Author's Profile Photo

ယဥ်သီရိလှိုင်(ဆောင်း)

21/02/2025

ငရဲတမျှ

3 mins read
Art
Novel
Creative
ငရဲတမျှ's photo

ငရဲတမျှ
အပိုင်း ၁

ဒီနေ့က သော်နဲ့အတူလက်ထပ်ပြီး သူ့မိဘအိမ်မှာလိုက်နေရမယ့်နေပေါ့ ကျွန်မကတကောင်ကြွက်မိဘမဲ့မို့ မျက်နှာငယ်ရပေမယ့် သော်ကအရာရာတိုင်းမှာလိုက်ကာကွယ်ပေးပြီးဂရုစိုက်ပေးလို့ ကျွန်မဘဝဟာပျော်စရာအတိပါဘဲ သူနဲ့ကျွန်မ အထက်တန်းစတက်ခါစ ၉တန်းနှစ်မှာစတွေ့ခဲ့တာ ကျွန်မတို့ဂေဟာက ၁၀တန်းအထိဘဲထားပေးနိုင်တာမို့ ၁၀တန်းအထိသာတက်ခဲ့ရတယ် သူနဲ့လည်း၁၀တန်းပြီးတော့ဆက်မတွေ့ဖြစ်ကြတော့ဘူး ဂေဟာကနေထွက်လာခဲ့ပြီးအဆက်သွယ်ပြတ်သွားခဲ့ပေမယ့် သူဘွဲ့ယူပြီးလို့ အလုပ်လုပ်နေတဲ့ချိန်ပြန်တွေ့ခဲ့ကြတယ် ကျွန်မကတော့ cosmetic ရောင်းတဲ့ဆိုင်မှာအလုပ်ဝင်နေတဲ့အချိန်ပေါ့ ကျွန်မတို့ပြန်တွေ့တော့အရင်လိုဆက်ဆံရေးကို ပြန်ဆက်ခဲ့ကြတယ် ဒီနေ့ကတော့ အခိုင်မာဆုံးသံယောဇဥ်ကြိုးတခုတည်ဆောက်တဲ့နေ့တနေ့လေးပေါ့
"အသက် ဘာဖြစ်လို့လဲ ကြောက်လို့လား "
"မဟုတ်ပါဘူး ဒီတိုင်း "
"မကြောက်နဲ့နော် ကိုယ်ရှိတယ် အမေကအသက်ကိုချစ်မှာပါကွာ မမကလည်းသဘောကောင်းပါတယ်"
" သော်ရယ် အသက်မကြောက်ပါဘူး မကြောက်လို့ဘဲခုချိန်ထိတယောက်တည်းနေလာခဲ့တာပေါ့ "
"အသက် ကိုဘာပြောထားလဲအရင်ကအကြောင်းတွေမေ့လိုက်တော့ အခုချိန်မှာကိုယ်အသက်ဘေးမှာရှိတယ် ဘာမှအားငယ်စရာမလိုဘူး "
သော်ကအလုပ်နဲ့အပြောညီအောင်သက်သေပြခဲ့ပါတယ် သော့်အမေရောအမရောကကျွန်မကိုချစ်ကြတယ် ကျွန်မကိုသားသမီးအရင်းလိုချစ်ပေးဂရုစိုက်ပေးတာကြောင့်စိတ်ညစ်စရာဆိုတာမရှိသလောက်ပါဘဲ သော်အဖေနဲ့အမေနဲ့ကကွာရှင်းထားကြတာမို့သက်သက်ဆီနေနေကြတာ သော့်အဖေကအခုနောက်အိမ်ထောင်နဲ့ကလေးနဲ့ ကနေဒါမှာနေနေကြတယ်တဲ့ ကိုယ်ကိုယ်တိုင်ရဲ့ဝင်ငွေဆိုတာမျိုးကိုလိုချင်တာကြောင့် သော်တားတဲ့ကြားကကျွန်မအလုပ်ဆက်လုပ်ခဲ့တယ် သော်ကကျွန်မရဲ့ဆုံးဖြတ်ချက်တိုင်းကိုနားလည်ပေးတာကြောင့်အရာရာအဆင်​ပြေခဲ့တယ် အဲ့ရက်တွေမတိုင်ခင်အထိကျွန်မရဲ့ဘဝဟာအဆင်ပြေခဲ့တာပေါ့
