Author's Profile Photo

Hein Zaw

10/02/2025

Motivation ရှာတာထက် အလေ့အကျင့်တည်ဆောက်ပါ

1 min read
Life Style
Personal Development
Motivation ရှာတာထက် အလေ့အကျင့်တည်ဆောက်ပါ
's photo



လူတစ်ယောက် တိုးတက်တယ်၊ မတိုးတက်ဘူးဆိုတာက သူ့ရဲ့အလေ့အကျင့် (Habit) နဲ့အဓိကဆိုင်တယ်။ ကောင်းတဲ့အလေ့အကျင့်တွေက တိုးတက်စေပြီး မကောင်းတဲ့အလေ့အကျင့်တွေကတော့ ဆွဲချပါတယ်။
လူတစ်ယောက်ရဲ့ ပုံမှန်အပြုအမူတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်က သူ့ရဲ့ အလေ့အကျင့်ကို အခြေခံတာလို့ ပြောကြတာရှိတယ်။

“အောင်မြင်သူတွေအားလုံးကို တစ်ပြေးညီတိုင်းတာလို့ရတဲ့ စံတစ်ခုက သူတို့ဆီမှာ အလေ့အကျင့်ကောင်းတွေနဲ့ တည်ဆောက်ထားတဲ့ အလေ့အထတစ်ခုရှိနေတာပါပဲ။ ဘယ်လောကမှာမဆို အအောင်မြင်ဆုံးဆိုတဲ့သူတွေ၊ အောင်မြင်ဆုံး အားကစားသမားတွေ၊ ရှေ့နေတွေ၊ နိုင်ငံရေးသမားတွေ၊ သမားတော်တွေ၊ စီးပွားရေးလောက ဦးဆောင်သူတွေ၊ ဂီတသမားတွေနဲ့ အရောင်းသမားတွေ စသဖြင့် သူတို့လုပ်တဲ့အလုပ်တွေမှာ အကောင်းဆုံးလုပ်နိုင်တဲ့သူတွေဟာ တူညီတဲ့အချက်တစ်ချက်ရှိတယ်။ အဲဒါကတော့ အကျင့်ကောင်းတွေရှိနေတာပါပဲ။” လို့ Jack D. Hodge က သူ့ရဲ့ Power of Habit စာအုပ်မှာ ပြောထားတယ်။

တချို့က တခြားသူတွေနဲ့ ပတ်ဝန်းကျင်ကလာတဲ့ External Motivation ကို မျှော်တယ်။ ပြင်ပ Motivation ဆိုတာ ကြာကြာမခံဘူး။ ဒါကြောင့်ပဲ Motivational Speaker ဖြစ်တဲ့ Zig Ziglar က Motivation ဆိုတာ ရေချိုးသလိုပဲ။ နေ့တိုင်းလုပ်ပေးရတယ်လို့ ပြောဖူးတယ်။

အလေ့အကျင့်တည်ဆောက်ထားရင် ဘာ ပြင်ပ Motivation မှမလိုဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ရင် သိတယ်။ လေ့ကျင့်ခန်းလုပ်တယ်ဆိုပါစို့။ အစပိုင်းမှာ သိပ်ပင်ပန်းတယ်။ အဖော်လေးနဲ့မှ Gym သွားချင်တယ်။ ဒါပေမဲ့ ဒါက Habit အဆင့်ထိရောက်သွားပြီဆိုရင် ခင်ဗျားကို ဘယ်သူမှာ လာတွန်းစရာမလိုတော့ဘူး။ ဘယ်သူလိုက်လိုက် မလိုက်လိုက် Gym သွားရရင် ပျော်နေတာ။ ပြောရရင် မလုပ်ရရင်ကို မနေနိုင်တော့တာ။ အဲ လေ့ကျင့်ခန်းမလုပ်တာကြာသွားပြီဆိုရင်လည်း ပြန်လုပ်ဖြစ်ဖို့ အတော်မလွယ်တာ။ လေ့ကျင့်ခန်းမလုပ်ခြင်းက အလေ့အကျင့်ပြန်ဖြစ်သွားတာ။

ဒါကြောင့် တိုးတက်ချင်ရင် Habit ကောင်းတွေ တည်ဆောက်ဖို့အရေးကြီးတယ်။ Motivation လိုက်ရှာတာထက် အလေ့အကျင့်တည်ဆောက်တာ အကောင်းဆုံးပဲ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်အဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်