SarPhat Author
နွေဦးတဲ့
နွေဦးမှာ နာကျင်စရာတွေပါပဲ အကိုရယ်
ဆုံးရှုံးမှုပေါင်းများစွာရယ်
နာကျင်မှုပေါင်းများစွာရယ်
ကံတရားက
ကျွန်တော့်ဘက်မှာမှ ရှိမနေတာ
သေချာခဲ့တဲ့နွေဦးရက်တွေ
ဝေးမှန်းမသိ ဝေးကွာခဲ့တဲ့ မေတ္တာတွေနဲ့
ကျွန်တော့်ဝေလငါးလေး
အိမ်ပြန်မလာတော့ဘူး အကို
ပန်းတွေသာ စုံအောင်ပွင့်နေပေမယ့်
ပျော်ရွှင်မှုကို
လက်ဝယ်မသိမ်းပိုက်နိုင်ခဲ့တဲ့နွေဦးပါ..
ဝမ်းနည်းမှုပေါင်းများစွာကို ပွေ့ပိုက်ရင်း
အဆင်ပြေလာမယ့်
နွေဦးနေ့ရက်တွေကို တမ်းတရင်း
ကျွန်တော့်ဝေလငါးလေး
အိမ်ပြန်လာမယ့်နေ့ရက်တွေကိုလဲ
စောင့်နေဆဲပါ အကို
#SuWai
Keep Reading