"အသက် ကိုယ်ပြောစရာရှိတယ် "
"ပြောပါရှင်"
"ဒီ....အခုကိုယ်လုပ်နေတဲ့အလုပ်က တိုးတက်လာမှာမရှိဘူး ဟုတ်တယ်မလား "
"ဘာကိုလဲ သော်ဘာပြောချင်တာလဲ"
"ကိုဝင်းမြင့်ကိုသိတယ်မလား "
"အင်း "
"သူအခု sea manလုပ်နေတာ တက်သွားတာမကြာသေးဘူး ၅လလောက်ဘဲရှိသေးတယ် ကားဝယ်တော့မှာအသက်ရဲ့"
"သော်ပြောချင်တာ sea manလုပ်မယ်ပေါ့ ဟုတ်လား "
"ဒီလိုလေကွာ ကိုယ်ကအကြာကြီးမရွေးပါဘူး ၆လတက်ပြီး၃လဆင်း အဲ့တာရွေးထားတယ် သူဌေးကလည်းသဘောကောင်းတယ်အသက်ရဲ့ အဆင်ပြေတယ်လေကွာ ကိုယ်တို့အတွက်အိမ်လေးတလုံးဝယ်နိုင်ရင်ကိုယ်မလုပ်တော့ဘူး "
"သော်သွားရင် အသက်တယောက်တည်းပေါ့ "
"အမေတို့ရှိတယ်လေကွာ ကိုယ်နေ့တိုင်းဖုန်းဆက်မယ် နော်အသက်ကလေးကလိမ္မာပါတယ်"
နောက်ဆုံးတော့လည်း ကျွန်မသဘောတူလိုက်ရပါတယ် သော့်အမေတွေကလည်းတကယ်သဘောကောင်းတာဘဲလေ အဆင်ပြေမှာပါ
။။။။။။။။။။။
ကျွန်မအထင်အတိုင်းတော့မဟုတ်ခဲ့ပါဘူး သော်ထွက်သွားပြီး၃လလောက်ကြာတော့ အမေကကျွန်မကိုအလုပ်ထွက်ဖို့ပြောတယ် သော်လည်းပိုက်ဆံပို့ပေးနေတာကြောင့် ပိုက်ဆံကိုစိတ်မပူဖို့နဲ့ အိမ်မှာဘဲနေဖို့ပြောလာတယ်
"အမေ အသက်အလုပ်လုပ်တာက ကိုယ့်ဘာသာစိတ်လုံချင်လို့ပါ သော့်လစာကိုစားနေပေမယ့် အသက်ဘာသာအလုပ်လုပ်ပြီးပိုက်ဆံစုချင်တာ"
"အေးပါ သမီးသဘောပါဘဲ ဒါမယ့် ပြန်လာရင်တော့အိမ်အလုပ်နဲနဲလောက်ဝိုင်းလုပ်ပေးနော် သမီးအမလည်းပင်ပန်းနေတော့"
"ဟုတ်ကဲ့ပါအမေ"
ထိုနေ့ကစ အလုပ်မသွားခင်မနက်စောစောလေးထပြီး ထမင်းအိုးတည်တာနဲ့ အိမ်တအိမ်လုံးနဲ့အခန်းတွေကိုသန့်ရှင်းရေးလုပ်ပေးတယ် ပြန်လာရင် ဘေစင်မှာပန်းကန်တွေပုံနေတတ်ပြီး အဝတ်ခြင်းတောင်းထဲမှာလည်း အဝတ်တွေပုံနေတတ်တယ် ထိုအလုပ်တွေက ချွေးမတယောက်ရဲ့တာဝန်ဟုသာမှတ်ယူခဲ့ပါသည်...
တရက်မှာတော့
