Nway Oo Maung
လူတိုင်းကိုယ်ဝါသနာပါရာကိစ္စရပ်တစ်ခု၌ အောင်မြင်ခြင်း(သို့)ဂုဏ်သတင်းကျော်ကြားခြင်းကို အလိုရှိကြတာကတော့ လောကဓမ္မတာဖြစ်၏။ တချို့သောလူတို့မှာ မိမိဝါသနာပါရာ၌ တကယ်တော်ပြီးအရည်အချင်းရှိကြပါ၏၊သို့သော် နာမည်ကျော်ကြားခြင်းမရှိကြ၊ မိမိအရည်အချင်းကို လိုအပ်သောသူတို့ထံသို့အရောက်မပို့နိုင်ခြင်း(သို့)ခေတ်ရေစီးကို နားမလည်ခြင်းလို့ဆိုရမည်ထင်တယ်၊နောက်တစ်မျိုးကတော့ မိမိအရည်းအချင်းကိုတန်ဖိုးထားတတ်သော ရပ်ဝန်းကိုမရှာတတ်ဘူးလို့ ဆိုရမည်၊ (ရပ်ဝန်းကြီးတစ်ခုလုံးက ပျက်စီးနေတာဆိုရင်တော့ တခြားသောရပ်ဝန်းကို ထွက်သွားသင့်လား ပျက်စီးနေသောရပ်ဝန်းကိုပဲ ကောင်းအောင်ပြင်ရမလား စဉ်းစားရမည်ထင်တယ်)လူမှန် နေရာမမှန်တာပေါ့၊ လူတစ်ယောက်အောင်မြင်ခြင်း ကျဆုံးခြင်းဆိုတာက ထိုသူ၏အရည်အချင်းကို လိုအပ်သောနေရာ၌သုံးနိုင်ခြင်း ၊မသုံးနိုင်ခြင်းတို့သည်အရေးပါ၏။ပန်းချီပါရမီပါတဲ့ လူတစ်ယောက်ဟာ ပန်ချီးပဲဆွဲသင့်၏၊ တခြားသော အနုပညာမှာ ဘဝကိုရင်းနှီးမြှုပ်နှံမှုမလုပ်သင့်ဘူး၊ တခြားသောအနုပညာမှာမအောင်မြင်နိုင်ဘူးလားလို့မေးရင် အောင်မြင်နိုင်ပါ၏၊ကြိုးစားရင်အောင်မြင်နိုင်တာပေါ့၊ သို့သော်ပါရမီပါသော အရာမှာကြိုးစာရင် ပိုပြီးအောင်မြင်နိုင်ပြီး သူမတူအောင်ထူချွန်နိုင်၏၊ဆန္ဒနှင့်ဘဝတစ်ထပ်လည်းကျ၏၊ထူးအိမ်သင်၏ အင်တာဗျူးတစ်ခုမှာ "သူ့သမီးကိုကြီးရင်ဘာဖြစ်စေချင်သလဲ"ဟု သတင်းထောက်ကမေးလိုက်၏၊ ထူးအိမ်သင်ပြန်ဖြေတာက"သမီးကို ကျွန်တော့်အတ္တတွေနဲ့ မတည်ဆောက်ချင်ဘူး ၊သူဖြစ်စေချင်တာ ဖြစ်နိုင်တယ်"လို့ ပြန်ဖြေတာကိုအတော်သဘောခွေ့မိတယ်။လူတစ်ဦးတစ်ယောက်၏အရည်အချင်းကို လူမှန်နေရာမှန်သာ အသုံးပြုနိုင်ခဲ့ရင် ၊ထိုသူ၏အရည်းအချင်းသည်လည်းကောင်း၊ ထိုသူ၏ဘဝသည်လည်းကောင်း ၊ တိုးတက်ဖို့လမ်းကြောင်းပေါ်သို့ ရောက်ရှိရန်မလွဲဧကန်ဖြစ်၏။ တစ်ဦးချင်းတိုးတက်မှုမှအစပြု၍၊နိုင်ငံလူဦးရေ အလိုက် လူမှန်နေရာမှန် ဖြစ်ခဲ့ရင်နိုင်ငံတိုးတက်မည်ဖြစ်၏။လက်ရှိကာလက မီးစဉ်ကြည့်ကနေရသောအချိန်ဖြစ်၏။ မိမိအရည်းအချင်းနှင့် မသက်ဆိုင်သောနေရာမှာ လူငယ်တွေ(ဘဝရပ်တည်မှုအရ )အလုပ်လုပ်နေရမည်မှာမလွဲဖြစ်၏။အမျာပြည်သူက ဘဝရပ်တည်ရေးအတွက် လူမှန်နေရာမမှန်လုပ်နေရခြင်းသည် အုပ်ချုပ်သူလူတန်းစားတစ်ရပ်က လူမမှန်နေရာမမှန်လို့ဖြစ်၏။ အမျာပြည်သူသည် စားဝတ်နေရေးအတွက်ကြောင့်လူမှန်နေရာမမှန်ဖြစ်ခြင်းဖြစ်၏။ အုပ်ချူပ်သူလူတန်းစားတစ်ရပ် လူမမှန် နေရာမမှန် ဖြစ်ရခြင်းသည် လောဘ ,အတ္တ,ကြောင့်ဖြစ်၏။ စီးပွါးရေးနားမလည်းသော လူတစ်ယောက် စီးပွါးရေးဆိုင်ရာမှာ အရာရှိဖြစ်ရင်၊ သယံဇာတအကြောင်းနားမလည်သော လူတစ်ယောက် သတ္တုတွင်းဌာနမှာဝန်ကြီးဖြစ်ရင်၊ သက်ဆိုင်ရာဌာနတိုင်းမှာ လူမမှန် နေရာမမှန် တွေများလာရင် နိုင်ငံကမောက်ကမ ဖြစ်ဖို့များလေသည်။ လူတစ်ယောက် အောင်မြင်ပြီး ကြီးပွါးချမ်းသာချင်သော စိတ်ရှိခြင်းသည် ဓမ္မတာဖြစ်၏။မိမိအရည်အချင်းနှင့်ဝါသနာကို အရင်းမခံပဲ မရိုးသားသောနည်းဖြင့် အောင်မြင်ကြီးပွါးချမ်းသာလိုခြင်းသည် ယုတ်ညံ့သောလုပ်ရပ်ဖြစ်၏။ နောင်တမလွန်အတွက်လည်း မကောင်းနိုင်ဘူး၊လိုချင်သောအရာကို ဖြောင့်မတ်ပြီး ကြိုးကြိုးစားစား ရယူချင်းသည်ပင် ဘဝ၏အဓိပ္ပာယ်ဖြစ်၏။ အရည်အချင်းနှင့်ဝါသနာကို အရင်းတည်ပြီး လူမှန်နေရာမှန်သော ဘဝကိုတည်ဆောက်နိုင်ကြပါစေ။
Keep Reading