B4; You WATCH
Thai မှာ ၁လပိုင်း ၁၆ရက်နေ့က ရုံတင်သွားခဲ့တဲ့ PaNor ဆိုတဲ့ Horror ရုပ်ရှင်ကို review လုပ်ပေးချင်ပါတယ်။
Five stars production ကနေဖြန့်ချီခဲ့တဲ့ ဒီရုပ်ရှင်ကတော့ art of the devil trilogy ရဲ့မူလအစပြုရာ ရုပ်ရှင်ဖြစ်ပြီးတော့ art of the devil 2 နဲ့ အဓိကပြန်ဆက်ထားပါတယ်။ ဇာတ်လမ်းပုံစံကတော့ တစ်ရွာလုံးက ကောင်းဆိုးဝါးတစ်ယောက်အဖြစ် သတ်မှတ်ထားကြတဲ့ နတ်ဆိုးနမိတ်၊နတ်ဆိုးနက္ခက်နဲ့ မွေးဖွားလာတဲ့ ကောင်မလေးတစ်ယောက်ရဲ့ မွေးဖွားလာခြင်းနောက်ကွယ်မှာ ဘယ်လိုအကြောင်းအရာတွေ ရှိနေမလဲဆိုတာကို ကြည့်ရမှာပါ။
Art of the devil trilogy ကို အရင်က ကျွန်တော့် fan တစ်ယောက် request လုပ်တဲ့အတွက်ကြောင့် review တစ်ခါလုပ်ပေးဖူးပါတယ်။ Art of the devil ဘယ်လောက်ထိကြမ်းတယ်ဆိုတာကိုလဲ ဒီ trilogy ကြည့်ဖူးသူတိုင်း သိကြမယ်ထင်ပါတယ်။ အခုဒီရုပ်ရှင်ကလဲ နှစ်တွေအကြာကြီးနေမှ ထပ်ထွက်လာခဲ့ပေမဲ့ အရင် trilogy က scene refrances တွေရော နောက်ပြီး အရင်အရသာမပျက် make up effects လက်ရာတွေကိုပါ ဆက်ထိန်းထားနိုင်ပါသေးတယ်။ ဒီရုပ်ရှင်မှာ အထူးအဆန်းပါလာတာဆိုလို့ visual effects ပိုင်းတွေ ထည့်ထားတာဖြစ်ပြီးတော့ အဲ့တာကလဲ ကြည့်ရအရမ်းမဆိုးဝါးပဲ တော်တော်လေးသေသပ်တယ်လို့ ဆိုလို့ရပါတယ်။ အခုနောက်ပိုင်းထိုင်းတွေက သူတို့ရဲ့ ရုပ်ရှင်တွေမှာ visual effects တွေပိုထည့်သုံးလာကြသလို တစ်ကားထက်တစ်ကားကလဲ ပိုပိုပြီးတော့တိုးတက်လာတာကို မြင်ရပါတယ်။ Art of the devil က နဂိုတည်းက make up effects တွေနဲ့ နာမည်ရထားတဲ့ကားဖြစ်တဲ့အလျောက် visual effects ကပါ ဒီရုပ်ရှင်ကို ထပ် support လိုက်တာကြောင့် မူရင်း Art of the devil trilogy ထက်လျော့မသွားတဲ့အပြင် ပိုပိုမိုက်လာပါတယ်။ ဇာတ်လမ်းအပိုင်းကရိုးပေမဲ့ လှည့်ကွက်တွေများတဲ့အပြင် တော်တော်လေးဖမ်းစားနိုင်တဲ့ ရုပ်ရှင်တစ်ကားလို့ ဆိုလို့ရပါတယ်။ နည်းနည်းမကြိုက်မိတာဆိုရင် ဇာတ်ကောင်တွေ ရုတ်တရက် ပေါ်လိုက်ပျောက်လိုက် ဖြစ်သလောက်ပဲမလို့ သိပ်တော့ ပြဿနာမရှိလောက်ပါဘူး။ ခပ်ကြမ်းကြမ်းသွေးထွက်သံယိုတွေကြိုက်တဲ့သူတွေနဲ့ bloody disgusting ကို အထူးနှစ်သက်သူတွေအတွက်ကတော့ ထွက်လာခဲ့ရင် လက်မလွှတ်တမ်းကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်နေမှာပါ။
-------------------------------------------
PaNor (2025)
Genre (Horror/Thriller)
IMDb (6.5/10)
B4; You WATCH's Rating (8/10)
#film #filmphotography #myanmarmovie #filmreview #movies #moviereview #B4youwATCh #movieratings #MovieRatings
Keep Reading