Author's Profile Photo

Kaung Set Lwin

16/02/2025

UNO cardတွေရဲ့ သမိုင်းကြောင်း

1 min read
General Knowledge
History
Creative
UNO cardတွေရဲ့ သမိုင်းကြောင်း's photo


အိမ်မှာနေရင်း ကိုယ့်မိသားစုနဲ့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ UNOကတ်လေးတွေ ဆော့ဖူးကြမယ်လို့ ထင်ပါတယ်။ တော်တော်ပျော်စရာကောင်းတဲ့ ကစားနည်းလေးတစ်ခုပါ။ ဒါပေမယ့် ဒီကစားနည်းလေးကို တီထွင်ခဲ့ပုံလေးနှင့် သမိုင်းကြောင်းလေးကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။



၁၉၇၁ ခုနှစ်မှာ "Merle Robbins"ဆိုတဲ့ "Ohio"က ဆံပင်ညှပ်ဆရာတစ်ယောက်က ဒီကစားနည်းလေးကို တီထွင်ခဲ့ပါတယ်။ Cardလေးတွေနဲ့ကစားရတာကြိုက်တဲ့ Robbinsက "Crazy Eights"ဆိုတဲ့ ဖဲကစားနည်းတစ်ခုကို အခြေခံပြီး ဒီကတ်ကလေးတွေကို တီထွင်ခဲ့ပါတယ်။ ဒါဆိုရင်......






ကွာခြားချက်လေးတွေကတော့ Crazy Eightsက
ဖဲချပ်တွေနဲ့ဆော့ရတယ်၊ စည်းမျဥ်းတွေက နေရာအလိုက် ကွာခြားတယ်၊ အရင်တုန်းက ကစားနည်းတစ်ခုဖြစ်တယ်။ UNOကတော့ UNOကတ်လေးတွေနဲ့ဆော့ရတယ်၊ စည်းမျဥ်းအတိအကျရှိတယ်၊ ခေတ်သစ်ကစားနည်းတစ်ခုဖြစ်တယ်။

ကစားနည်းနှစ်ခုအကြောင်းပြောပြီးပြီဆိုတော့ UNOကတ်အကြောင်းလေးဆက်ကြတာပေါ့။ တီထွင်သူMerle Robbinsက သူရဲ့ဆံပင်ညှပ်ဆိုင်လေးကနေပြီးတော့ UNOကတ်လေးတွေကို ရောင်းချခဲ့ပါတယ်။
သူတို့မိသားစုကိုယ်တိုင်ဟာလည်း UNOကတ်အစုံပေါင်း ၅၀၀၀ကျော်ထုတ်လုပ်ဖို့အတွက် ဒေါ်လာ ၈၀၀၀ကျော်သုံးခဲ့ပါတယ်။ လုပ်ငန်းတစ်ခုမှာ ဒေါ်လာတွေ အများကြီးရင်းဖို့ဆိုတာ တော်တော်လေးကြီးမားတဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ရဲ့ကတ်တွေ အကုန်လုံးရောင်းထွက်သွားခဲ့ပါတယ်။ အဲ့လိုရောင်းချပြီးတဲ့နောက်မှာ သူ့ရဲ့ကစားနည်းဟာ ဒေသတွင်းမှာတော်တော်လေးနာမည်ကြီးသွားခဲ့ပါတယ်။ ဒါ့ကြောင့် ၁၉၇၂ခုနှစ်မှာ ဒီကစားနည်းလေးရဲ့ မူပိုင်ခွင့်ကို International Games ကုမ္ပဏီပိုင်ရှင်ဖြစ်တဲ့ "Robert Tezak"ကို ရောင်းချခဲ့ပါတယ်။ အဲဒီလိုရောင်းချပြီးတဲ့နောက်မှာတော့ UNOကစားနည်းလေးဟာ ကမ္ဘာအဆင့်အထိ ပေါက်ရောက်နာမည်ကြီးသွားခဲ့ပါတယ်။ အခုလက်ရှိမှာတော့ UNOရဲ့ မူပိုင်ခွင့်ကို "Mattel"ဆိုတဲ့ ကစားစရာကုမ္ပဏီက ပိုင်ဆိုင်ထားပါတယ်။

ဒီလောက်ဆိုရင် စာဖတ်သူလည်း UNOကတ်လေးတွေအကြောင်း ကောင်းကောင်းကြီးသိသွားကြပြီလို့ထင်ပါတယ်။ နောက်လည်း ဒီလိုစိတ်ဝင်စားစရာ ဗဟုသုတအကြောင်းအရာတွေကို ရေးသားတင်ပြသွားမှာဖြစ်လို့ followလုပ်ခဲ့ကြပါဦးနော်။




  • 8:15 P.M.

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါင်လိုက်ဒရာမာ (Vertical Drama)ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါ"စကားချိုသာလျှင် လိုရာကိုရသည်"အင်တာနက်နဲ့ လူနေမှုဘဝ "တော်တဲ့သူတွေက ဆင်ခြေမပေးဘူး...  ဖြေရှင်းနည်းကိုပဲ ရှာကြတယ်"လိုမှသုံးပါရှောင်တာက ကြောက်ခြင်းမဟုတ်