Author's Profile Photo

မောရိသျှ

20/02/2025

စာစောင်နှစ်ဆယ့်နှစ်-အဆိုးဆုံးအတွက်ပြင်ဆင်ခြင်း

3 mins read
Life Style
Personal Development
General Knowledge
စာစောင်နှစ်ဆယ့်နှစ်-အဆိုးဆုံးအတွက်ပြင်ဆင်ခြင်း's photo

နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ရှေ့ဆက်မယ်လို့ တွေးတာမျိုးက ရူးတာဗျ။ မသိရင် တနှစ်လုံး မိုက်ခဲ့သမျှ ဇန်နဝါရီလ ၁ ရက်နေ့ ပြန်စောင့်ပြီး အရာအားလုံးကို ပြည်ဖုံးကားချလိုက်တော့မလိုနဲ့။ ဘယ်လိုဖြစ်ဖြစ် နှစ်သစ်နေ့သစ်ကို ရောက်ကို ရောက်သွားမှာပါပဲ။ အဲတာကို လာမယ့် နှစ်သစ်က နှစ်ဟောင်းနဲ့မတူဘဲ ထူးတော့မလိုတွေးတာက ရူးနှမ်းတာသက်သက်ပါ။ 

ကျွန်တော်ကတော့ ရင်းနှီးမြုပ်နှံမှုသူကြွယ်ကြီး ဝေါ်ရန်ဘတ်ဖတ် (Warren Buffett) ကို အတော်လေး အားကျတယ်။ တိကျတယ်၊ ပြတ်သားတယ်။ သူကိုင်နေတဲ့ Berkshire Hathaway ဆိုရင်လည်း အာမခံလောကမှာ အကြီးကျယ်ဆုံး၊ အခိုင်မာဆုံးသောလုပ်ငန်းကြီး၊ အဆိုးဆုံးကိုတောင် ဘယ်အချိန်မဆို ရင်ဆိုင်နိုင်ဖို့ အသင့်ဖြစ်နေအောင် ပြင်ဆင်ထားတတ်တဲ့ လုပ်ငန်းမျိုးပါ။ အာမခံကုမ္ပဏီကြီးဖြစ်တဲ့အတွက် အန္တရာယ်ဆိုးတွေ ဖြစ်လာတာနဲ့ အာမခံ လျှော်ကြေးတွေကို တခါတည်း ထုတ်ပေးနိုင်ဖို့ ကြိုပြင်ဆင်ထားရတာ တကယ်တော့ လုံးဝ မလွယ်ပါဘူး။

အဆိုးဆုံးဆိုမှ အမြင့်ဆုံးသော အဆိုးရွားဆုံးမျိုးကိုတောင် ကြိုတွေးထားရတဲ့ အနေအထားနဲ့ အလုပ်လုပ်ရတာပါ။ လျော်ကြေးငွေကို အချိန်မီအလျဉ်မီ မပေးချေနိုင်ရင် သွားပြီပဲ။ ဒါကြောင့် အာမခံလုပ်ငန်းအနေနဲ့ ဝေါ်ရန်အမြဲတမ်း ခြေလှမ်း (၄) လှမ်းလောက် ကြိုလှမ်းထားတတ်တယ်။ ဥပမာ - ကယ်လီဖိုးနီးယားမှာကျတော့ ငလျင်လှုပ်တယ်၊ လူဝီစီယားနားမှာကျတော့ ဟာရီကိန်း၊ မိနီဆိုးတားမှာကျတော့ နှင်းမုန်တိုင်းနဲ့ တခြားပြည်နယ်တွေမှာကျတော့ ဆိုက်ဘက်တိုက်ခိုက်မှုဖြစ်စဉ်တွေကြောင့် မီးပျက်သွားတယ်ဆိုပြီး တကြိမ်တည်း တပြိုင်နက်တည်း ဖြစ်နေခဲ့ရင် သူ့ဘက်က တုန့်ပြန်ဖို့ အသင့်ရှိနေအောင် ပြင်ဆင်ထားတတ်ပါတယ်။ 

ပြောမယ်သာ ပြောရတာ ဖြစ်နိုင်တယ်ဗျ၊ ကြောက်နေစရာတော့ မလိုပါဘူး၊ အချိန်မရွေး ဘာမဆို ဖြစ်သွားနိုင်တဲ့ အစိုးမရမှုသဘာဝကို လက်ခံနိုင်ရင် ကြောက်နေမယ့်အစား လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြမှာပဲလေ။ ကျွန်တော်ဆိုရင် သုံးလအတွင်း အဖွားလည်းဆုံး၊ ကောင်မလေးနဲ့ပြတ်၊ အလုပ်ကထွက်၊ တခြားနိုင်ငံရောက်သွားတာမျိုး ဖြစ်ခဲ့ဖူးတယ်။ ဆက်တိုက်ဆိုသလို ဖြစ်ခဲ့တော့ လူကို ဂါသွားတာပဲ။ ဒါပေမဲ့ ပြန်တွေးကြည့်လိုက်တော့ အဲဒီအဖြစ်အပျက်တွေအားလုံးက ဘဝတိုးတက်ရာတိုးတက်ကြောင်းရဲ့ တခန်းတကဏ္ဍဆီမှာ သူ့နေရာနဲ့သူ အရေးပါအရာရောက်နေတာပဲ။ 

၂၀၂၀ ခုနှစ် မတ်လတုန်းကဆိုရင် ရောင်းဝယ်လို့ ရသမျှ စတော့ပိုင်ဆိုင်မှုတိုင်း အောက်ကို ထိုးကျသွားတယ်။ နည်းပညာစတော့တွေရော၊ ရွှေဈေးရော၊ ဘစ်ကွိုင်တောင် မကျန်ဘူး။ အားလုံး ထိုးကျသွားတယ်။ စတော့ပွဲစားတိုင်း ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ နှစ်ကုန်ပိုင်းကျတော့ တဖြည်းဖြည်းချင်း ဈေးပြန်တက်လာပြီး မတ်လတုန်းက အခြေအနေမှာ ဘယ်လိုမှ ထင်မထားတဲ့ နှုန်းတွေနဲ့ အပေါ်ထိုးတက်လာတာ အကုန်ဝယ်စုတွေကြီးပဲ ဖြစ်ကုန်တယ်။ ဘယ်သူမှ ဘာတွေဖြစ်လာမယ်ဆိုတာ မသိနိုင်ဘူးဗျ။ ကောင်းတာလည်း ဖြစ်နိုင်သလို၊ ဆိုးတာလည်း ဖြစ်လာနိုင်တာပဲ။ အခုလည်း ဘယ်သူမဆို အဲဒီလို တွေးနေကြတာပဲ၊ နောက်နှစ်တော့ ဒီနှစ်ထက်စာရင် ပိုပြီးအဆင်ပြေကောင်းပါရဲ့ပေါ့။ ကောင်းဖို့လည်း ကြိုမ

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)

Unlock to read this premium article with 100 points.