Author's Profile Photo

ဟယ်ရီကို ( Harry Ko )

19/02/2025

❝ လမ်းပျောက်နေတာမဟုတ်ဘူး လမ်းမမြင်တာ ❞

1 min read
Life Style
18 Again
Motivation
❝ လမ်းပျောက်နေတာမဟုတ်ဘူး လမ်းမမြင်တာ  ❞'s photo


၁၅ ၊ ၁၆ ၊ ၁၇ ၊ ၁၈ ဝန်းကျင်လောက်ရှိတဲ့လူငယ်တွေ ကြုံဖူးကြမှာပါ။ "ငါလမ်းပျောက်နေပြီ၊ ငါဖြစ်ချင်တာ ဘာလဲ"ဆိုတာမျိုးပေါ့။ ကိုယ့်ကိုကိုယ်ဘာဖြစ်ချင်မှန်းကိုမသိတာ။

လမ်းပျောက်တာနဲ့ပတ်သက်ပြီး
အချက်နှစ်ချက်ရှိပါတယ်။

ပထမတစ်ချက်က -
ဖြစ်ချင်တာကို သိတယ်။ မလုပ်တာ။ "ငါအချိန်ရှိသေးတယ် မနက်မှလုပ်မယ်၊ညမှလုပ်မယ်" ဆိုပြီး နေ့ရွှေ့ညရွှေ့ လုပ်တတ်တာ။ကြာလာတော့ လုပ်ချင်တာတွေ များပြီး ဘာကစလုပ်လို့လုပ်ရမှန်းမသိအောင် လမ်းပျောက်တာ မဟုတ်ဘဲ မျက်စိလည်သွားတာ။

ဒုတိယတစ်ချက်က -
ကိုယ်ဘာဖြစ်ချင်တာလဲ လုံးဝမသိတာ။ ကိုယ့်ကိုကိုယ်လည်း မမေးဘူး။ မေးရကောင်းမှန်းလည်း မသိဘူး။ သူများလုပ်တာနဲ့လိုက်လုပ်၊အချိန်တွေကုန်သွားတယ်။ ဒါစိတ်မဝင်စားတာနဲ့ နောက်တစ်ခုပြောင်းသင်တယ်။အဲ့လိုနဲ့ ချာချာလည်ထွက်နေတာ။ ကြာလာရင် "ငါတော့ ဘာဖြစ်ချင်မှန်းကို မစဉ်းစားတတ်တော့ဘူး"ဆိုပြီး ညဉ်းတတ်ကြတာပါပဲ။ ဒါက လမ်းရှာမတွေ့ဘူးလို့ပြောလို့မရဘူး။ လမ်းမရှာတတ်တာလို့ ပြောရမယ်။

ဒါနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ်အချိန်ယူစဉ်းစားပါ။ စဉ်းစားမရရင် စာအုပ်တစ်အုပ်မှာ ကိုယ်ဖြစ်ချင်တာတွေကို ချရေးပစ်လိုက်။ စိတ်ဝင်စားတာ၊မဝင်စားတာ နောက်မှစဉ်းစားမယ်။ လောလောဆယ် ချရေးလိုက်။

နောက်တစ်ဆင့်က -
ကိုယ့်ရဲ့ စိတ်ဝိသေသလက္ခဏာနဲ့ ပင်ကိုယ်အရည်အသွေးနဲ့ ကိုက်ညီမယ့် အရာကို ပြန်ရွေးထုတ်။

အရေးကြီးတဲ့အရာကို ဦးစားပေးပါ။ မလောပါနဲ့။ ကောင်းတဲ့အရာတိုင်း အချိန်ယူရပါတယ်။

❝ သစ်ပင်တစ်ပင်စိုက်သလိုပဲ၊ နေ့စဉ်မျိုးစေ့ချ၊ ရေလောင်း ၊ပေါင်းသင် ၊ မြေဩဇာကျွေးသလို ကိုယ့်ရဲ့ရည်မှန်းချက်ဆီရောက်ဖို့စိတ်ရှည်ပါ ❞

လမ်းပျောက်တယ်လို့ မညဉ်းပါနဲ့
ကိုယ်ကြိုက်တဲ့လမ်းသွားလို့ရသလို လမ်းတွေလည်း အများကြီးပါပဲ။

ကိုယ့်စိတ်နဲ့ကိုယ်လုံးထွေးပြီး လမ်းမတွေ့ရတာပဲဖြစ်ပါတယ်။ လမ်းကသင့်ရှေ့မှာတည့်တည့်ကြီး ရှိပြီးသားပါ။ သင့်ရဲ့ စိတ်အမှောင်ကြောင့် မတွေ့ရတာပါပဲ။

#𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥_𝐠𝐫𝐨𝐰𝐭𝐡

- 1.12.2024

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်