Author's Profile Photo

လင်းရောင်နီဦး

20/02/2025

သတိကပ်စိတ်ကောင်းထားခြင်းဖြင့်ပြသနာဖြေရှင်းနည်း

1 min read
Life Style
General Knowledge
Motivation
သတိကပ်စိတ်ကောင်းထားခြင်းဖြင့်ပြသနာဖြေရှင်းနည်း's photo


လူတွေရဲ့တစ်နေ့တာဖြတ်သန်းမှုမှာ ပျော်စရာတွေ ဒေါသဖြစ်စရာတွေ စိတ်မကောင်းဖြစ်တာတွေ စသဖြင့် ခံစားချက်မျိုးစုံနဲ့ ကြုံတွေ့ရတက်ပါတယ် ။ ဒါတွေကို အကောင်းဆုံးကျော်ဖြတ်ဖို့အ‌တွက် နည်းလမ်းလေးတစ်ခုကတော့ သတိလေးကပ်ပြီး စိတ်ကောင်းထားတက်ဖို့ပါပဲ။
လူတစ်ယောက်က ဒီနေ့ ပျော်ရွှင်အောင်နေမယ် စိတ်ချမ်းသာအောင်နေမယ်ဆိုပြီး ဆုံးဖြတ်ထားပေမယ့် ဒေါသဖြစ်စရာတွေ မကြေနပ်စရာအကြောင်းတရားတွေက အမှုမဲ့အမှတ်မဲ့ ပေါ်လာတက်ပါတယ် ။ ဒီအကြောင်းအရာအပေါ် သတိမကပ်မိပါက ဒီနေ့ပျော်ရွှင်အောင်နေမယ်ဆိုတဲ့စိတ်လေးလည်း အလိုအလျှောက်ပျောက်ကွယ်သွားတက်ပြီး ဒေါသစိတ် မကြေနပ်စိတ်များသာ ကိန်းအောင်းသွားတက်ကြပါတယ် ။ ဒေါသဖြစ်နေသူတစ်ယောက် စိတ်မကြည်သူတစ်ယောက်က တစ်နေ့တာဖြတ်သန်းမှုမှာ အလုပ်တွင်သော်လည်ကောင်း အပေါင်းအသင်းများနှင့်သော်လည်ကောင်း ချစ်သူ၊ မိသားစု အစရှိသဖြင့် ကျင်လည်ရာပတ်ဝန်းကျင်မှာ တစ်နေ့တာပျော်ရွှင်အောင်နေနိုင်ဖို့ ရာခိုင်နှုန်းနဲသွားသည့်အပြင် စိတ်ညစ်နေသောလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားတက်ပါသည်။
ဒီလိုဖြစ်လေ့ရှိတက်တဲ့ပြသနာတွေကျော်လွှားနိုင်ဖို့အကောင်းဆုံးနည်းလမ်းကတော့ သတိကပ်ပြီး စိတ်ကောင်းထားတက်ဖို့ပါပဲ ။ လုပ်ငန်းခွင်မှာသော်လည်ကောင်း အပေါင်းအသင်းများနှင့်သော်လည်ကောင်း ပြသနာတစ်ခုဖြစ်ခဲ့လျှင် ဘာကြောင့်ဒီပြသနာဖြစ်တာလဲဆိုတဲ့အဖြေကို အချိန်မှီသတိကပ်နိုင်ပြီးဆွေးနွေးတိုင်ပင်ဖို့လိုပါတယ် ။ ကိုယ်မှားရင်ဝန်ခံတောင်းပန်တက်ပြီး တစ်ခြားသူမှားလျှင်လည်း ထောက်ပြအကြံပြုပေးလျှင် ဒေါသမပါပဲ ပြသနာတစ်ခုပြေလည်သွားပါလိမ့်မယ် ။သင်စိတ်ပျော်ရွှင်နေလျှင် သင့်ရဲ့တစ်နေတာဖြတ်သန်းမှုသည်လည်း ပျော်ရွှင်တက်ကြွနေပါလိမ့်မည် ။ တက်ကြွလန်းဆန်းနေသူတစ်ဦးသည် ပုံမှန်လူထက် သင်ယူတက်မြောက်မြန်ပါတယ် ။ ဆုံးဖြတ်ချက်ချစရာများရှိလျှင်လည်း ဝေးဝါးခြင်းမရှိ တိကျနေပါလိမ့်မယ်။
ပြသနာများကို သတိကပ်စိတ်ကောင်းထားပြီး တိုင်ပင်‌‌ဆွေးနွေး ဖြေရှင်းခြင်းဖြင့် စိတ်ပင်ပန်းစရာများ ဒေါသဖြစ်စရာများကို ဖြတ်ကျော်စေလိုသော ဆန္ဒဖြင့် စာစုလေးကိုတင်ဆက်လိုက်ရပါသည်ခဗျာ.....။

#Linyaungnioo
#Sarphat

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)