သနပ်ခါး

ငါနောက်ဆုံးတစ်ခေါက်တောင်ပေါ်မြို့လေးကို ပြန်ရောက်တော့ တောင်ပေါ်မြို့လေးဟာ အရင်လိုမဟုတ်တော့ဘူး။ ခေတ်မှီတိုးတက်လာတဲ့ မြို့လေးတစ်မြို့ဖြစ်နေပြီ။ အရင်လို ရင်းနှီးတဲ့အငွေ့အသက်တွေပြန်မရတော့ဘူး။အရင်က သူငယ်ချင်းတွေ မရှ်ိကြတော့ဘူး။ တောင်ပေါ်မြို့ကလေးဟာ စိတ်သစ် လူသစ် စနစ်သစ်တွေနဲ့ အရင်လို ရိုးရာပွဲတွေ ပြန်မရတော့ဘူး။ ငါ့အတွက်တော့နေရာသစ်တစ်နေရာကိုရောက်လာရသလို အရာရာတစိမ်းပြင်ပြင်ဖြစ်ခဲ့ပြီ။
တောလမ်းဟောင်းလေးတွေ မသုံးကြတော့ဘူး ။မြေနီလမ်းကလေးဟာလည်း ဖြူးဖြောင့်နေတဲ့ ကတ္တရာလမ်းမကြီးတွေဖြစ်သွားကြပြီ။ရပ်ကွက်ထဲမှာ အရင်လူဟောင်းတွေမရှိကြတော့ဘူး။ သူ့ခြံထဲ အသီးတွေ ခိုးဝင်ခူးရင် တစ်လမ်းလုံးကြားအောင် အော်ဆဲတတ်တဲ့ ဒေါ်ညိုမြကြီးမရှိတော့ဘူး။ ငါပိုက်ဆံမရှိတိုင်း ပိုက်ဆံ နှစ်ရာ နှစ်ရာ ထုတ်ပေးတတ်တဲ့ အန်တီမော်ကြီးလည်းမရှိတော့ဘူး။ ငါခူးစားနေကြ သင်္ဘောဆီးဖြူပင်ကြီးလည်း အရိုးတွေ ပြိုင်းပြိုင်းထလို့ ဘဝနေဝင်ချိန်နောက်ဆုံးအဆုံးသတ်ကို မျှော်နေပြီ။
အရင် ငါတို့အိမ်နောက်ဖေးက အဖေ့ဘဲခြံလေး မရှိတော့ဘူး။ နှစ်သစ်ကူးပွဲတော်တုန်းက အဖေ့ဘဲတွေ ငါခိုးရိုက်ပြီး သူငယ်ချင်းတွေနဲ့ အတူတူချက်စားကြတာ အမှတ်ရမိတယ်။ အိမ်ရှေ့က ဝရံတာမှာ ကုလားထိုင်လေးချ စာဖတ်ခဲ့ဖူးတာတွေ အမှတ်ရမိတယ်။ ငါ့ဆရာ နဲ့ ဆရာမကတော့ မောင်ဇေ အပြင် နောက်သားတစ်ယောက်ပါ ပွားစီးနေပြီ။ အိမ်ရှေ့က ပိန္နဲပင်ကြီးတော့ ခုထိရှိတုန်းပဲ ။ မောင်ဇေကတော့ ငါ့ကို အတော်စိမ်းနေပြီ ငယ်ငယ်တုန်းကဆို ငါပဲထိန်းခဲ့ရတာလေ ။ ခွေးကလေးမောင်လုံးလည်း ခု ခွေးကြီးမောင်လုံးဖြစ်နေပြီ သူလည်းငါ့ကို မမ
Unlock to read this premium article with 10 points.