Author's Profile Photo

အက္ခရာ - Haruki

2/04/2024

လူတွေ ဘာကြောင့် အချစ်ဦးကိုမမေ့နိုင်ကြတာလဲ

1 min read
General Knowledge
Culture
18 Again
လူတွေ ဘာကြောင့် အချစ်ဦးကိုမမေ့နိုင်ကြတာလဲ's photo

လူတိုင်းအတွက် အချစ်ဦးဟာ ဘယ်လိုမှမမေ့နိုင်တဲ့အမှတ်တရဖြစ်လေ့ရှိပါတယ်။ ချစ်နေသေးတာမဟုတ်ဘဲ အမှတ်တရတွေကို ဘယ်လိုမှမမေ့နိုင်ဖြစ်ကြလေ့ရှိတဲ့ အချစ်ဦးကိုမမေ့ရခြင်းဟာ ပြင်းထန်တဲ့ခံစားမှုတွေရှိခဲ့ဖြင်းကြောင့်လို့ဆိုနိုင်ပါတယ်။ 

အချစ်နှင့် စတင်ထိတွေ့ချိန်ဖြစ်တာကြောင့် ပထမဆုံးဖြစ်ပေါ်လာတဲ့ခံစားချက်ကိုမေ့ပစ်ဖို့မလွယ်ကူပါဘူး။ ဒီခံစားချက်ကိုစတင်ဖြစ်လာစေခဲ့ သူကိုလည်း မေ့နိုင်ဖို့လွယ်ကူမှာမဟုတ်ပါဘူး။

ငယ်သေးတဲ့အချိန်ဖြစ်တာကြောင့် ❤️‍?

အချစ်ဦးဟာ ကိုယ့်ရဲ့ငယ်ဘဝအတိတ်အမှတ်တရတွေနဲ့အတူ ယှဉ်တွဲပါနေမှာသေချာပါတယ်။ ဒါကြောင့် အိမ်လွမ်းချိန်ငယ်ဘဝကိုသတိရချိန်မှာ အချစ်ဦးကိုပါအလိုလိုသတိရမိသွားတတ်ကြပါတယ်။

အချစ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ဆက်ဆံရေးတွေအကုန်လုံးကို အချစ်ဦးကနေပဲရရှိကြလေ့ရှိတာကြောင့် လွယ်လွယ်မေ့ဖျောက်ဖို့ခက်ခဲပါတယ်။

အချစ်ဦးဇာတ်လမ်းတွေအကုန်လုံးနီးပါးဟာ ♨️

အမြဲတမ်းလိုလိုပျော်ရွှင်တဲ့အဆုံးသတ်မရှိပါဘူး။ ရှင်းလင်းတဲ့လမ်းခွဲမှုလည်းမရှိတတ် တာကြောင့် မဖြေရှင်းရသေးတဲ့အကြောင်းအရာတွေကျန်နေသလိုမျိုးခံစားစေပါတယ်။ ဒီခံစားချက်ကြောင့်လည်းလူတွေဟာ အချစ်ဦးကိုတော်ရုံမမေ့နိုင်ကြတာပါခင်ဗျာ။

မြန်မာလော့ ( Rewrite by Haruki )

Telegram - https://t.me/Relationship_coach_by_Haruki

ᏂᏗᏒᏬᏦᎥ

Keep Reading

ကိုယ့်ကိုယ်ကိုယ်ကုစားနည်းစာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျင့်ဆိုးဖျောက်နည်းစိတ်ခွန်အားပြန်လည်မွေးယူပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းပျူတွေ ဘယ်ပျောက်သွားသလဲစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲနှစ်သစ်ကူး(တန်ခူးလ)၏ အကြောင်း သိမှတ်ဖွယ်ရာများ။