Author's Profile Photo

သုမိုး

13/02/2025

ချစ်သူလေးဆီသို့ Valentine လက်ဆောင်

1 min read
Life Style
ချစ်သူလေးဆီသို့ Valentine လက်ဆောင်'s photo



ပုစုလေးရေ........

ရာသီစက်ဝန်းကတော့ တစ်ပတ်လည်ပြီး ဒီ Valentine နေ့လေးတောင် ပြန်ရောက်လာခဲ့ပြီနော်။ ကိုတို့ကြားမှာလည်း ဒီနှစ်တွေမှာ အမှတ်တရတွေ အများကြီးရှိခဲ့ပြီးပြီပဲ။ဒါပေမယ့် ဘာပဲဖြစ်ဖြစ်လေ ကို့အနားမှာ ရှိနေပေးတဲ့အတွက် မင်းလေးကို သိပ်ကျေးဇူးတင်ပါတယ်နော်။

ကလေးလေးရေ......

အတွဲလေးတွေပျော်နေကြတဲ့ ဒီ Valentine Day ဆိုတဲ့ ချစ်သူများနေ့မှာ ကိုကိုက ဟောဒီကလေးလေးကို လက်ဆောင်လေးတစ်ခုပေးပါရစေနော်။ စာထဲမှာမို့ သူများတွေလို ချောကလက်တို့ ပန်းစည်းတို့တော့မပေးနိုင်ဘူး ကလေးလေးရယ်။ဒါပေမယ့် ကိုပေးတဲ့လက်ဆောင်လေးကတော့ အဲဒီရုပ်ဝတ္ထုပစ္စည်းတွေထက် ပိုအဖိုးတန်မယ် ဆိုတာကိုတော့ ကိုပြောရဲပါတယ်နော်။

ပူတူးလေးရေ.......

ကိုအခုပေးမယ့်လက်ဆောင်လေးကို ပူတူးလေးနှလုံးသားထဲမှာသေချာသိမ်းထားပေးပါနော်။ဘာလို့ဆို ကို့ရဲ့ အရမ်းအရေးပါတဲ့အရာတွေမို့လို့ပါ။တစ်ခြား‌တော့မဟုတ်ပါဘူး။

🍫အချစ်တွေကိုတိုးစေတယ်ဆိုတဲ့ချောကလက်အစား တစ်သက်လုံးဒီကောင်မလေးကိုပဲချစ်သွားပါ့မယ်ဆိုတဲ့သစ္စာတရား💕
နဲ့
🌺မေတ္တာတရားနဲ့ တန်ဖိုးထားမှုကို ကိုယ်စားပြုတဲ့ပန်းလေးတွေအစား ဒီတစ်ယောက်လေးကိုမြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီး ချစ်ပါ့မယ်ဆိုတဲ့ကတိ💞
‌
ပဲဖြစ်ပါတယ်နော်။ ဒီ‌လက်ဆောင်လေးတွေကို သေချာလေးသိမ်းထားနော်။ကြားလား ပူတူးလေး။ကိုကို ပူတူးလေးကို သိပ်ချစ်တာပဲ။
ဒါပါပဲနော်။အစစအရာရာဂရုစိုက်ပါနော် ပုစုလေးရေ။သိပ်ချစ်တယ်။

ကိုတို့နှစ်ယောက်ရဲ့ဇာတ်လမ်းလေး လူ့သက်တမ်းကုန်တဲ့အထိတည်မြဲနေပါစေလို့ တောင်း‌ဆုပြုရင်း.....။

သိပ်ချစ်မိနေသူ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)