May Me- Author
ကျမ အကောင့်ထဲ ကျမမိတ်ဆွေတွေက လူလတ်ပိုင်းအရွယ်တွေနဲ့ အထက်ကပိုများမယ်ထင်ပါတယ်နော်
စာလေးရေးပါအုံးမယ် စေတနာလေးအဆစ်ထည့်ပေးထားပြီးသားနော်
ဟိုတနေ့က အသိအကိုတယောက် ရှယ်လိုက်တဲ့ စာလေးကိုဖတ်မိတယ် (နောင်အနှစ် 20 ကြာတဲ့ အခါနောင်တရစရာက မင်းလုပ်ခဲ့တဲ့အရာမဟုတ်ဘူး မင်းမလုပ်ခဲ့ရတဲ့အရာတဲ့ )
အဲ့ထဲကခေါင်းထဲမှာ အတွေးလေးတွေကျန်ခဲ့တယ် စာလေးရေးဖို့လဲ အတွေးရတယ် မအားလို့ မရေးဖြစ်တာပါ စာရေးတယ်ဆိုတာ ခံစားရမှ ရေးလို့ရတယ်ဆိုတာထက် မခံစားရပဲလဲ စိတ်ကူးပုံဖော်ပြီးရေးလို့ရပါတယ် ဝါသနာပါရင်ပေါ့
အဓိကက စာရေးရတာ ကြိုက်တဲ့ သူအတွက် တိတ်ဆိတ်ညိမ်သက်တဲ့ ပတ်၀န်းကျင်ရယ် ကြည်လင်ပျော်ရွှင်နေတဲ့ စိတ်ကလေးရယ်ပဲပိုင်ဆိုင်ဖို့ပဲလိုတာပါ ဒါလေးက သဘောကို ပြောပြတာပါ
ကျမ အသက် 27 မှာ စာအုပ်လေးတစ်အုပ်ကို ဖတ်ခဲ့ရတယ် (အသက် 30 မတိုင်ခင် လုပ်သင့်သည့်အချက်များတဲ့) အဲ့စာအုပ်ကိုဖတ်တဲ့ အချိန်မှာ ငါဒီစာအုပ်ကို ဖတ်ရတာ နောက်ကျလိုက်တာလို့လဲတွေးမိခဲ့ပါတယ် တဖက်ကတွေးကြည့်တော့လဲ ဖတ်လိုက်ရတာ ကံကောင်းလိုက်တာလို့ပြောရပါမယ် အဲ့ချိန်ထိ ရည်ရွယ်ချက်ဆိုတာပဲရှိတာပါ
ကိုယ် ဆယ်တန်းနှစ်ချင်းပေါက်အောင်ရမယ် ဘွဲ့ရရင် Company ကြီးကြီးမှာ အလုပ်လုပ်ပြီး အဖေနဲ့ အမေကို အိမ်ကောင်းကောင်းမှာထားမယ် ဆိုတဲ့ ရည်ရွယ်ချက်လေးပါပဲ ကိုယ်ပျော်ရွှင်ဖို့က ဘယ်အရာတွေအဓိကကျလဲ ဆိုတာအဲ့အချိန်ကဘာမှ မသိသေးပါဘူး
စိတ်ကူးလေးထဲမှာတော့ ဘ၀ကို သက်သောင့်သက်သာ နေထိုင်ရတဲ့ အချိန် တစ်ယောက်ထဲ ဆိုင်ကယ်ကို လွင့်နေအောင်စီးပြီး အလှဆုံးနေမယ်ဆိုတဲ့ စိတ်ကူးလေးတော့ရှိခဲ့ဘူးပါတယ်
အဲ့လိုဆိုဘ၀ဟာပြည့်စုံနေမှာပဲလို့လဲ စိတ်ကူးယာဥ်ခဲ့ဘူးပါတယ် စာတွေကတော့ ငယ်ငယ်ထဲက ရေးဖြစ်ပါတယ် ဟိုဟိုဒီဒီ တောင်တောင်အီအီပေါ့ ကဗျာလိုလို ဂျာနယ်လိုလိုပေါ့လေ
