ယဥ်သီရိလှိုင်(ဆောင်း)
ငယ်ငယ်ကလေမအိုဆေးဆိုတာကို နုပျိုသွားအောင်လုပ်ပေးတဲ့ဆေးလို့ထင်တာ ဘယ်ဟုတ်မလဲအိုတောင်မအိုဘဲတခါထဲ တန်းလျှောတာကိုပြောတာဖြစ်နေတယ် မအိုဆေးနဲ့ပက်သတ်လို့ အရင်ဆုံးသူ့အရသာကိုပြောပြမယ်ဗျ သူကအရင်ဆုံးပါးစပ်ထဲမှာခါးသတ်သတ်နဲ့ရယ် နောက်မျိုချလိုက်တဲ့ချိန်မှာလည်ချောင်းထဲပူပြီးဆင်းသွားတယ်ရင်ထဲရောက်သွားတော့ပူရှိန်းကြီး နေလို့မကောင်းဘူးပေါ့ဗျာ အဲ့တာကပထမဆုံးတခွက်ပေါ့နောက်ထပ်တခွက်ထပ်သောက်ကြည့်လိုက်တယ် မဆိုးပါဘူးခါးတဲ့အရသာလေးကိုခုံမင်လာတယ် ဟုတ်ပြီဗျာနောက်တခွက် ၃ခွက်မြောက်ပေါ့ မိုက်တယ်ဗျချိုလာသလိုဘဲ တခွက်လုံးမော့ကြည့်လိုက်တယ် ဟာဗျာမပြောပြတတ်တဲ့ခံစားမှုကိုခံစားလိုက်ရတယ်လေဟာနယ်တခုထဲရောက်သွားသလိုဘဲ ဘယ်သူမှမမြင်တော့ဘူး ကျွန်တော်တယောက်တည်းအရမ်းနေလို့ကောင်းပြီးစိတ်ညစ်တာတွေမေ့ထားလိုက်လို့ရတယ် ဟုတ်ပြီဗျာဒါကတော့သူ့အရသာလေးနဲ့ခံစားရတဲ့တပိုင်းပေါ့ ဒီအထိကြည့်ရင်သောက်ကြည့်ချင်နေပြီမလား သောက်ကြည့်ပါနောက်တာမဟုတ်ပါဘူး အတွေ့ကြုံတခုရတာပေါ့ ကဲနောက်ထပ်ပြောပြချင်တာကသူ့ရဲ့ဆိုးကျိုးကောင်းကျိုးလေးတွေ သူကပါးစပ်ထဲမှာတော့သောက်လိုက်ရင်ကောင်းတယ်ချိုတယ်ပေါ့ အဲ့ကနေဗိုက်ထဲစီးသွားတယ် ပထမတခေါက်နဲ့တော့ဘာမှမဖြစ်သေးဘူးလေ လူခန္ဓါကိုယ်ကအဲ့လောက်ဘယ်နုမလဲ ခုနကအရသာလေးကိုစွဲစွဲပြီးတလတခါသူငယ်ချင်းတွေနဲ့သွားသောက်တယ် ဟောနောက်တော့တပတ်တခါပေါ့ အဲ့ကနေ၂ရက်ခြား နောက်ဆုံးညနေခင်းလေးတိုင်းအမြည်းလေးနဲ့ အိုသိပ်ကောင်းတဲ့လူ့ဘဝ နောက်ပိုင်းတော့အရက်သမားဆိုတဲ့ဘွဲကြီးတခုရသွားပြီးတော်လိုက်တာဗျာ မကြာပါဘူး ရောဂါလေးတွေတခုပြီးတခုပေါ့ အစာအိမ်ဖြစ်တယ်နောက်များမကြာအသဲမကောင်းတော့ဘူး ဘာဖြစ်လဲလေ အရင်ကမရှိဘူးတဲ့ဆေးစာအုပ်လေးတွေရတာပေါ့ပျော်စရာကောင်းပါဘိ ဆေးစာအုပ်လေးတွေတအုပ်ပြီးတအုပ်ဆေးရုံခနခနသွား nurseလေးတွေလှတာဗျာ ဒီလိုအချောလှလေးတွေမြင်ရတာနဲတဲ့ကံလား ဆေးရုံကအပြန်ကလေးတသိုက်နဲ့တွေ့ပြန်တော့အရက်သမားကြီး အရက်သမားကြီးပြေးပြေး ဆိုတဲ့အော်သံလေးတွေကြားရပြန်ရော ဘယ်ဆိုးလို့ငါ့ကိုကြောက်တာကြည့်စမ်း ငိုတောင်ပြေးတယ် ဟော ကောင်မလေးတွေနှာခေါင်းရှုံ့နေပြန်သတဲ့ အော်သိပြီ ငါရဲ့ကိုယ်သင်းရနံ့ကိုမခံနိုင်ဘူးထင်တယ်ဒီလိုဘဲ ဘာမှမလိမ်းမဖီးနေတာတောင် ကိုယ်သင်းရနံ့ကအဲ့လိုမျိုး ဟင် ဒီခွေးကငါ့ကိုဘာတွေပြော လူမလေးခွေးမခန့်တဲ့လေ ဟုတ်ပါပြီဗျာခုချိန်ထိပြောသွားတာတွေကြည့်တာနဲ့တင်မအိုဆေးလေးမြည်းကြည့်ချင်သွားပြီမလား မြည်းကြည့်ပါ တကယ်ပြောတာပါကျွန်တော်ပြောသလိုအရသာတွေရပြီးလေပေါ်မြောက်နေတဲ့ခံစားမှုတွေပါခံစားရလိမ့်မယ် ဒါမယ့်အကျိုးဆက်ကိုတော့လက်ခံနိုင်ရမှာပေါ့နော်
ချစ်သောreaders လေးတွေ ?
Keep Reading