B4; You WATCH
သဘာဝကျကျပုံစံလေးနဲ့ ဘဝအမောတွေကို ခဏတာပြေပျောက်စေနိုင်မဲ့ One Of Them Days ဆိုတဲ့ Comedy ရုပ်ရှင်လေးကို review လုပ်ပေးချင်ပါတယ်။
ဒီရုပ်ရှင်ကိုတော့ Sony Pictures Releasing ကနေဖြန့်ချီမှာဖြစ်ပြီးတော့ Syreeta Singleton ရဲ့ ဇာတ်ညွှန်းကို Lawrence Lamont ကရိုက်ကူးပေးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Keke Palmer, SZA နဲ့ Katt Williams တို့ အဓိကပါဝင်ထားကြပါတယ်။ဇာတ်လမ်းပုံစံကတော့ အခန်းဖော်သူငယ်ချင်းရဲ့ကောင်လေးက အိမ်ငှားခပိုက်ဆံတွေကို ယူသုံးလိုက်တာကြောင့် ပိုက်ဆံအချိန်မှီပြန်ရှာကြရမဲ့ အခန်းဖော်သူငယ်ချင်း ၂ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာပါ။
လူမဲတွေအဓိကသရုပ်ဆောင်တဲ့ ဟာသရုပ်ရှင်တော်တော်များများက dialogues နဲ့ ရယ်ရတာများပေမဲ့ ဒီရုပ်ရှင်မှာက dialogues ရော acting နဲ့ပါ ရယ်ရစေတာကတော့ ထူးခြားချက်ပါ။ တကယ့်ကို ရပ်ကွက်ထဲမှာဖြစ်ပျက်နေတဲ့ တစ်နေ့တာအလွဲပုံစံ mood ကိုရတဲ့အပြင် Keke နဲ့ SZA တို့ရဲ့ acting အချိတ်အဆက်မိနေမှုကလဲ ဇာတ်လမ်းကို ပိုကြည့်ကောင်းစေပါတယ်။ SZA ကို pop star တစ်ဦးအနေနဲ့သာမကပဲ ဒီရုပ်ရှင်မှာသရုပ်ဆောင်သွားတဲ့ပုံကိုကြည့်ပြီးတော့ Lady Gaga တို့ Jennifer Lopez တို့လိုမျိုး ရုပ်ရှင်တွေပါ အများကြီး ရိုက်စေချင်မိပါတယ်။ ဒီလိုရုပ်ရှင်တွေမှာ ပြောစရာမလိုအောင်ကောင်းလွန်းတဲ့ နောက်ခံတေးဂီတအပိုင်းကလဲ ဇာတ်လမ်းနဲ့အတော်လေး လိုက်ဖက်ပါတယ်။ နည်းနည်းထောက်ပြစရာဆိုလို့ ရုပ်ရှင်ထဲမှာပါတဲ့ King Lolo ရဲ့ဇာတ်ကောင်နည်းနည်းလေးပေါတာက ရုပ်ရှင်ရဲ့ pre ending နဲ့ မလိုက်ဖက်သလိုခံစားရတာလောက်ပါပဲ။ လောကမှာ အဆိုးတွေကြီးပဲရှိမနေပဲ အဆိုးတွေပြီးရင် အကောင်းတွေဟာလဲ မထင်မှတ်ပဲရောက်လာနိုင်ကြောင်း၊ သူတစ်ပါးအပေါ် မတရားသဖြင့် ပြုလုပ်ခြင်းက ကိုယ်ပြန်ခံရနိုင်တယ်ဆိုတဲ့အကြောင်း၊ စစ်မှန်တဲ့ ကူညီရိုင်းပင်းဖေးမမှုနဲ့ သူငယ်ချင်းကောင်းဆိုတဲ့အဓိပ္ပါယ်၊ လူတစိယောက်ကို အပေါ်ယံပဲကြည့်ပြီးမဆုံးဖြတ်ဖို့ စတဲ့အရာတွေကိုလဲ ပညာပေးသဘောအနေနဲ့ ထည့်သွင်းပေးထားပါတယ်။
One of Them Days ဟာ budget $14 million ပဲသုံးခဲ့ပြီးတော့ January 17 ရက်နေ့ကမှရုံတင်ခဲ့တာဖြစ်ပေမဲ့ လက်ရှိမှာ Box Office ဝင်ငွေ $39.7 million အထိပြန်လည်ရရှိထားသလို ကောင်းမွန်တဲ့ မှတ်ချက်ပေးမှုတွေကိုလဲ သိမ်းပိုက်ထားပါတယ်။
---------------------------------------------------------------------------
One of Them Days (2025)
Rated (R)
IMDb (7/10)
Rotten Tomatoes (95%)
B4: You WATCH's Rating (8.1/10)
#b4youwatch #ရုပ်ရှင် #filmcritic #cinematic #movies #moviereview
Keep Reading