Author's Profile Photo

B4; You WATCH

3/02/2025

Nickel Boys (2024) Movie Review

1 min read
Art
Entertainment
Creative
Nickel Boys (2024)
Movie Review's photo


စာရေးဆရာ Colson Whitehead ၂၀၁၉ ခုနှစ်တုန်းက ရေးသားထုတ်ဝေခဲ့တဲ့ The Nickel Boys ဆိုတဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ Nickel Boys ဆိုတဲ့ historical drama ရုပ်ရှင်ကို review ပေးချင်ပါတယ်။

ဒီနှစ်ရဲ့ Golden Globes ရော Oscar မှာပါ Best Picture Nominationဝင်ထားတဲ့ ဒီရုပ်ရှင်ကိုတော့ ဇာတ်ညွှန်းအနေနဲ့ Joslyn Barnes နဲ့ RaMell Ross ကရေးသားပေးထားတာဖြစ်ပြီးတော့ RaMell Ross ကိုယ်တိုင်ပဲရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။ သရုပ်ဆောင်တွေအနေနဲ့ Ethan Herisse, Brandon Wilson, Hamish Linklater, Fred Hechinger, Daveed Diggs, Jimmie Fails နဲ့ Aunjanue Ellis-Taylor တို့အဓိကပါဝင်ထားကြပါတယ်။ ဇာတ်လမ်းပုံစံက လူငယ်ထိန်းသိမ်းရေးကျောင်းရောက်သွားတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို အခြေခံထားတာဖြစ်ပြီးတော့ ကျောင်းအတွင်းက လူဖြူလူမဲခွဲခြားမှုတွေနဲ့ အကြမ်းဖက်ခံရမှုတွေအကြောင်းကို ရိုက်ကူးထားတာပါ။

ဒီရုပ်ရှင်က historical drama ဆိုတဲ့အတိုင်းပဲ ခပ်အေးအေးဇာတ်လမ်းကိုမှ scene တစ်ခုစီအလိုက်ကို စူးခနဲ နစ်ဝင်ခံစားရမဲ့ပုံစံရိုက်ကူးပေးထားပါတယ်။ ရိုက်ကူးမှုပုံစံအရကလဲ အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ Elwood နဲ့ Turner ဆိုတဲ့ ကောင်လေးနှစ်ယောက်နေရာကနေ ကိုယ်တိုင်ဖြစ်နေသလို ဝင်ရောက်ခံစားရမှာဖြစ်လို့ ဆန်းသစ်နေပါတယ်။ ခင်မင်ရင်းနှီးမှုတွေနဲ့ အချင်းချင်းအားပေးဖေးမမှုတွေကို ခံစားနိုင်မှာဖြစ်သလို လူမျိုးရေးခွဲခြားမှုတွေနဲ့ အကြမ်းဖက်ခံရမှုတွေကြားထဲက တရားမျှတမှုအပေါ် ယုံကြည်ခြင်းနဲ့ လူတစ်ယောက်ချင်းစီရဲ့ စိတ်ဒဏ်ရာတွေနဲ့ ဂုဏ်သိက္ခာတွေကို အလေးထားဖို့ပါ ဒီရုပ်ရှင်က ပြသသွားခဲ့ပါတယ်။ ပုံမှန်မြင်နေကျ လူမျိုးရေးခွဲခြားခံရတဲ့ ရုပ်ရှင်တွေနဲ့စာရင် ဒီရုပ်ရှင်က မတူညီတဲ့အမြင်သစ်တစ်ခုနဲ့ ပုံဖော်ထားတာရော၊ လူသားဆန်မှုနဲ့ ကိုယ်ချင်းစာစိတ်ရရှိစေတာကြောင့်ပါ တစ်မူကွဲထွက်နေတဲ့ ရုပ်ရှင်လို့ဆိုလို့ရပါတယ်။

Metro Goldwyn Mayer ကနေဖြန့်ချီမဲ့ ဒီရုပ်ရှင်ဟာ လက်ရှိမှာ IMDb (7.6) နဲ့ Rotten Tomatoes (90%) ရရှိထားပါတယ်။ ကျွန်တော့်ရဲ့ rating ကိုတော့ (7.7) အဖြစ် သတ်မှတ်ပေးချင်ပါတယ်ဗျ။
---------------------------------------------------------------------------

Nickel Boys (2024)
Rated (PG-13)
IMDb (7.6/10)
Rotten Tomatoes (90%)
B4: You WATCH's Rating (7.7/10)

#b4youwatch #ရုပ်ရှင် #filmcritic #cinematic #movies #moviereview

Keep Reading

Elio (2025) Spoiler Free Movie Reviewမျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်