နောက်တော့ ဘ၀ကိုရုန်းကန်ရင်းကြီးပြင်းလာလို့ ဘာမှမလုပ်ဖြစ်ပဲ ငွေနောက် ကိုလိုက်ပါတယ် အလုပ်တွေလုပ်ပါတယ် မနားမနေ လုပ်ရင်း အချိန်တွေကုန်လာတာ အသက်လဲ 40 နားနီးနေပါပြီ
ခုအနေထားလေးရောက်လာတော့ ကြုံတွေ့ရတဲ့ ဘ၀က ခေတ်ပျက်ထဲမှာနေထိုင်နေရပြီး တနေ့နေ့ လူတွေသေတဲ့ သတင်း အိမ်တွေမီးလောင်တဲ့ သတင်းတွေကြည့်ပြီး စိတ်နှလုံးတွေနာကျင်ခံစားရတာ နှစ်နဲ့ချီလာတော့ စိတ်ကိုပျော်ရွှင်စေဖို့ နည်းလမ်းရှာရမယ်လို့ တွေးမိလာတယ်
ငါလဲ လူပဲ သေတတ်တဲ့ အမျိုးဆိုတာ အမှတ်ရလာတယ် ဘာအလုပ်မှမလုပ်ပဲ တွေးတယ် စဥ်းစားတယ် ငါ ဘာလုပ်ချင်လဲ ဘယ်လိုနေထိုင်ရင် ပျော်ရွှင်ရမလဲ စဥ်းစားတော့ ဒေါသတွေကိုလျော့ချရမယ် လောဘတွေကို အတောသပ်ရမယ် မုဓိတာစိတ်လေးနဲ့ နေထိုင်ရမယ် စာတွေရေးမယ် ဆိုပြီး ပူရပင်ရတဲ့ ညီကိုယ်မောင်နှမကစ သူတို့ ကလေးတွေမဟုတ်တော့ဘူးလို့ တွေးပြီး လွတ်ချလိုက်တဲ့ခါ စိတ်ဟာ အေးချမ်းလာတယ်
စိတ်တွေနေကောင်းကျန်းမာနေမှ ကူညီရတာတွေကို ကျမတို့စိတ်ရှိတိုင်းလုပ်ပေးနိုင်မယ်လို့လဲတွေးမိသွားပါတယ် ဒါကြောင့်မို့ကျမပျော်ရွှင်စရာကို ရှာပါတယ် လက်ကျန်သက်တန်းဟာ ခန့်မှန်းလို့ မရဘူးမို့လား ငယ်ထဲက ပြေးလွားရင်းရှင်သန်လာရတာခုလောက်ဆိုတော်သင့်ပြီလို့ ထင်ပါတယ်
ဒါကြောင့်ကျမ လှလှပပနေထိုင်တယ် စိတ်ကူးယာဥ်မိတဲ့အခါ ကဗျာတွေရေးတယ် ခုလိုအတွေးပေါ်တဲ့အခါ စာတွေရေးတယ် ပန်းပင်တွေစိုက်တယ် စာအုပ်တွေဖတ်တယ် အက်ျီတွေချုပ်တယ် ပုံတွေဆွဲတယ် ချစ်ရသူတွေကို စားစေချင်တာတွေ လုပ်ကြွေးတယ်
ကျမပျော်ရွှင်ရတယ် ဒါက ကျမ အသက် 30 ကျော်မှာရှာတွေ့တဲ့ တသက်တာအတွက် ဘ၀ကိုပျော်အောင်နေနည်းပါ
ကျမမိတ်ဆွေတွေကိုပြောချင်တာက ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်ရလားဆိုတာ မိတ်ဆွေတွေသတိထားမိလားရှင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးခွန်းလေးတွေပြန်ထုပ်ကြည့်ကြရအောင်ပါ ဘ၀ကို ဘယ်လို ပျော်ရွှင်စွာနေထိုင်မလဲလို့ တွေးခဲ့ဘူးလား စိတ်ကူးယာဥ်ခဲ့ဖူးလား
