မောရိသျှ
ဘဝတစ်ခုလုံးအတွက်ရော အသက်မွေးဝမ်းကြောင်း အလုပ်အတွက်ပါ တွေးထား ဆုံးဖြတ်ထား ရည်မှန်းထားချက် ပီပီပြင်ပြင်ရှိပေမဲ့လည်း တကယ်တမ်း နောက်ဆုံးမှာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ဖြစ်သွားပြီး သောင်တင်သွားတာက တလွဲဖြစ်သွားတာမျိုး ကြုံဖူးကြလားဗျ။ ဆုံးဖြတ်စရာရှိလာပြီဆိုရင် ကိုယ်တိုင်ကိုယ်ပိုင်ဆုံးဖြတ်ချက်ထက် သူများစကားနားထောင်ပြီးတော့မှတော့ ဆုံးဖြတ်ဖြစ်သွားတာမျိုးကော ဖြစ်ဖူးလားဗျ။ အများအားဖြင့် အဲဒီပြဿနာနှစ်မျိုးက အမြဲတွဲပြီး ဖြစ်တတ်တယ်ဗျ။
ဥပမာဗျာ - ဝါသနာလည်းပါသလို စိတ်လည်းဝင်စားလို့ဆိုပြီး အနုပညာရှင်ဘဝ ဒါမှမဟုတ် ဖန်တီးမှုတစ်ခုခုနဲ့ အသက်မွေးရတဲ့ဘဝကို ရွေးချယ်ဖို့ တွေးထားပေမဲ့ ကိုယ့်ရဲ့ မိဘတွေ ဆရာသမားတွေ သမီးရည်းစား ချစ်သူတွေရဲ့ စကားကိုပဲ နားထောင်ဖြစ်လိုက်ပြီး မလုပ်ဖြစ်တော့တာမျိုး။ ကိုယ့်အကြိုက်ထက် သူများအကြိုက်လိုက်ပြီး လုပ်ဖြစ်သွားတာမျိုးတွေပေါ့။
သူများပြောစကားတွေနဲ့ အတွေးတွေကို လိုက်နားထောင်တာများနေပြီ။ မပြီးနိုင်တော့တဲ့ သူများရဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းနေရတာ အလွန်စိတ်ပင်ပန်းဖို့ကောင်းပါတယ်။ ကြာလာတော့ ကိုယ်က ကိုယ်မဟုတ်တော့ဘဲ သူများအသုံးချစရာ ပစ္စည်းတစ်ခုလို ဖြစ်သွားရော။
လခစားအလုပ်လုပ်ဖြစ်ခဲ့တုန်းက ဂျွန်နဲ့ အီသန်ဆိုတဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ယောက်ရှိခဲ့ဖူးတယ်။ (နာမည်ရင်းတွေတော့ မဟုတ်ပါဘူး) ‘လုပ်နေတဲ့ အလုပ်ကနေ ထွက်ပြီး ကိုယ်ပိုင်အလုပ်လုပ်မယ်’ လောက်ပဲ အချိန်ပြည့် ပြောနေတတ်တယ်ဗျ။ ကျွန်တော်ရော သူတို့လိုပဲလားဆိုတော့ ဟုတ်ပေမဲ့ဗျာ ဘာပဲလုပ်လုပ် စိတ်ကျေနပ်မှုရနေပြီး စားဝတ်နေရေး ကုန်ကျစားရိတ်အားလုံး ကာမိနေသရွေ့ အဆင်ပြေတယ်လို့ပဲ တွေးထားတယ်။ အဲဒီအလုပ်ကနေ ကျွန်တော် ထွက်လာတာပဲ ခုနစ်နှစ်နီးပါး ရှိနေပြီဗျ။ ဂျွန်နဲ့ အီသန်တို့နဲ့ ပြန်တွေ့ဖြစ်တော့ ဂျွန်က သူ့ကိုယ်ပိုင်အလုပ်နဲ့ အဆင်ပြေနေတယ်၊ ဒါပေမဲ့ အီသန်ခမျာ ချာချာလည်နေတုန်း။ သူလည်း အဲဒီကုမ္ပဏီကထွက်လာပြီးနောက်ပိုင်း အလုပ်သုံးခုနီးပါး ပြောင်းလုပ်ခဲ့ရတဲ့ အနေအထား ရောက်သွားတယ်။
