အက္ခရာ - Haruki
ဝါသနာရှိခြင်းဟာ လုပ်ဆောင်ရမယ့်အလုပ်တွေကိုပိုပြီးအထမြောက်အောင်မြင်စေတတ်ပါတယ်။ လူငယ်လူရွယ်တစ်ယောက်မှာ ဒီလိုဝါသနာလေးမျိုးရှိနေတယ်ဆိုရင် သူ့အနေနှင့်အောင်မြင်တဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်လိမ့်မယ်လို့ အကြမ်းဖျင်းသတ်မှတ်နိုင်ပါတယ်ခင်ဗျာ။
? - ဝင်ငွေ
နံပါတ်တစ်အနေနှင့်ကတော့ ဝင်ငွေပေးနိုင်တဲ့ဝါသနာတစ်ခုရှိထားသင့်ပါတယ်။ ဒီဝါသနာဟာ သက်မွေးဝမ်းကျောင်းလုပ်လို့ရတဲ့ အထိ ငွေကြေးပေးစွမ်းနိုင်တဲ့ဝါသနာဖြစ်ဖို့လိုအပ်ပါတယ်။
? - Self work
နံပါတ်နှစ်ဝါသနာကတော့ ကိုယ့်ကိုယ်ပုံစံတကျဖြစ်နေအောင်ကူညီပေးနိုင်တဲ့ဝါသနာပါ။ ဟင်းချက်တာ စာဖတ်တာလိုမျိုး ကိုယ့်ကို အထောက်အကူပေးနိုင်တဲ့ဝါသနာတစ်ခုရှိဖို့လိုအပ်ပါတယ်။
? -ဖန်တီးနိုင်စွမ်း
နောက်ထပ်ရှိသင့်တဲ့ဝါသနာတစ်ခုကတော့ ဖန်တီးတီထွင်နိုင်စွမ်းကို လေ့ကျင့်ပေးနိုင်တဲ့ဝါသနာဖြစ်ပါတယ်။ အသစ်အသစ်သောအရာတွေကိုလေ့လာပြီး ဦးနှောက်ကိုအမြဲအသစ်ဖြစ်နေအောင် ဖန်တီး ပေးထားခြင်းဟာ လူတွေအတွက်ရှိနေသင့်တဲ့ဝါသနာတစ်ခုဖြစ်ပါတယ်။
? - အသိပညာ
နောက်ထပ်ရှိနေသင့်တဲ့ ဝါသနာတွေကတော့ အသိပညာတွေပိုတိုးလာစေတဲ့ ဝါသနာတစ်ခုနှင့် စိတ်ပိုင်းဆိုင်ရာမှာ ရင့်ကျက် တည်ငြိမ်လာအောင်ကူညီပေးနိုင်တဲ့ ဝါသနာရှိနေဖို့ပါပဲ။
ဥပမာ- စာရေးတာဟာ ငွေကြေးဝင်စေနိုင်သလို အသိပညာတိုးအောင်နဲ့ ရင့်ကျက်လာအောင်ပါ ကူညီပေးနိုင်တဲ့ဝါသနာပါ။ အလားတူ အားကစားလုပ်တာဟာ ပုံစံတကျဖြစ်စေတဲ့အပြင် ဦးနှောက်ကိုအမြဲအသစ်ဖြစ်နေစေမယ့်ဝါသနာဖြစ်ပါတယ်ခင်ဗျာ။
mmload ( Rewrite by Haruki )
Telegram - https://t.me/Life_Explored_Channel
ᏂᏗᏒᏬᏦᎥ
Keep Reading