ကျွန်မအလုပ်ပိတ်ရက်ဖြစ်တာကြောင့် လျှော်စရာအဝတ်တွေစုပြီး စိမ်နေတုန်း ခြံထဲမိန်းမတယောက်ဝင်လာတာတွေ့လိုက်ရသည် အိမ်ကိုမကြာခနဧည်သည်လာတတ်ပြီး ထိုလာတဲ့အချိန်သာတွေ့ရတာကြောင့်လူတွေကိုလည်းကျွန်မ မမှတ်မိပါဘူး ကျွန်မတို့အိမ်က ခြံအကျယ်ကြီးနဲ့လုံးချင်းအိမ်ဖြစ်ပြီး အပေါ်မှာထပ်ခိုးလေးပါတယ် အခန်းတွေလည်းအတော်များတယ် အခန်းအားလုံးပေါင်း၅ခန်းရှိပြီးဧည့်ခန်းကသက်သက် ရေချိုးခန်းအိမ်သာနဲ့မီးဖိုချောင်ကတွဲထားတယ်ကျွန်မတို့နှစ်ယောက်ကတစ်ခန်း အမေနဲ့အမကအတူတစ်ခန်း နောက်တစ်ခန်းကဧည့်သည်ထားဖို့နဲ့ စတိုခန်းတခန်း ကျန်တဲ့တစ်ခန်းကတော့သော့ပိတ်ထားတယ် ဘာအခန်းလဲတော့ကျွန်မလဲမမေးမိအရင်ခေတ်တုန်းကအိမ်တွေလိုမျိုးဘဲ အခန်းကလဲတစ်ခန်းတစ်ခန်းဆိုတော်တော်ကျယ်တယ် အသံလည်းလုံပြီး အပြင်ကအသံကြားရဖို့ခက်တယ် ခြံထဲမှာအဝီစိတွင်းတူးထားတာကြောင့်ထိုနေရာမှာအဝတ်လျှော်ခုံထားပေးထားတယ် အဝီစိတွင်းကခြံထဲဝင်လာချင်းမှာရှိတာကြောင့် အိမ်နဲ့အလှမ်းနဲနဲဝေးတယ် ခြေလှမ်းနှစ်ဆယ်လောက်လျှောက်ရမယ်ထင်တယ်
/// ကျွန်မအဝတ်စိမ်ပြီး မီးပူတိုက်ဖို့အိမ်ထဲဝင်တော့ ထိုမိန်းမက ဧည့်ခန်းမှာအမေနဲ့စကားပြောနေတယ်
"သမီးလာ မိတ်ဆက်ပေးမယ် ဒါ ဒေါ်ထားထားတဲ့ မှတ်ထားနော် အိမ်ပွဲစားလေ သူဌေးဘဲ"
"ဟယ်မဟုတ်တာ မဝင်းကတော့ သူကမှသူဌေးပါနော် ဒါချွေးမလေးလား အလှလေးပါလား သမီး နောက်အိမ်ဝယ်အိမ်ငှားဒေါ်လေးကိုခေါ်နော် ရော့ဒါဒေါ်လေးဖုန်း "
သူ့ရဲ့ cardကိုပေးလာပြီး အမေနဲ့ဆက်စကားပြောနေလေသည် ထိုမိန်းမက စကားပြောနေရင်းသူ့လက်စွပ်ကိုခနခနပွတ်တိုက်နေတာကြောင့်ကျွန်မကြည့်မိတော့ လက်ညှိုးမှာစိန်အလုံးများများနဲ့ရွှေလက်စွပ်ကိုရံထားတာဖြစ်သည် တခြားလက်များမှာလည်းလက်စွပ်ကိုယ်စီရှိကြပြီး အတော်လေးငွေရှိပုံရသည် သေချာကြည့်တော့ဆွဲကြိုးလက်ကောက်နားကပ်စုံနေအောင်ဝတ်ထားသည် သဘောကကြွားသည်ဟုခေါ်လေမလား ပုံမှန်ဝတ်နေကျလား မိန်းမတို့သဘာဝမို့ကျွန်မနားလည်ပါသည် ကျွန်မပြုံးပြရင်း မီးပူတိုက်ဖို့ကျွန်မအခန်းထဲဝင်ခဲ့လိုက်တယ် မီးပူတိုက်ပြီးလို့စိမ်ထားတဲ့အဝတ်တွေလျှော်ရန်အိမ်ပြင်ထွက်တော့ ဧည့်ခန်းမှာမရှိတော့ ပြန်သွားသည်ထင်သည် ကျွန်မအိမ်ပြင်ရောက်တော့ အမေကလှမ်းခေါ်သည်