တချို့ မတွေးမိခဲ့ဘူးလို့ထင်ပါတယ် ဘာလို့ဆို ကိုယ်ဘာဖြစ်ချင်တာလဲ ခုထိမသိသေးဘဲ အချိန်တွေကုန်မှန်းမသိကုန်ခဲ့ကြတာတောင် ဘ၀မှာပျော်စရာဆိုတာ မရှိကြသလိုနေထိုင်တာ ကျမတွေ့ရပါတယ် သူတို့ကို တွေ့ရတာ တစ်ခုခုကို အလိုမကျနေသလို ကျမခံစားရပါတယ် ပြေးလွားရင်း ရုန်းကန်ရှင်သန်ရင်း မိမိနှစ်သက်တာတွေလုပ်ရင်း စိတ်အပန်းဖြေစေချင်မိတယ်
ကျမစာလေးရေးလိုက်လို့ ဖတ်မိလိုက်ရင် ပျော်ရွှင်စရာတွေကို ရှာတွေ့ပါစေဆိုတဲ့ စိတ်ကလေးတစ်ခုနဲ့ ရေးပေးတာပါ လူရယ်လို့ဖြစ်လာရင် တနေ့တာ လုပ်စရာတွေကို လုပ်ကိုင်ရင်းနေထိုင်ရှင်သန်ဖို့ကျိုးစားကြရတာ သဘာ၀ပါ အဲ့လိုနေရရင်းမှာ ပျော်စရာတွေလဲရှိပါမှ နေရတာ သက်သောင့်သက်သာဖြစ်မှာပါ
ဟာငါကတော့ အသက် 30 ကျော်နေလို့ ဆင်ခြင်ရမယ်လို့ ဘယ်ကျန်းစာမှာမှမပါပါဘူး ဟဲ့ နင်ကဖြင့် အသက်ကြီးနေပြီကို လုပ်မနေပါနဲ့တော့လို့ မုဓိတာထားနိုင်သူတွေကတော့လာပြောမှာမဟုတ်ပါဘူး မထားနိုင်သူကတော့ ရှေ့မပြောရင် ကွယ်ရာပြောမှာပါ
ဂရုစိုက်ဖို့မလိုပါဘူးကိုယ့်ပျော် ရွှင်မှု့ ဟာ သူ့ပျော်ရွှင်မှု့မဟုတ်လို့ပါ ကျမတို့လုပ်တဲ့ အလုပ် ဘုရားမကြိုက်တာကလွဲရင်ပေါ့
ဒါကြောင့် ဘောင်ခတ်ထားတဲ့အတွေးထဲက ခနထွက်ပါ ညည်းတွားနေတဲ့ပတ်၀န်းကျင်ကို ကျောခိုင်းလိုက်ပါ စဥ်းစားပါ အဖြေရှာပါ သင်လုပ်ချင်တဲ့အရာ သင့်လက်တကမ်းမှာပဲရှိတာပါ စဥ်းစားကြည့်တော့ ဘာဖြစ်ချင်မိလဲတွေ့ရပါလိမ့်မယ် လိုက်လုပ်ပါ
ကိုယ်လုပ်ချင်တာလေးလုပ်ရတဲ့အခါစိတ်တွေ ပျော်ရွှင်ပါလိမ့်မယ် အဲ့ပျော်ရွှင်မှု့ဟာ ခနတာလို့ မထင်ပါနဲ့ နေထိုင်ကြည့်ပါ ဘ၀ဟာနေရတာ စိုပြေလာပါလိမ့်မယ်
အပင်တွေစိုက်ချင်လား ❓
သီချင်းဆိုချင်လား ❓
စာရေးချင်လား ❓
