Author's Profile Photo

SarPhat Author

3/04/2024

သင်္ကြန်အလွမ်း

1 min read
Culture
Art
18 Again
သင်္ကြန်အလွမ်း's photo


ဒီရက်ပိုင်း ရာသီဥတုက သိသိသာသာ ပူလာသည်။ မတ်လကုန်လို့ ဧပြီထဲရောက်ပါပြီဆိုကတည်းက ပူလိုက်သည့်အပူ။
ရာသီဥတုအပူထက် ရင်ဘက်ထဲကအပူ
များသည့် မိသားစုများစွာလည်း ရိှကြသည်။
ထိုသူတို့ ဒီလိုအပူတွေ ဘယ်လို ကျော်ဖြတ်ကြမှာလည်း တွေးပြီး ပူမိသေးသည်။
ယခင်က ဒီလိုအချိန်ကာလများတွင်
စျေးများ၊ စူပါမားကတ်များတွင် စျေး၀ယ်များနှင့် တရုံးရုံးစည်ကားနေသော်လည်း ယခုတော့ စျေးများလည်း ခြောက်ကပ်။
တချို့လူတွေမှာ တစစတိုးမြှင့်လာသည့် ကုန်စျေးနှုန်းကြောင့်လည်း အပိုကို မသုံးရဲ။ အပျော်ကို မရှာရဲကြ။
သင်္ကြန်သီချင်းသံများပျောက်နေသည့်
သင်္ကြန်အကြိုကာလပါလား။
ယခင်က ဒီလိုသင်္ကြန်အကြိုကာလများတွင်
သင်္ကြန်တွင်း လူကြီးမိဘများကို ကန်တော့ဖွယ်ဆိုင်မှာ အုံးအုံးကြွတ် ရောင်းကောင်းကြသည်။
လူငယ်များကလည်း မဏ္ဍပ်များပြင်ဆင်ပြီး သင်္ကြန်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြသည်။ လူကြီးများကလည်း စတုဒီသာအလှူများအတွက် ကြိုတင်ပြင်ဆင်ပြီး လှူဖွယ်တွေ စုဆောင်းကြ၊ စျေးတွေ၀ယ်ကြသည်။
ယခုတော့ စျေးများလည်း ခြောက်ကပ်။
လူငယ်များလည်း သင်္ကြန်အတွက်ပြင်ဆင်မှုများ ပြုလုပ်နိုင်ပါဦးမည်လား။ လူကြီးမိဘများကလည်း ပူပန်သောကများနှင့်။
ပျော်ရွှင်မှုဟူသည် အတိုင်းအတာတစ်ခု ရိှသည်ဆိုတာ လက်ခံယုံကြည်လာပါပြီ။
ယခင်လို ပြန်မရနိုင်သည့် အချိန်ကာလများ၊ တေးသံများ၊ အမှတ်တရများ၊ ပျော်ရွှင်မှုများနှင့် သင်္ကြန်ကာလများကို လွမ်းမိပါသည်။
သင်္ကြန်သီချင်းသံများညည်းဆိုပြီး ပျော်ရွှင်နေကြတဲ့ သင်္ကြန်ကို မျှော်လင့်နေတဲ့ မိသားစုများ ပြန်လည်ဆုံတွေ့ပြီး ပျော်ရွှင်ရတဲ့နေ့တွေ အမြန်ရောက်ပါစေလို့ တောင်းဆုပြုမိပါသည်။

Keep Reading

အနောက်တိုင်းက ပြဿဒါးအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )​ပျောက်ကွယ်မသွားတဲ့သကြန်အ​မွေအနှစ်များကျောင်းစာကြည့်တိုက် ပညာရေး -----------------------------တန်ဖိုးနားလည်တတ်ပြီလားထပ်ကာထပ်ကာလေ့ကျင့်ခြင်းက ကျွမ်းကျင်စေတယ် ◾နွေရာသီသို့ရောက်လျှင် မိုးရာသီနှင့် ဝေးတော့မည် မဟုတ်နတ်နက္ခတ်၊ လူနက္ခတ်၊ ဘီလူးနက္ခတ်တို့အကြောင်းအို...သင်္ကြန် ဘယ်ခါမုန်းလို့ ဆုံးစေတော့ပိုက်ဆံမစုပါနဲ့ ပိုက်ဆံကို ခိုင်းပါ ◾