Author's Profile Photo

မောရိသျှ

13/02/2025

စာစောင်တစ်ဆယ့်ရှစ်- တည်ကြည်ပြတ်သားစွာရပ်တည်ပါ

1 min read
Life Style
Personal Development
General Knowledge
စာစောင်တစ်ဆယ့်ရှစ်-
တည်ကြည်ပြတ်သားစွာရပ်တည်ပါ's photo

ပြီးခဲ့တဲ့ တစ်ပတ်က မိတ်ဆွေတစ်ယောက်ဖိတ်လို့ သူတို့ ပါတီတက်ဖြစ်ခဲ့တယ်။ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အချင်းချင်းတွေပဲ စုတဲ့ပွဲပါ။ လူမများပေမဲ့ လူစုံတော့ ပျော်ရပါတယ်။ တစ်ညနေလုံး စားကြသောက်ကြနဲ့ အဆင်ကိုပြေလို့၊ အဲတာနဲ့ အိမ်ရှင်မိတ်ဆွေရဲ့ တခြား ဘော်ဒါရဲ့ နောက်ဘော်ကျွတ်တစ်ယောက်က ဘယ်ကမှန်းမသိ ဘယ်ချိန်က ဘယ်လိုတောင် ထုတ်လိုက်သလဲမသိ ပုလင်းတွေ ထောင်ပါလေရော။ သူများကိစ္စဖြစ်လို့ စိတ်မဝင်စားပါဘူး။ သူတို့ဖာသာသူတို့ ဘာလုပ်လုပ် သူတို့အရေးသူတို့ကိစ္စပဲလေ။ 

ဒါပေမဲ့ သာမှန်လူစုတဲ့ပါတီလေးကို ပုလင်းကြီးတွေထောင်ပြီး ကဲတာမျိုး ပြဲတာမျိုးကျတော့ ကျွန်တော်နဲ့ အဆင်မပြေဘူး။ ပါတီဆိုတိုင်း အသောက်ကြီးအစားကြီးတွေနဲ့ လုပ်ရမယ်လို့မှ မဆိုလိုဘဲ။ ကိုယ့်ပါတီနဲ့ ကိုယ့်နေရာမှာဆိုရင် တစ်မျိုး၊ အခုဟာက သူများပါတီမှာ ကိုယ်ထင်သလို လုပ်သလိုမျိုးဆိုတော့ ကြာကြာ မနေလိုက်ဘူး အိမ်ရှင်ကို အမြန်လေး နုတ်ဆက်ပြီး ထွက်လာလိုက်တယ်။ သူလည်း မျက်နှာမကောင်းရှာဘူး။ ကျွန်တော် အဲဒီလို လူစုလူဝေးနဲ့ အငွေ့အသက်တွေကို လုံးဝ မကြိုက်ဘူး။ 

ပကတိအတိုင်း Positive ဖြစ်နေတာကနေ ချက်ချင်းဆိုသလို Negative ဖြစ်သွားသလို ခံစားရတယ်။ ပျော်ပျော်လေးပဲ နုတ်ဆက်ပြီး ထွက်လာလိုက်တာပါ။ သူတို့လုပ်နေတာကို ဆန့်ကျင်သလိုမျိုး မလုပ်ခဲ့ပါဘူး။ ကျွန်တော်တော့ ကိုယ့်အဆင့်အတန်း ကိုယ်တိုင်ကပဲ သတ်မှတ်ပြီး တည်တည်ကြည်ကြည် ရပ်တည်ရမယ်လို့ ခံယူထားလို့ သူ့နေရာသူ မဟုတ်ရင် ကိုယ့်အဆင့်ကို အောက်ကျမခံနိုင်ဘူး။ မောက်မာတဲ့ အတွေးမျိုး မဟုတ်ဘူးလို့လည်း ခံယူထားတယ်။ အပေါင်းအသင်းက ဖိအားပေးလာတိုင်း လိုက်လုပ်ရအောင်လည်း စိတ်ဓါတ်ပျော့ညံ့သူ မဟုတ်ဘူး။ ပျော်တတ်ပေမဲ့ အပျော်လွန်အောင်တော့ ဘယ်တော့မှ မနေချင်ဘူး။

ဧပ္ပိတေတုစ်ပြောခဲ့ဖူးတာလေး ရှိတယ်ဗျ။ ဘယ်လိုအခြေအနေပဲရောက်ရောက် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ဆုံးမနေရမယ့် စကားလေးပါ။ 

“မင်းဘယ်လိုလူဖြစ်ချင်သလဲဆိုတာကို ကိုယ်တိုင်ကပဲ ဆုံးဖြတ်ပါ။ သူများကြောင့် ကိုယ့်အဖြစ်ကို ပြောင်းလဲခံယူရတာမျိုး မဖြစ်စေနဲ့” တဲ့။ သိပ်ပြီး အဓိပ္ပါယ်ရှိတာပဲ။ 

အချုပ်အနှောင်ကင်းတဲ့ နေနည်းကို လမ်းညွှန်ပေးထားတာဗျ။ အခြေအနေတွေရဲ့ ဖိအားကနေ လွန်မြောက်အောင် ရုန်းထွက်ပြီး ကိုယ်ပိုင်စံ ကိုယ်ပိုင်ဘဝ တည်ဆောက်နည်းပါ။ “အလုပ်မှာ ဘယ်လိုပုံစံနဲ့ နေမလဲ” လူတွေအကြိုက်နေမလား၊ ကိုယ့်စိတ်နဲ့ကိုယ် နေမလား။ သူများအကြိုက် လိုက်နေပြီး သူများအလို လိုက်နေရမလား။ ကိုယ့်အပေါ်မှာပဲ မူတည်တာပါ။ အိမ်မှာကျတော့တစ်မျိုး၊ အလုပ်မှာကျတော့တစ်မျိုး၊ မိ

အချိန်ဆွဲတာကိုကုစားမယ် စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်ဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်ရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း

Unlock to read this premium article with 100 points.