Author's Profile Photo

စောမြတ်နွယ်

5/02/2025

ချစ်ခြင်းမေတ္တာတွေ ထပ်တူကျတဲ့အခါ

1 min read
Life Style
Personal Development
ချစ်ခြင်းမေတ္တာတွေ  ထပ်တူကျတဲ့အခါ's photo


🍀ချစ်ခြင်းမေတ္တာဆိုတဲ့
စကားလုံးလေးက သိပ်ကိုလှပတာပဲ။

🍀မိဘနဲ့ သားသမီးကြားက
ချစ်ခြင်းမေတ္တာပဲဖြစ်ဖြစ်

🍀မောင်နှမသားချင်းကြားက
ချစ်ခြင်းမေတ္တာပဲဖြစ်ဖြစ်

🍀ချစ်သူနှစ်ဦးကြားက
ချစ်ခြင်းမေတ္တာပဲဖြစ်ဖြစ်

🍀ခင်ပွန်းနဲ့ ဇနီးကြားက
ချစ်ခြင်းမေတ္တာပဲဖြစ်ဖြစ်

🍀ဘယ်လို ချစ်ခြင်းမေတ္တာမျိုးမဆို
ထပ်တူကျသွားတဲ့အခါ
တကယ်ကို ပျော်ရွှင်ရတယ်။
ကြည်နူးရတယ်၊နွေးထွေးရပါတယ်။

🍀ချစ်ခြင်းမေတ္တာတွေနဲ့
ထုံမွမ်းနေတဲ့အဝန်းအဝိုင်းလေးဟာ
သိပ်ကို နွေးထွေးမှာပါပဲ။
တွေးကြည့်ရုံနဲ့ ပျော်စရာကောင်းပါတယ်။

🍀ဒီချစ်ခြင်းမေတ္တာတွေနဲ့
ပျော်ရွှင်မှုတွေ ဖန်တီးနိုင်တယ်။
နားလည်မှုတွေ တည်ဆောက်နိုင်တယ်။

🍀ဒီလို မေတ္တာမျိုးကို
ပိုင်ဆိုင်ခွင့်ရသူတွေဟာ
ဘဝမှာ သိပ်ကို ကံကောင်းတာပါပဲ။

🍀ဘာကြောင့်လဲဆိုတော့
လူတိုင်းဟာ ဒီအခွင့်အရေးမရကြလို့ပါပဲ။

🍀ဒီကမ္ဘာကြီးထဲမှာ
မေတ္တာငတ်နေတဲ့သူတွေ
အများကြီးရှိတယ်။
အထီးကျန်နေတဲ့သူတွေ
အများကြီးရှိတယ်။

🍀ဒါကြောင့်မို့
ကိုယ်က အဲ့အရာတွေ
ပိုင်ဆိုင်ထားတယ်ဆိုရင်
ကျေးဇူးတင်တတ်ပါစေ၊
တန်ဖိုးထားတတ်ပါစေနော်။

#စောမြတ်နွယ်
5.2.2025













Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်မရိုးတရိုးရန်ကုန်မိုးကမ္ဘာ့နိုင်ငံရေးဆိုင်ရာအတွေးခေါ်များ (မြင့်စိုးလှိုင်)❝ မသိမှု ဝတ်ရုံကြီး ❞လီယိုတော်စတွိုင်းနှင့် ဘူတာရုံပြသနာစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်း