Amelia Loon
❤မာဖီးယားရဲ့မာနမင်းသမီး❤
Part-2
ကြွေမနက်စာ စားဖို့ဆင်းအလာအိမ်ရှေ့မှာကျောင်းသွားရန်အဘဇော်ကိုနှုတ်ဆက်နေသည့်စက်ကိုတွေ့လေသည်။
အတွေးလေးတစ်ခုပေါ်လာတာနဲ့အိမ်ရှေ့အမြန်ပြေးထွက်လိုက်ပြီး
"စက်ရှား ဒီကိုလာအုံး"
"ငါခိုင်းစရာရှိလို့"
"သမီးကြွေ ဘာခိုင်းမို့လည်းကွယ် လူကလေးကကျောင်းချိန်နီးနေပြီကွယ့် အဘကိုပြောအဘလုပ်ပေးမယ်"
"ဟင့်အင်ကြွေကသူ့ကိုပဲခိုင်းချင်တာ"
"သူဝယ်ပေးတဲ့ ငါးလမ်းကမုန့်ဟင်းခါးစားချင်တာ"
"သမီးကြွေရယ် ငါးလမ်းကအဝေးကြီးသွားရမှာ ဒီနားကဆိုမရဘူးလား"
"မရပါဘူးကြွေကငါးလမ်းကမုန့်ဟင်းခါးပဲစားချင်တာ ဒီနားကဟာကမသန့်ဘူးမစားချင်ဘူး"
"သမီးကြွေဘာဖြစ်နေတာလည်း"
ဒေါ်သက်ထားကြွေကအနောက်ကနေရောက်လာကာကြွေကိုမေးလေသည်။
"ကြွေမုန့်ဟင်းခါးစားချင်လို့စက်ရှားကိုသွားဝယ်ခိုင်းနေတာ"
"ဟဲ့ အဲ့ဆိုလည်းသွားဝယ်ပေးလိုက်လေ"
"ဟိုမမကြီး လူကလေးက "အဘဇော်ကိုဆက်မပြောရန်စက်ကတားလိုက်ပြီး ဟုတ်ကဲ့ပါကျတော်သွားဝယ်ပေးပါ့မယ်"
"အဲ့ဆိုလည်းမြန်မြန်သွားဝယ် ငါဗိုက်စာနေပြီ"
စက်ကခေါင်းညိမ့်ပြလိုက်တော့မှကြွေကအောင်နိုင်သူအပြုံးနှင့်
"မာမီအထဲသွားရအောင်"
"ဟုတ်ပြီသမီး"
"အော်ဒါနဲ့ငါပြောတဲ့နေရာကပဲဝယ်နော်"
"ဟုတ်ကဲ့"
သနားစွာကြည့်နေသည့်အဘဇော်ကိုစက်ကပြုံးပြပြီး "အဘဇော်ကျတော်သွားလိုက်အုံးမယ်"
"အင်း လူကလေး"
အဘဇော်ကတော့ကြွေတမင်လုပ်မှန်းသိတာကြောင့်သက်ပြင်းမောတစ်ချက်ချလိုက်သည်။
"ဟင်းးးးသမီးကြွေရယ်ဘာလို့အဲ့လောက်တောင်လူကလေးကိုအလိုမရှိရတာလည်းကွယ်"
"ဝဋ်ကြီးလိုက်တာလူကလေးရယ်"
~~~~~~~~~~~~~~~~~~~~~~~~~~~~
စက်လည်းဝယ်လာတဲ့မုန့်ဟင်းခါးထုတ်ကိုမီးဖိုထဲသွားပေးလေသည်။
စက်ဝင်လာတော့ကြွေကနံနက်စာ စားလို့ပြီးနှင့်နေလေပြီ။
"အော် စက်ရှားတောင်ရောက်လာပြီပဲ"
"ဘယ်လိုလုပ်ရမလဲ ကြွေကဗိုက်စာတာနဲ့မာမီပြင်ပေးတာပဲစားလိုက်နှင့်တာ"
စက်ကစူးရဲသောအကြည့်တွေနှင့်ကြွေကိုကြည့်ကာဘာမှပြန်မပြောပေမယ့်လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားလေသည်။
