Author's Profile Photo

A Kha Ya (အခရာ)

11/02/2025

စာလုပ်တဲ့အခါ Productive ဖြစ်ဖို့ နည်းတစ်ခု

1 min read
Life Style
Personal Development
Education

ကျနော့်အနေနဲ့ စာလုပ်တဲ့အခါမျိုးမှာ Pomodoro Technique ကို သုံးပြီး စာလုပ်လေ့ရှိပါတယ်။ ပုံမှန်ဆို System app ဖြစ်တဲ့ Alarm ကို သုံးပြီး 25 Minutes Timer နဲ့ စာလုပ်လေ့ရှိပါတယ်။

Timer နဲ့ စာလုပ်တာနဲ့ ဒီတိုင်းစာလုပ်တာဘာကွာလဲဆိုတော့ Timer နဲ့ စာလုပ်ရင် ငါ့မှာ အချိန်အများကြီးမရှိဘူး အဲ့တာကြောင့် ငါသတ်မှတ်ထားတဲ့ အချိန်မှာ စာကိုပဲ Focus ထားပြီးလုပ်ရမယ်ဆိုတဲ့ Signal တစ်ခုကို ကျနော်တို့ရဲ့ ဦးနှောက်ဆီကို ပို့လွှတ်ပေးပါတယ်။

ကျနော့်တို့ရဲ့ ဦးနှောက်ကလည်း အဲ့ Signal ကို လက်ခံရရှိပြီး ကျနော်တို့ သတ်မှတ်ထားတဲ့အချိန်မှာ အလုပ်လုပ်နိုင်ဖို့ Automatically သတိပေးမှာ ဖြစ်ပါတယ်။ အဲ့တာကြောင့် Timer နဲ့ စာလုပ်တာက စာပိုပြီး လုပ်ဖြစ်စေတယ်လို့ပြောရမှာပါ။

ကျနော်ကိုယ်တိုင်လည်း အသုံးပြုပြီး တကယ်လည်းအသုံး၀င်တဲ့ Application တစ်ခုကို မျှဝေပေးချင်ပါတယ်။ အားလုံးအတွက်လည်း အသုံး၀င်မယ်လို့မျှော်လင့်ပါတယ်။

အဲ့တာကတော့ Flip Clock ပါ။ Download Link ကိုတော့ အောက်မှာ ချပေးထားပါမယ်ဗျ။ သူ့မှာ Alarm Pomodoro Stopwatch နဲ့ Timer ဆိုပြီး အဓိက‌ပါ၀င်ပါတယ်။ Swipe Left က Pomodoro Timer ၊Swipe Right က Stop watch ၊Swipe Up က Setting ဆိုပြီး Shortcut ပုံစံလုပ်ပေးထားပါတယ်။

Appearance အနေနဲ့ Original Theme က Black ဖြစ်ပါတယ်။ Theme 10 မျိုးပါ၀င်ပြီး လုံး၀ Premium ဆန်တဲ့ Theme တွေပါ။ Font အနေနဲ့လည်း ရွေးချယ်စရာ 13 မျိုးအထိပါ၀င်ပါတယ်ဗျ။

ဆိုတော့ Pomodoro Technique ကို သုံးပြီး Productive ဖြစ်တဲ့ Study Time လေးကို Flip Clock App နဲ့ စတင်လိုက်ရအောင်လားဗျာ...။

🤖 Android - https://play.google.com/store/apps/details?id=com.wssc.simpleclock

- အခရာ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)