာရှင် လောက်တော့ ဖြစ်နိုင်သည်။ သို့သော် IQ အဆင့် 198 ရှိသော မိန်းကလေးသည် အသက် ၁၄ နှစ်အရွယ်တွင် သိုးကျောင်းသားတစ်ယောက်နှင့် အိမ်ထောင်ကျသည်။ သူလည်း ကလေးတွေမွေးကာ၊ သိုးတွေ ကုလားအုတ်တွေကြားတွင် ပျော်မွေ့နေသူဖြစ်သွားသည်။

IQ မြင့်ရန် အရေးကြီးသလား EQ က အရေးကြီးလားဆိုသည့် ပြဿနာကို မွန်ဂိုးလီးယားသူလေးနှင့် ဥပမာ ပေးခြင်းဖြစ်ပါသည်။

ကိုယ်ပိုင်ဉာဏ်ရည် ဉာဏ်စွမ်း မည်မျှရှိသည်ဖြစ်သည် ကိုယ်ကျင်လည်ကြီးပြင်းလာရသည့် ပတ်ဝန်းကျင်က မည်မျှ အရေးကြီးကြောင်း တွက်ဆမိမည်ထင်ပါသည်။

ကျွန်တော်တို့တိုင်းပြည်တွင်လည်း EQ နှင့် IQ မည်မျှမြင့်သည့်ဆိုစေ ကျွန်တော်တို့ ကလေးတွေဘဝမှာ ရင်နာစရာကောင်းလောက်အောင် စက်ရုံတွေ အလုပ်ရုံတွေကြား သူများခိုင်းတာလုပ်ရသည့် အဆင့် လောက်နှင့် ကျေနပ်နေကြရသည်။ နေ့စားဘဝတွေနှင့် ရသမျှတင်းတိမ်၊ အရွယ်မတိုင်မီအိမ်ထောင်ကျ သားတွဲလောင်း၊ သမီးတွဲလောင်းတွေနှင့် ဘဝတွေ လှော်ရင်းနစ်ကာ ရွက်ပုန်းသီးလေးတွေမှာ အချိန်မတိုင်မီ ကြွေလွင့်နေကြရရှာသည်။

အဘယ်ကြောင့်နည်း။

(Ref: What is More Important, EQ or IQ?)

တင်ညွန့်

၄.၃.၂၀၂၅

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်