"ထိုပုံကိုကြွေကသဘောကြစွာဖြင့်အပြုံးတုတွေဖန်တီးပြီး မကြီးအေးရေဒီဟာတွေမကြီးအေးတို့ပဲစားလိုက်တော့နော်"
"ကြွေမစားချင်တော့ဘူး"
စက်လက်ထဲကမုန့်ဟင်းခါးထုတ်ကိုလက်ညိုးထိုးပြကာအိမ်အကူမကြီးအေးကိုပြောလိုက်လေသည်။
"ဟုတ်ကဲ့ မမလေး"
"မကြီးအေးကလည်းကြွေပြောသလိုစက်လက်ထဲကအထုတ်ကိုယူလိုက်လေသည်"
စက် ကပြန်လှည့်မသွားပဲကြွေ့ကိုသာနာကျည်းမှုတွေနဲ့စိုက်ကြည့်နေတာကြောင့်
" သွားတော့လေ ဘာလုပ်နေတာလည်း ငါခိုင်းစရာရှိမှခေါ်လိုက်မယ်"
"ကောင်းပါပြီ"
ကြွေကတော့အောင်နိုင်သူအပြုံးနှင့်ကျန်ခဲ့ပေမယ့်စက်တစ်ယောက်ကတော့ကြွေ့လုပ်ရက်ကြောင့်နာကျည်းမှုအပြည့်နှင့်ကြွေ့ကိုမုန်းတီးဖို့အစပြုလာလေသည်။
ကြွေရုပ်လေးပမာလှပသည့်ကြွေ့ကိုတိတ်တစ်ခိုးမြတ်နိုးခဲ့ရသည်ဆိုတာသူကလွှဲ၍မည်သူသိနိုင်မည်နည်း။
အခုတော့မုန်းတီးခြင်းဆိုတာကစက်နှလုံးသားထဲကိုဝင်ရောက်လာလေပေပြီ။
သူနေသည့်ဂိုထောင်ဘက်ကိုသာခြေလှမ်းတွေကဉီးတည်လာမိလေသည်။
စားပွဲပေါ်ကိုလွယ်အိတ်ပြစ်ချလိုက်ပြီးကုလားထိုင်မှာပြစ်ထိုင်လိုက်ကာမျက်နှာကိုလက်နှစ်ဖက်နဲ့ပွတ်သက်လိုက်ပြီးကြွေ့လုပ်ရပ်တွေကိုနားမလည်နိုင်စွာစဉ်းစားနေမိလေသည်။
"မင်းဘာကြောင့်ငါ့ကိုအဲ့လိုတွေလုပ်နေရတာလည်းကြွေပုဏ္ဏမီ"
"ငါမင်းအပေါ်ဘာတွေများလုပ်ခဲ့မိလို့လည်းကွာ"
"ဟော် လူကလေးတောင်ပြန်ရောက်နေပြီပဲ"
အဘဇော်ကဝင်လာပြီးပြောတာကြောင့်အတွေးစတို့ပြတ်တောက်သွားပြီး
"ဟုတ်ကဲ့အဘဇော်"
"ကဲပါကွာဘာမှစဉ်းစားမနေနဲ့တော့ သူတို့ထမင်းကိုစားနေရတော့လည်းသူတို့လုပ်သမျှခံရမှာပေါ့ကွာ"
အဘဇော်ကစက်ရဲ့အဖြစ်ကိုသိတာကြောင့်နှစ်သိမ့်စကားဆိုလေသည်။
"ကျတော်နားလည်ပါတယ်အဘဇော် ဒါပေမယ့်ကြွေက ကျတော့်ကိုဘာကြောင့်အဲ့လောက်မုန်းတီးနေရတာလည်းကျတော်နားမလည်တာ"
"အဘဇော်ကပြုံးကာ အတ္တတွေမာနတွေပေါ့ကွာ"
"အတ္တတွေ၊မာနတွေလို့ပြောပေမယ့် ကျတော့်အပေါ်မှာမှဘာလို့"
"ကဲ လူကလေး မင်းလည်းကျောင်းမမှီတော့ဘူးမလားအဘဇော်နဲ့ခြံထဲလိုက်ခဲ့ကွာ"
စက်ရဲ့စကားအဆုံးထိမရောက်အောင်အဘဇော်ကစကားဖြတ်လိုက်လေသည်။
