Kaung Set Lwin
ပိုးဟပ်လို့ပြောလိုက်တာနဲ့ တော်တော်များက ရွံကြလိမ့်မယ်။ တော်တော်ညစ်ပတ်တဲ့ ကောင်တွေကိုး။ ပိုးဟပ်ကြောက်တဲ့သူကလည်း ရှိသေး၊ ပိုးဟပ်မြင်တာနဲ့ တန်းနေအောင် ပြေးတာ။ အဲ့အခါကြရင် ပြောကြမှာပေါ့လေ၊ "သာမန်အကောင်လေးတွေပါ၊ ဘာကြောက်စရာရှိလို့လဲ"။ ဟုတ်ပါပြီ၊ ပိုးဟပ်က ကြောက်စရာမကောင်းဘူးဆိုပါတော့၊ ဒါပေမယ့် သာမန်အကောင်လေးတွေလို့မြင်ရင် မှားသွားမယ်နော်။
"ဒီကောင်တွေ ပျံတတ်တာကလွဲလို့ ဘာထူးဆန်းလို့လဲ"လို့ တွေးနေပြီထင်ပါရဲ့။ ထူးဆန်းတာပေါ့၊ အခြားသက်ရှိတွေနဲ့မတူဘဲ လုံးဝကွဲထွက်နေတာ တစ်ခုရှိတယ်။
အဲဒီအချက်ကတော့ တကယ့်အံ့သြဖွယ်ပေါ့ဗျာ။ သက်ရှိအများစုဟာ ခေါင်းထဲမှာဦးနှောက်ရှိတာကြောင့် ခေါင်းဖြတ်ရင် သေတာပေါ့။ သူကတော့အဲလိုမဟုတ်။ ဟုတ်ပြီ၊ ဒါဆိုရင်......
အဖြေကတော့ ရိုးရှင်းပါတယ်၊ သဘာဝတရားကြီး ကြောင့်ပေါ့ဗျာ။ အခုကျွန်တော် စာဖတ်သူကို အဲဒီသဘာဝတရားကြီးအကြောင်း ရှင်းပြမယ်။
၁။ သူတို့ရဲ့ ခန္ဓာကိုယ်မှာ spiracleဆိုတဲ့ အပေါက်လေးတွေ အများကြီးပါတယ်။ သူတို့ရဲ့ခေါင်းပြတ်သွားတဲ့ အခြေအနေမှာ အဲ့အပေါက်လေးတွေကနေ အသက်ရှူကြတယ်။ (ပုံထဲက Sp#လေးတွေကိုပြောတာပါ)
၂။ သူတို့ရဲ့ သွေးလည်ပတ်မှုစနစ်က ဖိအား(pressure) တွေ မများဘူး။ အဲဒါကြောင့် ခေါင်းပြတ်သွားလို့ သွေးထွက်လွန်တာမဖြစ်နိုင်ဘူး။
၃။ သူတို့ရဲ့ ခန္ဓာကိုယ်ကို ဦးနှောက်တစ်ခုတည်းက ထိန်းချုပ်ထားတာမဟုတ်ဘူး။ Gangliaလို့ခေါ်တဲ့ အာရုံကြောဆဲလ်တွေက ဦးနှောက်မရှိတော့တဲ့အချိန် ခန္ဓာကိုယ်ကို ထိန်းချုပ်ပေးနိုင်တယ်။
အဲဒီတော့ စဥ်းစားစရာက....
ကျွန်တော်ပြောခဲ့သလိုပါဘဲ၊ သူတို့တွေက ချက်ချင်းမသေပါဘူး။ ဒါပေမယ့် တစ်ပတ်လောက်ကြာရင် ခေါင်းမရှိတော့တဲ့အတွက် အစာငတ်ပြီး သေသွားကြပါတယ်။
ဟုတ်ပါပြီ၊ ဒီလောက်ဆိုစာဖတ်သူလည်း သဘာဝတရားကြီးကြောင့် ပိုးဟပ်တွေဟာ ခေသူမဟုတ်တဲ့ အကြောင်း ကောင်းကောင်းကြီးသိသွားကြပြီး ဗဟုသုတတွေရရှိသွားပြီလို့ ထင်ပါတယ်။
နောက်နေ့တွေမှာလည်း ဒီလိုအကြောင်းအရာတွေကို ရေးသားတင်ပြသွားဦးမှာမို့ ကျွန်တော့် pageလေးကို followလုပ်ထားပါဦးနော်။
Keep Reading