သူ့အခက်အခဲက ဝန်ထမ်းမလုပ်ချင်တာပဲ။ ဖိခိုင်းခံရတဲ့ ဒဏ်ကို သူလုံးဝ မခံနိုင်ဘူး။ ဝန်ထမ်းပဲဖြစ်ဖြစ် အလုပ်ရှင်ပဲဖြစ်ဖြစ်ဗျာ ဘာပဲလုပ်လုပ် ကိုယ်လုပ်နေတဲ့ အလုပ်မှာ ကိုယ့်စိတ်နဲ့ကိုယ် နှစ်ဝင်ပြီး အလုပ်ပြီးအောင် ဖြစ်မြောက်အောင် လုပ်မယ်လို့ တွေးထားလိုက်ရင် အလုပ်က ပေးလာတဲ့ ဖိအားမှန်သမျှကို ခံနိုင်ရည်ရှိတယ်ဗျ။ တစ်ခုပဲ။
လုပ်ဖော်ကိုင်ဖက်တွေ အထက်လူကြီးတွေနဲ့ ဘေးလူတွေ ပြောလာသမျှ လိုက်နားထောင်မိနေရင်တော့ အလုပ်လုပ်ရတာ အဆင်မပြေတော့ဘူး။ ဥပမာ - မင်းအလုပ်က အဲလို လုပ်ရတယ်တဲ့လား။ မင်းအလုပ်ရှင်က မင်းကို အဲတာလုပ်ဖို့ ပြောတယ်ဟုတ်လား။ စသဖြင့် ကိုယ့်အလုပ်နဲ့ ကိုယ့်ဘဝကို ဝင်စွက်ဖက်သမျှ စကားသံတွေကို နား ထောင်မိလို့ကတော့ စိတ်ဆင်းရဲပြီး တွေဝေမယ်၊ ပူပန်မယ် သံသယဖြစ်မယ်၊ အဆိုးဆုံးက လုပ်နေတဲ့အလုပ်မှာ ဆက်လုပ်ဖို့အတွက် လိုအပ်တဲ့ ယုံကြည်မှုတောင် မရှိတော့ဘဲ လမ်းပျောက်သွားတာပဲ။
ဘယ်သူ့စကားပဲဖြစ်ဖြစ် နားထောင်တတ်တဲ့ အကျင့်က ကောင်းပါတယ်။ (ကလေးတစ်ယောက်အတွက်ဆိုရင်ပေါ့) ကိုယ့်ဘဝနဲ့ကိုယ် တိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားနေတဲ့အရွယ်မှာတော့ နားထောင်တတ်တဲ့အကျင့်က ကောင်းပေမဲ့ နားထဲဝင်သမျှ စကားတိုင်းကို ခေါင်းညိတ်တဲ့အကျင့်ကျတော့ သွားပြီ။ ဘာမှ လုပ်လို့မရတော့ဘူး။ ကလေးလောက်တောင်မှ အသုံးမကျသလို ဖြစ်သွားတယ်။ ဒီလို ပျော့ညံ့မှုကို ကုစားဖို့နဲ့ ပျော့ညံ့တဲ့စိတ်ဓါတ်မျိုး မမွေးမိအောင် ရှေးတုန်းက တပဓမ္မဆရာကြီး ဧပ္ပိတေတုစ် ပြောခဲ့တဲ့ ဆုံးမစကားတခုရှိတယ်ဗျ။
“တာဝန်ဝတ္တရားတစ်ခုခုကို လက်ခံပြီးသွားရင် ဘယ်လိုအခက်အခဲမျိုးကိုမဆို ကြုံတွေ့ရင်ဆိုင်ရပါစေ ပြီးမြောက် သည်အထိ တာဝန်ယူစွမ်းဆောင်သွားဖို့ ရည်သန်စိတ်အပြည့်မွေးမြူပါ။ ဘယ်သူတွေ ဘာပဲပြောလာကြပါစေ ခေါင်းထဲအဝင်မခံဘဲ ကိုယ့်စိတ်နဲ့ကိုယ် လုပ်စရာရှိတာကို ဆက်လုပ်ပါ”
အပြောကတော့ လွယ်သလောက် တကယ် လုပ်ဖို့ကျ
Unlock to read this premium article with 100 points.