Author's Profile Photo

Khin Cho lwin

23/02/2025

စံပြဟီးရိုး

1 min read
Life Style
Culture
History

အဖေဆိုတာလောကကြီးထဲမှာသူ့ရဲ့ချစ်ခြင်းမေတ္တာကိုတော်ရုံတန် ရုံထုတ်မပြတတ်တဲ့လူသားတစ်ဦးပဲ့။
ဒါပေမယ့်လေ။ ဒါပေမယ့် အခုအရွယ်အထိ အိပ်ပျော်နေတဲ့အချိန်ဆိုစောင်မရှိရင်စောင်လာခြုံပေးပြီးခြင်လာကြည့်ပေးသေးတယ်။ ထမင်းဝိုင်းမှာကျွန်မကြိုက်တဲ့စားစရာတွေများ နဲနဲပဲ့ရှိပြီးကျွန်မမစားရသေးရင် နင့်အစ်မအတွက်ဆိုပြီးအမြဲဖယ်ပေးလေ့ရှိတယ်။သားချစ်မညီမြေးချစ်မလှဆိုတာမျိုးမဟုတ်ဘဲအစားကြီးပြီးလောဘကြီးတဲ့မောင်တွေဆီကနေအမြဲချန်ယူပေးတတ်တယ်။သမီးတစ်ယောက်ပဲ့ရှိလို့လားမသိဘူး။တစ်ခုခုကြောင့်များမျက်နှာမှာဒဏ်ရာရမှာကိုအရမ်းစိတ်ပူတာ။တစ်နေရာရာကိုတိုင်စီနဲ့သွားရင်သူစိတ်ချတဲ့တိုင်စီကိုသာငှားပေးတယ်။သူကိုယ်တိုင်မောင်းရင်လည်းအနောက်မှာသမီးပါနေရင်ဖြေးဖြေးလေးသတိမောင်းတယ်။မတော်တဆပြန်ကုလို့မရတော့တဲ့ဒက်ရာတွေအထူးသဖြင့်မျက်နှာကမပျောက်တတ်တဲ့အမာရွတ်တွေများရခဲ့ရင် ယောက်ကျားတွေမကြိုက်တော့ဘူးဆိုပြီးအတွေးလွန်စိတ်ပူရှာတယ်။ငယ်ငယ်ထမင်းစားပြီးတိုင်းအဖေသွားကြားထိုးရင်လိုက်ထိုးတတ်တယ်။အဲတော့အဖေကသူ့လိုလိုက်လုပ်တဲ့အချိန်းဆူတော့တာပဲ့။ခုကတည်းကသွားကျဲလိမ့်ဆိုပြီး။အဲတုန်းကတော့ဘာဆိုင်လည်းအဖေရယ် သွားကျဲလည်းဘာဖြစ်ဆိုပြီးပြန်ပြောဖြစ်တယ်။အဲလိုပြောတိုင်းလည်းအဖေကအဲလိုဆိုမလှတော့ဘူးပေါ့။မိန်းကလေးဆိုတာသွားလည်းလှရတယ်ဆိုပြီး။အခုတော့အဲတုန်းကအဖေဘာကြောင့်တားမြစ်လဲဆိုသိသွားပါပြီ။ခုဆိုကျွန်မသွားတွေကသွားကျဲပြီးသွားကျောက်တွေပေါက်နေပြီ။

