SarPhat Author
"ကြိုးစားမှ အောင်မြင်မယ်" ဆိုတဲ့စကားကိုတော့ လူတိုင်းသိကြပါတယ်။ လူတွေဟာ ကိုယ့်ဘဝအောင်မြင်ဖို့အတွက် အမြဲရုန်းကန်ကြိုးစားနေကြတယ်။ အလုပ်ကြိုးစားတယ်ဆိုတာ အောင်မြင်မှုရဖို့အတွက် သေချာပေါက်မရှိမဖြစ်လိုအပ်တဲ့သော့ချက်ဆိုတာမှန်ပါတယ်၊ ဒါပေမဲ့အလုပ်ကြိုးစားရုံနဲ့အောင်မြင်မှုရဖို့ဆိုတာမလုံလောက်ပါဘူး။ ဒါဆိုရင်အောင်မြင်မှုရဖို့အတွက် နောက်ထပ်သော့ချက်တစ်ခုကဘာလဲဆိုရင် စမတ်ကျကျထက်မြက်မှုရှိဖို့လိုပါတယ်။
နည်းဗျူဟာ၊ အစီအစဥ် ဘာမှမရှိဘဲ တစ်သမတ်တည်း လုပ်ရိုးလုပ်စဥ်အတိုင်းကြိုးစားမယ်ဆိုရင် အချိန်တွေကြာ၊ အရည်အချင်းတွေတုံးကုန်ပြီး အောင်မြင်မှုနဲ့နီးစပ်ဖို့ကြာပါလိမ့်မယ်။ အလုပ်လုပ်တဲ့အခါ၊ ကိုယ့်ရည်မှန်းချက်ကိုအကောင်အထည်ဖော်တဲ့အခါမှာ မနားမနေတစ်သမတ်တည်းအားကုန်စိုက်ပြီး ဇွတ်ကြိုးစားနေတာထပ် စမတ်ကျကျနဲ့ထက်မြက်စွာလုပ်ဆောင်တတ်ဖို့ကအရေးကြီးပါတယ်။ တစ်နည်းပြောရရင် ဗျူဟာလိုအပ်ပါတယ်။ ကိုယ့်ကျွမ်းကျင်မှုတွေ၊ အရည်အသွေးတွေကို လိုအပ်သလိုထုတ်သုံးတတ်ရပါမယ်။
ဥပမာပြောရရင် စားသောက်ဆိုင်ထဲမှာ စားသုံးသူတွေကို အမြဲအပြုံးတွေနဲ့ဝန်ဆောင်မှုပေးနေရတဲ့ဝန်ထမ်းတွေ၊ စတိုးဆိုင်ထဲမှာ စင်တွေပေါ်မှာ ပစ္စည်းတွေကိုနေရာချထားပြင်ဆင်နေတဲ့ ဝန်ထမ်းတွေ စသဖြင့် သူတို့တွေက တစ်နေကုန်သူတို့အလုပ်ကိုကြိုးစားပမ်းစားလုပ်ဆောင်နေတဲ့သူတွေချည်းပါဘဲ။ အဲ့ဒီလိုသူတွေက သူတို့ဘဝရဲ့အချိန်တွေ၊ သူတို့ရဲ့တစ်နေ့တာအချိန်တွေကို အလုပ်ကြိုးစားရင်းနဲ့ပဲကုန်ဆုံးနေကြတာပါဘဲ။ ဒါပေမဲ့သူတို့ရဲ့အိပ်မက်တွေ၊ သူတို့လိုချင်တဲ့အောင်မြင်မှုတွေကိုတော့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီအလုပ်တစ်ခုတည်းအပေါ်မှာရိုးရိုးရှင်းရှင်းကြိုးစားလုပ်ဆောင်နေပြီး ဆန်းသစ်မှု၊ တီထွင်မှု၊ နည်းဗျူဟာ မရှိတာကြောင့်ပါ။
လိမ္မာပါးနပ်ပြီးထက်မြက်စွာအလုပ်လုပ်တယ်ဆိုတာကတော့ မတူပါဘူး။ လက်ရှိအလုပ်ကိုတစ်သမတ်တည်းလုပ်ဆောင်နေတာမျိုးမဟုတ်ဘဲ ဒီအလုပ်နဲ့ပက်သက်ပြီးပိုပြီးထူးခြားကောင်းမွန်အောင်၊ ဆန်းသစ်အောင်၊ ဒီအလုပ်မှာပိုကျွမ်းကျင်ပြီးနေရာတစ်ခုရအောင် အမြဲတွေးတောကြံဆလုပ်ဆောင်နေတာမျိုးပါ။ ဧည့်သည်တွေကိုဝန်ဆောင်မှုပေးရတဲ့အလုပ်မျိုးဆိုရင်လဲ သူများထပ်သာပြီးသူများမပေးနိုင်တဲ့ဝန်ဆောင်မှုမျိုး၊ ကိုယ့်နာမည်ကိုပဲအမှတ်ရနေမဲ့ဝန်ဆောင်မှုပေးတာမျိုးတွေနဲ့ကိုယ့် image ကိုမြှင့်တင်လို့ရပါတယ်။ အဲ့ဒီလိုမျိုးကိုယ့်အရည်အချင်းနဲ့ထူးခြားချက်ကိုသိအောင်က
Unlock to read this premium article with 10 points.