ဂစ်တာတီးချင်လား ❓
စန်းဒရားတီးချင်လား ❓
စက်ချုပ်ချင်လား ❓
ဒီဇိုင်နာလုပ်ချင်လား ❓
စျေးရောင်းချင်တာလား ❓
ခရီးတွေထွက်ချင်လား ❓
ဓါတ်ပုံတွေရိုက်ရတာကို ကြိုက်တာလား❓ ဆိုတာ တစ်ခုခုတော့ သိရပါလိမ့်မယ်
အဲ့လိုသိရရင် လုပ်နိုင်အောင် ကျိုးစားရပါမယ် အသက်အရွယ်နဲ့ ဇရာရယ် ရုပ်ပိုင်းဆိုင် ကျန်းမာနေမှု့က ရပ်တန့်နေမဲ့ အထဲမှာမပါပါဘူး အဲ့တော့ သန်တုန်းမြန်တုန်းမှာ မလုပ်ရသေးတဲ့ စိတ်ကူးအိမ်မက်တွေကို အကောင်ထည်ဖော်ပါ မိသားစုကို အချိန်ပေးပါ လုပ်ချင်တဲ့ အလုပ်ကို ခုချက်ချင်းထလုပ်လိုက်အုံး နောက်ကျတယ်ဆိုတာမရှိပါဘူး
တစ်ခုတော့ ရှိပါတယ် အနားမှာရှိတဲ့ သူရဲ့ ပန့်ပိုးနိုင်မှု့ နားလည်ပေးနိုင်မှု့ ကလဲ အရမ်းကို အရေးကြီးပါတယ် ကိုယ်ဘယ်လိုလေးနေချင်တာ ဘာလေးတွေလုပ်ချင်တာကိုတော့ ပြောပြရတာပေါ့ ဒါမှာပျော်ရွှင်ပြီးအောင်မြင်တဲ့မိသားစုကိုလဲအမြဲရမှာပါ
ပြောရအုံးမယ်ရှင့် ငါလုပ်ချင်တာလုပ်ရရင် ပျော်ရွှင်ပါတယ်ဟဆိုတဲ့ အထဲမှာ အရက်သောက် ဘားတက်တာမပါဘူး အဲ့ပျော်ရွှင်မှု့က ဘ၀တွက် အစစ်အမှန်မဟုတ်ပါဘူးရှင် ဒါကြောင့်စစ်မှန်တဲ့ပျော်ရွှင်ခြင်းကိုသာရှာဖွေစေချင်တာပါ
လူဆိုတာအားနေရင် သူများအကြောင်း စိတ်၀င်စားတတ်တာ သဘာ၀ပါ ဒါကြောင့် ကိုယ်လုပ်ချင်တာလုပ်ရင်း ကိုယ့်မိသားစုနဲ့ ကိုယ့်ပျော်ရွှင်မှု့ကို အာရုံစိုက်ရင်း အချိန်တွေကို အကျိုးရှိစွာအသုံးပြုလိုက်တော့ တခြားသူကို လဲစိတ်မ၀င်းစားအားပဲ ကိုယ့်ဟာကိုယ်တောင် စိတ်ကမအားလပ်ပဲ အတွေးတွေ အလုပ်တွေနဲ့ သဘောကျမိတော့ ပိုပျော်ရွှင်ရတာပေါ့
အဲ့လိုဆိုရင်တော့ အောင်မြင်ပျော်ရွှင်တဲ့ ဘ၀တစ်ခုနဲ့ မိသားစုကို ကျမမိတ်ဆွေဖြစ်တဲ့ သင် ပိုင်ဆိုင်ရမှာ အမှန်တကယ်ပါ ပျော်ရွှင်လာတဲ့အခါ ကျေးဇူးတင်ဖို့ မလိုပါဘူး ကိုယ်ချင်းစာတတ်ရင်ပဲ ကျေနပ်ပါပြီရှင်
#May Me
08.02.2025
Keep Reading