အဝေးမှာနေတဲ့သမီးကအရွယ်ရောက်ပြီးအသက်ပြည့်နေပြီဆိုတောင်မှညရေးညတာအပြင်ထွက်တာကိုအမြဲတားနေပြီး မြို့ကလူပေါင်းစုံနေတာဘယ်သူ့ကိုမှယုံလို့မရဘူးတဲ့။မဟုတ်ကဟုတ်ကအဓမ္မကျင့်ရမှာကိုတွေးပြီးစိတ်အပူဆုံးတဲ့။ကျွန်မအဖေဘယ်လောက်ထိမရှိရှာတွေးလဲဆိုတာ။
အမေကများကိုယ်သုံးဖို့ပိုက်ဆံပို့ရင်မင်းသမီးဒီလောက်နဲ့လောက်ပါ့မလား သူ့အသုံးမျိုးနဲ့တဲ့။
အဲလိုစကားတွေကြားရတဲ့အချိန်မျိုးတွေဆိုအဖေရဲ့ကျေးဇူးနဲ့မေတ္တာတရားတွေကိုပိုသိလာပြီးဝမ်းနည်းဝမ်းသာလည်းဖြစ်ရတယ်။ ကိုယ်ဟာအင်မတန်ပိုက်ဆံအသုံးကြမ်းတာ ကိုယ့်ဘာသာကိုယ်သိပေမယ့် ကိုယ့်လိုအသုံးမျိုးကိုအဖေဆိုတဲ့ယောက်ကျားတစ်ယောက်တည်းကသာရှာပေးနိုင်တာမြေကြီးလက်ခတ်ရင်လွဲချင်လွဲအုံးလိမ့်မယ်။
အမေကဖုန်းဆက်ရင် အမေ့လိုဘညာကွိကွတွေမမေးတတ်ဘဲပိုက်ဆံဘယ်လောက်ကျန်သေးလဲ။လောက်သေးရဲ့လားလို့ပဲ့ကိုယ့်အတွက်အရေးကြီးဆုံးလို့ထင်တဲ့အရာကို ပိတ်မေးတာမျိုး။လိုသေးလားလိုတဲ့တော့မမေးပါဘူး။ဘာလို့ဆိုသူ့သမီးကအမြဲလိုတာကိုသူသိနေတယ်။
အဖေအမြဲဆုံးမတဲ့စကားရှိတယ်။ မိဘရဲ့အဝေးမှာနေရင်ပိုက်ဆံဆိုတာမိဘပါပဲ့တဲ့။မိဘလိုပဲ့အားကိုးပြီးနေရတယ်တဲ့။ပိုက်ဆံကနင်လုပ်ချင်တာအားလုံးကိုလုပ်ပေးလိမ့်မယ်တဲ့။ဒါကြောင့် ပိုက်ဆံကိုချွေတာသုံးပါတဲ့။ ဟော...ပိုက်ဆံချွေတာခိုင်းတာများ ဥပမာတွေပေးနေသေးတယ်အဖေရယ်လို့ပြောတော့နင့်အကြောင်းငါသိလို့လေတဲ့။ဘယ်လောက်တောင်ချစ်စရာကောင်းလိုက်တဲ့ကျွန်မအဖေလဲ။
ကြိုက်သလိုနေထိုင်ခွင့်ရတာမိဘရဲ့အိမ်ဖြစ်သလိုဆိုးနွဲ့လို့ရတဲ့ရင်ခွင်ဟာလည်းမိဘရင်ခွင်ပါပဲ့။၅သောင်းတောင်းရင်၁သိန်းပို့တယ်။၁သိန်းတောင်းရင်၂သိန်းပို့တယ်။ပြီးတော့ ဒီလိုအပိုနဲ့ပေးတာဟာအဖေတို့အမေတို့မှာရှိလွန်းလို့ချမ်းသာလွန်းလို့မဟုတ်ဘူးတဲ့။ လူများနေရာမှာငါ့သမီးမျက်နှာငယ်နေရမှာဆိုးလိုတဲ့။၅သောင်းလိုလို့၅သောင်းတောင်းတာ၅သောင်းအတိပေးလိုက်နင်ဘာနဲ့သွားသုံးမလဲတဲ့။ခုချိန်ထိအဖေနဲ့အမေ့အတွက်ဖြစ်ဖြစ်မြောက်မြောက်ဘာတစ်ခုမှမလုပ်ပေးနိုင်သေးတော့အဲချိန်မျိုးဆိုအားလည်းနာသလိုဝမ်းလည်းနည်းမိတယ်။
အဖေတို့အမေတို့ဆီကလက်ဖြန့်တောင်းထားသမျှတစ်နေ့ပုံအောပြီးပြန်ပေးနိုင်အောင်သမီးအကောင်းဆုံးကြိုးစားနေပါတယ်အဖေနဲ့အမေ။

Keep Reading

အာရုံစူးစိုက်မှုစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်