B4; You WATCH
၁၉၇၂ခုနှစ်က ဂျာမနီနိုင်ငံ Munich မြို့မှာကျင်းပခဲ့တဲ့ အကြိမ် ၂၀ မြောက် အိုလံပစ်ပြိုင်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်အတွင်းက အမေရိကန်သတင်းသမားတွေရဲ့ လေးစားဖွယ်စိတ်ဓာတ်ကိုရိုက်ကူးထားတဲ့ September 5 ဆိုတဲ့ historical drama thriller ရုပ်ရှင်ကို review ပေးချင်ပါတယ်။
ဒီရုပ်ရှင်ကိုတော့ဇာတ်ညွှန်းနဲ့ဒါရိုက်တာအဖြစ် Tim Fehlbaum ကပုံဖော်ထားတာဖြစ်ပြီးတော့ Moritz Binder နဲ့ Alex David တို့က ဇာတ်ညွှန်းပါဝင်အားဖြည့်ထားကြပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Peter Sarsgaard, John Magaro, Ben Chaplin နဲ့ Leonie Benesch တို့ အဓိကပါဝင်ထားကြပါတယ်။
September 5 မှာ ကျွန်တော်ကြိုက်ရတဲ့အချက်က Thriller ဆိုတဲ့ရသကို အပြည့်အဝခံစားရတာကိုပါ။ ဇာတ်လမ်းဦးစားပေးဇာတ်ဖြစ်တာကြောင့် အတက်အကျမှန်မှန်နဲ့ သွားပေးထားတဲ့အပြင် music score ရဲ့ ကောင်းကောင်း support ပေးနိုင်မှုကလဲ တကယ့်ကိုအရသာရှိတဲ့ ရုပ်ရှင်ကောင်းတစ်ကားဆိုတဲ့ အရသာကို ခံစားခဲ့ရပါတယ်။သတင်းသမားစစ်စစ်တွေရဲ့စိတ်ဓာတ်၊ ကျင့်ဝတ်သိက္ခာတွေနဲ့ ဘာသာစကားတတ်မြောက်မှုရဲ့ အရေးပါမှု စတဲ့အရာတွေကို အဓိကထားပြသထားပါတယ်။ ရုံတင်ရက်ခဏခဏပြောင်စလို့ စိတ်ပျက်ခဲ့ရပေမဲ့ အခုထွက်ရှိလာချိန်မှာတော့ မျှော်လင့်ထားတာနဲ့မလျော့တဲ့အနေအထားနဲ့ ကောင်းမွန်တဲ့ရသပေးနိုင်ခဲ့တဲ့အတွက် စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်ခဲ့တဲ့ ရုပ်ရှင်ကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။
Paramount Pictures နဲ့ Constantin Film တို့ကနေဖြန့်ချီမဲ့ ဒီရုပ်ရှင်ဟာ လက်ရှိမှာ IMDb (7.2/10) နဲ့ Rotten Tomatoes (92%) ရရှိထားပါတယ်။ ကျွန်တော့်ရဲ့ rating ကိုတော့ (8.5/10)အဖြစ်သတ်မှတ်ပေးချင်ပါတယ်ဗျ။
-----------------------------------------------------------------------
September 5 (2024)
Rated (R)
IMDb (7.2/10)
Rotten Tomatoes (92%)
B4: You WATCH's Rating (8.5/10)
#b4youwatch #ရုပ်ရှင် #filmcritic #cinematic #movies #moviereview
Keep Reading