စက်လည်းနားလည်သရောင်ရှိတာကြောင့်ခေါင်းညိမ့်ပြကာအဘဇော်နှင့်အတူခြံထဲလိုက်ခဲ့လေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဟဲ့ ကြွေ နင်ဘာလို့ကိုစက်ရှားကိုအဲ့လိုလုပ်ရတာလည်း"
"ကိုစက်ရှားကနင့်အပေါ်ဘာတွေများမကောင်းလို့လည်းဟယ်"
မနက်ကအဖြစ်ကိုကြွေကပြောပြပြီးရယ်နေပေမယ့် သူငယ်ချင်းမနှစ်ယောက်ကတော့စိတ်မကောင်းစွာနှင့်စက်ဘက်ကဝင်ပြောပေးနေလေသည်။
"ကြွေကမာလာရဲ့အပြောကြောင့်ရယ်သံတွေကိုရုတ်သိမ်းလိုက်ပြီး ဟဲ့မိန်းမတွေနင်တို့ကလေအမြဲတမ်းသူ့ဘက်ကပဲပါနေသိလား"
"ဟဲ့မိကြွေ ငါတို့ကသူ့ဘက်ကပါတာမဟုတ်ဘူးနင့်လုပ်ရပ်တွေကမဟုတ်လို့ပြောနေရတာ"
"ဟုတ်တယ်ကြွေ နင်ဘာလို့ကိုစက်ရှားကိုအဲ့လောက်တောင်မုန်းနေရတာလည်း"
သူဇာကပါဝင်ပြောလေတော့ ကြွေကမျက်နှာကိုတည်လိုက်ကာ
"ငါလည်းမသိဘူးဟာငါသူ့ကိုမြင်ရင်အဲ့လိုပဲလုပ်ချင်လာတာ"
သူဇာနဲ့မာလာကတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာကြွေ့ကိုအံ့သြလျက်။
"ကဲပါဟာသူ့အကြောင်းပြောမနေနဲ့တော့ ငါတို့ဒီကပြန်ရင်shoppingထွက်ရအုံးမယ်မြန်မြန်စားကြ"လို့ ကြွေကပဲစကားဖျက်လိုက်လေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြွေသူငယ်ချင်းမတွေနဲ့တွေ့ပြီးအိမ်ပြန်လာကာရေချိုးပြီးခြံထဲဆင်းထိုင်နေလေသည်။
စက်လည်းပန်းပင်ရေလောင်းနေရင်းမှအကြံတစ်ခုဝင်လာတာနဲ့ကြွေဆီသို့လျှောက်လာလေသည်။
"ကြွေ့ရှေ့တည့်တည့်မှာရပ်လိုက်တော့ကြွေက ဟဲ့ ဘာလည်း"
"မနက်ကမုန့်ဟင်းခါးဖိုးတောင်းမလို့"
"ဘာ"
"ဟုတ်တယ်လေ ကျတော်တို့ကအဆင့်မရှိတဲ့လူတွေဆိုတော့မမလေးတို့အတွက်အဖြစ်မရှိတဲ့ပိုက်ဆံလေးကကျတော့်အတွက်တော့တန်ဖိုးရှိတယ်ဗျ"
"မနက်ကမမလေးမှပိုက်ဆံမပေးလိုက်တာ"
"ဟော ဘယ်လိုလူလည်း"
"ကဲ ကဲ ဘယ်လောက်ပေးရမှာလည်း"
"ထောင့် ငါး ရာ"စက်ကတစ်လုံးခြင်းဆီပြောလိုက်တော့ကြွေကစူးစူးရဲရဲဒေါသကထွက်ကာ
"နင် နင် ဘာစကားပြောတာလည်း"
"ကျတော်ဘာပြောမိလို့မမလေးကအဲ့လောက်တောင်စိတ်တိုနေရတာလည်း"
ကြွေကခုံကနေထရပ်လိုက်ပြီးစက်ကိုရိုက်လိုက်ရာစက်ကကြွေ့လက်ကိုအမိအရဖမ်းဆွဲဆုတ်ကိုင်ထားလေသည်။
