Author's Profile Photo

Kaung Set Lwin

13/06/2025

အနောက်တိုင်းက ပြဿဒါး

1 min read
General Knowledge
Culture
History
အနောက်တိုင်းက ပြဿဒါး's photo

ဟိုးရှေးကတည်းက လူတွေဟာ ကံကောင်းခြင်း၊ ကံဆိုးခြင်းအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဘာလုပ်ရင် ဘာဖြစ်တတ်တယ်ဆိုတဲ့ အပြုအမူဆိုင်ရာအယူအဆအစ၊ ဘယ်နေ့မှာဘာဖြစ်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေအဆုံး အယူအဆတွေ ရှိခဲ့ကြတယ်။ ဥပမာ ကျွန်တော်တို့မြန်မာပြက္ခဒိန်မှာဆိုရင် ရက်ရာဇာ၊ ပြဿဒါးဆိုပြီး သတ်မှတ်ထားတာမျိုးပေါ့။ ဒါပေမယ့် ဒီလိုသတ်မှတ်ချက်တွေရှိတာ ကျွန်တော်တို့နိုင်ငံတင်မဟုတ်ပါဘူး။ တိုးတက်နေပြီဖြစ်တဲ့ အနောက်တိုင်းမှာလည်း ကံဆိုးတဲ့နေ့လို့ပြောကြတဲ့ နေ့တစ်နေ့ရှိပါတယ်။ ဒီဆောင်းပါးမှာတော့ အဲဒီနေ့အကြောင်းနဲ့ ဘာကြောင့် အဲလိုပြောကြသလဲဆိုတဲ့ အကြောင်းအရာတွေကို ပြောပြသွားမှာဖြစ်ပါတယ်။



အနောက်တိုင်းမှာတော့ "တကယ်လို့ လတစ်လရဲ့ ၁၃ရက်နေ့ဟာ သောကြာနေ့မှာ ကျရောက်နေတယ်ဆိုရင် အဲဒီနေ့ဟာ ကံဆိုးခြင်းတွေရောက်လာနိုင်တဲ့နေ့" လို့ ယုံကြည်ကြပါတယ်။ အဲဒီနေ့ကို"Friday the 13th" လို့ခေါ်ပြီး တစ်နှစ်မှာ အနည်းဆုံး (၁)ကြိမ်ကနေ အများဆုံး(၃)ကြိမ်လာနိုင်ခြေရှိပါတယ်။ ဒါဆိုရင် ဘာကြောင့်အဲလိုယုံကြည်ကြတာလဲဆိုတာကတော့.......



အနောက်တိုင်းက အယူအဆဖြစ်တဲ့အလျောက် သူ့ရဲ့အကြောင်းအရင်းတစ်ခုက ခရစ်ယာန်ဘာသာသမိုင်းကြောင်းတစ်ခုနဲ့ဆက်စပ်နေပါတယ်။ အဲဒီသမိုင်း​ကြောင်းက​တော့ "Jesusဟာ သူ့ရဲ့နောက်ဆုံးညစာကို တမန်တော်၁၂ယောက်နဲ့အတူ စားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီတမန်တော်ထဲက ၁၃ယောက်မြောက်အဖြစ် ညစာစားပွဲကို လာရောက်ခဲ့တဲ့ တမန်တော်Judasဟာ Jesusကို သစ္စာဖောက်ခဲ့ပြီး အဲဒီလိုသစ္စာ​ဖောက်မှု​ကြောင့်​ Jesusဟာ သောကြာ​နေ့မှာ လက်ဝါးကပ်တိုင်တင်ပြီး အသတ်ခံခဲ့ရပါတယ်"လို့ဆိုပါတယ်။ ဒီလိုသမိုင်းကြောင်းကပဲ ၁၃ရက်နေ့သောကြာဟာ ကံဆိုးပါတယ်ဆိုတဲ့ အယူအဆကို ပေါ်ထွက်လာစေခဲ့တဲ့ အကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။

ဒါကတော့ ၁၃ရော သောကြာပါ ပူးတွဲပါရှိတဲ့အကြောင်းအရာဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခုစီကို ကံဆိုးတယ်လို့ ယူဆတဲ့အကြောင်းအရာတွေလည်း ရှိကြပါတယ်။



၁၇ရာစုနဲ့ ၁၈ရာစုတုန်းက ဗြိတိန်မှာ သောကြာနေ့ကို ကြိုးပေးကွက်မျက်တဲ့နေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး များသောအားဖြင့် သောကြာနေ့နံနက်ခင်းမှာ အပြစ်ရှိတဲ့လူတွေကို ကွက်မျက်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဒီအကြောင်းအရင်းကပဲ သောကြာနေ့ကို ကံဆိုးတဲ့နေ့တစ်နေ့အဖြစ် မြင်လာစေခဲ့ပါတယ်။ အထူးသဖြင့် စီးပွားရေးသမားတွေဆိုရင် သောကြာနေ့မှာ ကိစ္စကြီးကြီးမားမားတွေ မလုပ်ကောင်းဘူးဆိုတဲ့ အယူအဆပါရှိလာပါတယ်။



အနောက်တိုင်းဗေဒင်တစ်ခုဖြစ်တဲ့ တားရော့ဗေဒင်မှာလည်း ကတ်နံပါတ်၁၃ကို သေခြင်းတရားအဖြစ် သရုပ်ဖော်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဗေဒင်ဟောတဲ့အခါမှာလည်း ဒီကတ်ဆွဲမိတဲ့လူတိုင်းကို ကံဆိုးခြင်းအကြောင်းအရာတွေပဲ ဟောမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကတ်နံပါတ်၁၃ဟာ ပြောစရာမလိုပဲ နံပါတ်၁၃ကို ကံဆိုးခြင်းနံပါတ်အဖြစ် သရုပ်ဖော်လျက်ရှိပါတယ်။




ဒါကတော့ အနောက်တိုင်းက ပြဿဒါးနေ့လို့ဆိုရမယ့် ၁၃ရက်သောကြာအကြောင်းကို ၁၃.၆.၂၀၂၅ သောကြာနေ့မှာ ဗဟုသုတဖြစ်ဖွယ်တင်ပြသွားတာဖြစ်ပါတယ်။ နောက်ထပ်သုတဆောင်းပါး​တွေ ဆက်လက်ရေးသားသွားမှာဖြစ်လို့ Followလုပ်ခဲ့ကြပါဦးခင်ဗျာ။



  • 11:45 P.M.

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒီကဗျာလေး ဖတ်ကြည့်ပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းဘာကြောင့် စာပေနိုဘယ်ဆုမရသေးတာလဲစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း