"သမီး "
"ရှင်အမေ "
"အမေ့ကို စျေးထဲမှာကန်ဇွန်းရွက်သွားဝယ်ပေးပါလား၂စီးလောက် ချဥ်ရည်ချက်ချင်လို့ "
"ဟို သမီးမနေ့ကဝယ်ထားသေးတယ် ကုန်သွားပြီလား"
"အေး အမြန်သွား ပြီးရင်စျေးထဲကအပ်ချုပ်ဆိုင်ဖွင့်လားကြည့်ခဲ့ဦး သွားတော့"
အမေကကျွန်မကိုအတင်းနှင်ထုတ်နေသလိုထင်ရသည် အမေ့ကိုကြည့်မိတော့ ချွေးတွေထွက်နေပြီး ဆံပင်တွေခါတိုင်းထက်ပွနေသည် ကျွန်မဘာမှမမေးတော့ဘဲ အပြင်သာထွက်လာခဲ့သည် စျေးဝယ်သည်သာပြောသည် ခြင်းတောင်းမေ့ခဲ့တာကြောင့်လမ်းတဝက်မရောက်တရောက်ကနေအိမ်ပြန်လာရပြန်ရော အိမ်ထဲဝင်ဝင်ချင်း အော်သံလိုမျိုးကြားလိုက်ရတယ် အသံကြားရာလိုက်လေတော့အမေ့အခန်းကဖြစ်သည် ကျွန်မစိတ်ပူသွားမိပြီးတံခါးခေါက်ကာမေးတော့
"အမေ အမေ ဘာဖြစ်လို့လဲ အမေ"
"မဖြစ်ဘူး ပြန်လာတာလားအသက် မြန်လိုက်တာ"
"ခြင်းတောင်းကျန်ခဲ့လို့အမေ အသံကြားလိုက်လို့ အော်သံလိုမျိုး အမေအဆင်ပြေရဲ့လား "
အမေကတံခါးမဖွင့်ဘဲစကားပြောနေတာကြောင့်ကျွန်မဆက်မမေးမိတော့
"ဘာသံမှမကြားရပါဘူး ကန်ဇွန်းရွက်ကိုပိုဝယ်ခဲ့နော်သိလားသမီး "
"ဟုတ်ကဲ့"
ကျွန်မစိတ်ထဲစနိုးစနောင့်ဖြစ်နေပေမယ့် ဘာမှဆက်မပြောဖြစ်တော့....
ထိုနေ့အပြီး ထုံးစံအတိုင်းအဲ့ဒီမိန်းမကိုမတွေ့တော့ တခြားဧည်သည်တွေသာလာသည် ဘာရယ်မသိပေမယ့်ကျွန်မစိတ်ထဲတခုခုကျန်နေတော့သည်
.............
Hello စာဖတ်သူလေးတို့ရေ ဒီတခေါက်ဝတ္ထုတိုလေးက ပရလောကဇာတ်လမ်းတော့မဟုတ်ပါဘူးရှင် Psychological ဝတ္ထုပုံစံ ပုံဖော်ထားတာမို့ ဖတ်ရအဆင်မပြေရင်ကြိုတင်တောင်းပန်ပါတယ်နော် ဒါဆိုအားလုံးဘဲနောက်အပိုင်းတွေမှာတွေ့ကြရအောင်နော်

အပိုင်း ၂ မနက်တင်ပေးပါ့မယ်ရှင့်
ချစ်သော readers လေးတွေ😘

Keep Reading

မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့