Author's Profile Photo

Yara

12/02/2025

ချစ်မိဖို့က လွယ်ပါတယ်

1 min read
Life Style
Personal Development
ချစ်မိဖို့က လွယ်ပါတယ်'s photo

လူတစ်ယောက်ကို ချစ်မိဖို့က လွယ်ပါတယ်။ အဲဒီချစ်ခြင်းကို ထိန်းသိမ်းသွားဖို့ပဲ ခက်တာပါ။

နူးညံ့ညင်သာတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို ခံစားလာရပြီဆိုတာနဲ့ တစ်ဖက်သားအပေါ် သံယောဇဉ် (attachment) တွေပိုတိုးလာပါတယ်။ နောက်ဆက်တွဲအနေဲ့ အတ္တ( Ego) တွေပါ ရောပါလာပါတော့တယ်။


ကမ္ဘာပေါ်မှာ အရင်းနှီးဆုံးလူသားနှစ်ဦးလို့ သတ်မှတ်ထားတဲ့ ကိုယ့်ရဲ့ပါတနာအပေါ် ကိုယ်ကိုတိုင် အပြည့်အဝ ယုံကြည်နိုင်ကြရဲ့လား။ ယုံကြည်တယ်လို့ပြောရင်တော့ လိမ်တာပါပဲ။ ဒါဆိုရင် သဝန်တိုမှုဆိုတာ ဖြစ်ပေါ်လာစရာ အကြောင်းကိုမရှိပါဘူး။

ကိုယ့်လူကိုယ်တော့ ယုံပါတယ်။ ဒါပေမဲ့ တတိယလူဆိုတာ အချိန်မရွေးပေါ်လာနိုင်တာပဲ မဟုတ်လား။

ဒီတော့ ဘယ်လောက်ထိ healthy ဖြစ်တဲ့ relationship တစ်ခုဖြစ်နေပါစေ‌ လူ့သဘာဝအရ သာယာမှုဆိုတာကို မတားဆီးနိုင်ပါဘူး။ ကိုယ့်အပြင် နောက်ထပ်တစ်ယောက်အ‌ပေါ် သာယာမှုရှာသွားကြမှာကို လူတိုင်း တွေးပူကြရတာပါပဲ။

ဒါဟာ ၁၅၀၀ အချစ်နဲ့ ၅၂၈ ကြားက ကွာခြားမှုပါ။

၅၂၈ ဆိုတဲ့ ချစ်ခြင်းမှာ သာယာမှုမပါ ပါဘူး၊ သဝန်တိုမှုမရှိပါဘူး၊ ချန်ထားခံရမှာ ကြောက်စရာမလိုပါဘူး၊ တတိယလူမပြောနဲ့ ဒသမလူအထိ ပေါ်လာပါစေဦး မှုစရာမလိုပါဘူး။ ရိုးရိုးရှင်းရှင်း ချစ်ခြင်းမေတ္တာလေးတစ်ခုပါပဲ။ အဖြူထည်သက်သက် တပ်မက်ခြင်း၊ နှောင်ဖွဲ့ခြင်းကင်းတဲ့ organic ချစ်ခြင်းမျိုးပါ။

ဒါပေမဲ့ လူရယ်လို့ဖြစ်လာရင် ဘယ်ချစ်ခြင်းမျိုးကိုမှ ရှောင်လွှဲလို့မရပါဘူး။ အခုမချစ်ဖြစ်ရင်တောင် နောင်ချစ်လာမှာ မလွဲပါဘူး။

ချစ်မိဖို့က လွယ်ပါတယ်...

  • နားလည်မှုရှိဖို့ ခက်ပါတယ်။
  • နှစ်ဦးကြား mutual respect ထားကြဖို့ ခက်ပါတယ်။
  • အချင်းချင်း Privacy ရှိဖို့ ခက်ပါတယ်။
  • ညှာတာတတ်ဖို့ ခက်ပါတယ်။
  • စာနာတတ်ဖို့ ခက်ပါတယ်။
  • ကူညီပေးတတ်ဖို့ ခက်ပါတယ်။
  • ခိုင်မြဲဖို့ ခက်ပါတယ်။
  • အချင်းချင်း Ethics ရှိဖို့လည်း ခက်ပါတယ်။
  • စွန့်လွှတ်ဖို့လည်း ခက်သလို မုန်းပစ်ဖို့လည်း အခက်ကြီး ခက်ပါတယ်။


အချစ်တစ်ခုကို ပိုင်ဆိုင်ရပြီဆိုရင် ကြုံလာရမယ့် အခက်အခဲတွေက အများကြီးပါ။


ဒါကြောင့် လွယ်လွယ်ချစ်ပြီး လွယ်လွယ်တွယ်တာ‌‌နေတဲ့အခါ ခဏလောက် break time ယူပြီး စဉ်းစားကြည့်ပါ။ ခက်ခဲတာတွေကို ငါလွယ်ကူအောင် လုပ်နိုင်ပါ့မလားလို့... လွယ်တော့ မလွယ်ဘူးပေါ့...

#Yara
13.2.2025 (12:19 AM)




Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)