"ကျတော်ပြောတဲ့ထဲမှာဘာများအမှားပါသွားပြန်တာလည်း"
"လွှတ် ငါ့လက်ကိုလွှတ်"
"ကျတော်လွှတ်လိုက်ရင်မမလေးထပ်ရိုက်ရင်ဘယ်လိုလုပ်မလဲ"
"ဟာ စက်ရှား နင်တော်တော်ပြောရခက်ပါလား"
"ငါ့ကိုအခုချက်ချင်းလွှတ်စမ်း"
"ကျတော့်ကိုမရိုက်ဘူးဆိုလွှတ်မယ်"
"အေး အေး မရိုက်ဘူး လွှတ်ငါ့လက်ကို"
ကြွေရဲ့မျက်နှာမှာတင်းမာမှုတွေလျော့ပြီးပြောလိုက်တာကြောင့်စက်လည်းလွှတ်ပေးလိုက်လေသည်။
ကြွေကသူမလက်ကိုစက်လွှတ်လိုက်တာနဲ့စက်ရှေ့ကနေထွက်သွားလေသည်။
"မမလေးထောင့်ငါးရာပေးအုံးလေ"
စက်ကတမင်ကြွေ့ကိုပြောလိုက်တာကြောင့်ကြွေကအနောက်ကိုလှည့်ကြည့်ပြီးတစ်ထောင်တန်တစ်ရွက်နဲ့ငါးရာတန်တစ်ရွက်ကိုအိတ်ကပ်ထဲကနေထုတ်ကာပြစ်ချပေးခဲ့လေသည်။
စက်ကနှုတ်ခမ်းတစ်ဖက်စောင်းပြုံးပြတော့ကြွေကရှုံးမဲမဲကာမျက်စောက်းထိုး၍ထွက်သွားလေသည်။
စက်လည်းပြစ်ချပေးခဲ့သည်ပိုက်ဆံကိုကြည့်ကာဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီးပိုက်ဆံနှစ်ရွက်ကိုကောက်ကိုင်ကာကြွေအဖြစ်ကိုသဘောတကျပြန်မြင်ယောင်ပြီးပြုံးလိုက်လေသည်။
သူနေရာဂိုထောင်ဘက်ကိုထိုပိုက်ဆံကိုကိုင်ကာပြန်လာလေသည်။
ထိုင်နေကျထိုင်ခုံလေးမှာထိုင်လိုက်ပြီးထိုပိုက်ဆံနှစ်ရွက်ကိုစာအုပ်ကြားထဲမှာညှပ်လိုက်လေသည်။
"လူကလေးဘာတွေများအဲ့လောက်သဘောကြနေတာလည်း"
"အဘဇော်ကဝင်လာပြီးစက်ရဲ့ပြုံးရွှင်နေတဲ့မျက်နှာကိုကြည့်ကာမေးလိုက်လေသည်"
"စက်ကစားပွဲပေါ်သို့စာအုပ်လေးကိုချလိုက်ပြီး ဒီလိုပါပဲအဘဇော်ရာ"
"အေးပါအေးပါ လူကလေးဒီလိုပြုံးတာမြင်ရတော့အဘဇော်ရင်ထဲမှာပီတိဖြစ်လွန်းလွန်းပါ"
"ငါ့တူကဒီလိုပြုံးတော့တယ်ချောသားကွ"
"ဟာဗျာအဘဇော်ကလည်း အဘဇော်ထမင်းစားတော့မယ်မလားကျတော်ပြင်လိုက်တော့မယ်"
ရှက်သွားတဲ့စက်ရဲ့မျက်နှာကိုကြည့်ကာအဘဇော်ကပီတိဝေဖြာစွာကျန်ခဲ့လေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြိုက်နှစ်သက်မယ်လို့မျှော်လင့်လျက်။ဒီအပိုင်းလေးအပေါ်ဘယ်လိုခံစားရလည်းဆိုတာလည်းပြောခဲ့ကြပါအုံးနော်။တစ်ခြားသူလေးတွေကိုလည်းမျှဝေစေချင်ပါတယ်။အားလုံးကိုချစ်တဲ့အလွန်း။
Keep Reading