B4; You WATCH
(Spoiler Alert)
ဇာတ်လမ်းပုံစံဆန်းဆန်းလေးနဲ့တင်ဆက်ထားတဲ့ The Gorge ဆိုတဲ့ ရုပ်ရှင်ကို review လုပ်ပေးချင်ပါတယ်။
ဒီရုပ်ရှင်ကိုတော့ Apple TV+ မှာ February လ ၁၄ ရက်နေ့က စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီးတော့ သရုပ်ဆောင်တွေအနေနဲ့ Miles Teller, Anya Taylor-Joy နဲ့ Sigourney Weaver တို့အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းပုံစံကတော့ လူသူအရောက်အပေါက်မရှိတဲ့ ချောက်ကြီးရဲ့ တစ်ဖက်စီမှာရှိတဲ့ တာဝါတိုင်စခန်းမှာ စောင့်ကြပ်ကြရမဲ့ လက်ဖြောင့်တပ်သား၂ဦးရဲ့ကြားက အချစ်ဇာတ်လမ်းနဲ့ အဲ့ဒီ့ချောက်ကြီးထဲက အံ့ဩထူးဆန်းဖွယ်အရာတွေအကြောင်းကို ပုံဖော်ထားတာပါ။
ဇာတ်လမ်းက romance နဲ့ action ကိုပေါင်းထားတာဖြစ်တဲ့အတွက် ခပ်အေးအေးနဲ့ နှေးတဲ့ပုံစံကိုမှ ရုတ်တရက် action နေရာတွေစီ ခုန်ကူးသွားတာကြောင့် ကြည့်ရတာ အမြင်ဆန်းသစ်သလို concrete idea ကိုလဲသဘောကျမိပါတယ်။ Action ခန်းတွေ ဘာမှအပြစ်ပြောစရာမရှိပေမဲ့ pre-ending နားက scene တစ်ခု ကိုတော့ သဘောမကျမိပါဘူး။ Spoiler ဖြစ်သွားနိုင်ပေမဲ့ တောင်ပေါ်ပြန်တက်ချိန်မှာ လူလုပ် Zip Line ကို van ကြီးပါချိတ်ပြီးတက်သွားတာကတော့ နည်းနည်း ကသိကအောက်ဆန်ပါတယ်။ သဘောမကျတဲ့အချက်က special effects နည်းနည်းမသပ်ရပ်တဲ့ အပိုင်းနဲ့ music score ကဇာတ်လမ်းနဲ့ သိပ်မလိုက်ဖက်သလို ခံစားရသလောက်ပါပဲ။ ဇာတ်လမ်းပိုင်းအရကတော့ stranger things လိုပုံစံကို other version ပုံစံကြည့်ရသလို ခံစားရတဲ့အပြင် သိပ်တွဲလေ့မရှိတဲ့ movie genre နှစ်ခုကို တွဲပေးထားတဲ့ ပုံစံကြောင့်ပါ သမာရိုးကျကနေကွဲထွက်ပြီး ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ သရုပ်ဆောင်ပုံတွေကလဲ အသက်ဝင်ပြီးတော့ action ခန်းတော်တော်များများနဲ့ စိတ်လှုပ်ရှားစေတာကြောင့် မြည်းစမ်းသင့်တဲ့ ရုပ်ရှင်တစ်ကားအဖြစ် recommend လုပ်ပေးချင်ပါတယ်။
-------------------------------------------
The Gorge (2025)
Genre (Action/Sci-fi)
Rated (PG-13)
IMDb (6.8/10)
Rotten Tomatoes (64%)
B4; You WATCH's Rating (6.4/10)
#film #filmphotography #myanmarmovie #filmreview #movies #moviereview #B4youwATCh #movieratings #MovieRatings
Keep Reading