တင်ညွန့်
ကျွန်တော်တို့ဘဝများတွင် တစ်ခုခုလိုချင်လျှင် တစ်ခုခုကို ပေးဆပ်ခဲ့ရမှုများနှင့် ကြုံတွေ့ရပါလိမ့်မည်။
ဆုံးရှုံးခဲ့ရခြင်းများ၊ စွန့်လွှတ်ခဲ့ရခြင်းများသည် လွတ်မြောက်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
အရာရာကို မြဲအောင်ဆုပ်ကိုင် ဖက်တွယ်ထားရန်ဆိုသည်မှာ မဖြစ်နိုင်ပါ။
လွှတ်ချသင့်သည်များကို လွှတ်ချလိုက်ခြင်းက စစ်မှန်သော ဘဝအနေအထားတစ်ခုဆီကို ဦးတည်သွား နိုင်ကြောင်း သဘောပေါက်ထားလျှင် လောကကြီးသည် သာယာနေမည်သာဖြစ်သည်။
သံသယတွေကို စွန့်လွှတ်လိုက်ပါ … ယုံကြည်မှုကို ရှာတွေ့လာပါလိမ့်မည်။
မျက်ရည်တွေကို သုတ်လိုက်ပါ … မျှော်လင့်ချက်တွေ ပေါ်ထွက်လာမည်။
ကြောက်ရွံမှုတွေကို ပယ်ဖျောက်လိုက်ပါ … သတ္တိရှိရှိ ရှေ့ဆက်လှမ်းဝံ့မည်။
နာကျင်မှုတွေကို တောင့်ခံလိုက်ပါ … ခံစားနေရမှုတွေ သက်သာသွားမည်။
နှောင်ကြိုးတွေကို ဖြတ်တောက်လိုက်ပါ … လွတ်မြောက်မှုကို ရရှိလိမ့်မည်။
အမှောင်ထဲကထွက်လိုက်ပါ … အလင်းထဲတွင် ရှင်းလင်းစွာ လျှောက်လှမ်းနိုင်မည်။
အတ္တတွေကို ဖြေလျှော့လိုက်ပါ … နှိမ့်ချတတ်မှုကို အလိုလိုရလာလိမ့်မည်။
မာနတွေကို ခဝါချလိုက်ပါ … ပကတိအမှန်တရားကို တွေ့လာပါလိမ့်မည်။
အတွေးအခေါ်ဟောင်းတွေကို နောက်မှာထားခဲ့လိုက်ပါ … အသစ်တွေဘက်ကို အလိုလိုရောက်သွားလိမ့်မည်။
အတိတ်တံခါးကို ပိတ်ထားလိုက်ပါ … အနာဂတ်တံခါးက အလိုလိုပွင့်လာလိမ့်မည်။
နားပိတ်ထားလိုက်ပါ … ကိုယ့်အသံကို ကိုယ်ပြန်ကြားရပါလိမ့်မည်။
ရိုးသားလိုက်ပါ … ကြည်လင်ရှင်းလင်းစွာ မြင်ရပါလိမ့်မည်။
အထင်နဲ့ ဆုံးဖြတ်ခြင်းကို ရှောင်လိုက်ပါ … စာနာစိတ်တွေ ရောက်လာပါလိမ့်မည်။
မသေချာသော ဝေဖန်ပြစ်တင်မှုတွေကို ရပ်လိုက်ပါ … ကြင်နာတတ်မှုတွေ ရောက်လာပါလိမ့်မည်။
နောက်ဆုံးတွင်
စွန့်သင့်တာတွေကို စွန့်လိုက်ခြင်းက ဆုံးရှုံးမှုတွေကို မဖြစ်စေရုံမက ပိုပြီး တိုးတက်ဖွံ့ဖြိုးမှုတွေကို ဖြစ်စေကြောင်း တွေ့ရပါလိမ့်မည်။
စွန့်သင့်တာတွေကို စွန့်လိုက်လျှင် အခြားတစ်ယောက်ယောက်အတွက် နေရာတစ်နေရာ ပေးစရာ ရှိလာပါ လိမ့်မည်။
စွန့်သင့်တာတွေကို စွန့်ပြီး မိမိကိုယ်ကို ရှာတွေ့အောင်ကြိုးစားပါ။
ပိုပြီးချမ်းသာသောဘဝ
ပိုပြီးလွတ်လပ်သောဘဝ
ပိုပြီး အဓိပ္ပာယ်ရှိသောဘဝကို ရှာဖွေတွေ့ရှိလာပါလိမ့်မည်။
(Ref: Meaningful Life)
တင်ညွန့်
၃.၃.၂၀၂၅
Keep Reading