Author's Profile Photo

Yam

31/01/2025

Credit Score ဆိုတာဘာလဲ ❓

1 min read
Education
General Knowledge
Credit Score ဆိုတာဘာလဲ ❓'s photo


GED မှာ စုစုပေါင်း အမှတ် ၂၀၀ ဖိုး ဖြေရပါတယ် ။
၂၀၀ မှတ်မှာ ၁၇၅ မှတ်နှင့်အထက်ဆို Credit Score ရတယ်လို့ခေါ်ပါတယ် ။

Credit Score ရရင် ဘာတွေလုပ်လို့ရလဲ ❓

ကမ္ဘာပေါ်က ထိပ်တန်းတက္ကသိုလ်တွေမှာ တိုက်ရိုက်တက်ရောက်နိုင်တဲ့အပြင် ပညာသင်ဆုလျှောက်ထားနိုင်တဲ့ Criteria တစ်ခုဖြစ်ပါတယ် ။ ကျောင်းတင်မကပါဘူး အလုပ်ဝင်ရောက်လုပ်ကိုင်မယ်ဆိုရင်လည်း အားသာချက်တွေအများကြီးရှိစေပါတယ် ။

ဒါဆို Credit Score ရအောင် လုပ်ယူလို့ရလား ❓

ရပါတယ် ။ ၁၀၀% ကို ရနိုင်ပါတယ် ။
ပထမဆုံး ဘာသာရပ်အမှတ်ပေးပုံအကြောင်းကို သေသေချာချာ သဘောပေါက်ရပါမယ် ။

GED မှာ Total ၂၀၀ ဖိုးဖြေရတယ်ဆိုပေမဲ့ တစ်ပုဒ်ကို ဘယ်နှစ်မှတ်ပေးတယ်ဆိုတာ ကြိုမသိရပါဘူး ။ ဘာသာရပ်အလိုက် မေးမယ့်ကဏ္ဍအလိုက် အမှတ်စုစုပေါင်း သတ်မှတ်ထားပေမဲ့ ဘယ်နှစ်မှတ်တန် ဘယ်နှစ်ပုဒ်ဆိုတာမျိုး ကြိုတွက်ထားလို့မရပါဘူး ။
ဒါကြောင့် ကိုယ်မှားဖြေလိုက်တဲ့အပုဒ်က အမှတ်များတဲ့မေးခွန်းမျိုးဖြစ်သွားရင် ကိုယ်လိုချင်တဲ့ Final Result ရဖို့ ခဲယဉ်းသွားပါလိမ့်မယ် ။

ဒါကြောင့်မို့ Credit Score ရဖို့ဆိုရင်

အရေးကြီးဆုံး (၃) ချက်ရှိပါတယ် ။


✓ Background Knowledge


✓ Exam Strategy


✓ Precision


•Background Knowledge


ဆိုတဲ့နေရာမှာ GED ကို ‌IGCSE သင်ရိုးလိုမျိုး International Curriculum ကနေ ပြောင်းလာတဲ့ ကျောင်းသားတွေအတွက်တော့ Background Knowledge ကမခက်ခဲလှပါဘူး ။
မြန်မာသင်ရိုးကပြောင်းလဲလာတဲ့ ကျောင်းသားတွေအများစုမှာတော့ English Skill ကောင်းမွန်ပေမဲ့လည်း Background Knowledge နဲ့ပတ်သတ်ပြီး အခက်အခဲရှိကြပါတယ် ။

Example တစ်ခုနဲ့ ထားပြမယ်ဆိုပါတော့


"The rapid mutation of pathogens makes it difficult for the immune system to develop long-lasting immunity, posing a constant challenge to public health."

ဒီလိုဝါကျမျိုးမြင်တဲ့အခါ Mutation ဆိုတာ ဘာလဲ? Pathogen ဆိုတာဘာလဲဆိုတာကို အကြမ်းဖျင်း Background Knowledge အနေနဲ့သိရှိထားတဲ့အခါ
အချို့မေးခွန်းတွေမှာ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဖြေဆိုနိုင်မှာ ဖြစ်ပါတယ် ။

  • ( ဒါကြောင့် ပြည်တွင်းသင်ရိုးကနေ GED ပြောင်းလဲဖြေဆိုတဲ့ ကျောင်းသားတွေအတွက် Pre-GED ကြိုတင်တက်ရောက်ထားဖို့ အကြံပြုချင်ပါတယ် )


• Exam Strategy


ပျမ်းမျှအားဖြင့် မိနစ် (၉၀) အကြာဖြေဆိုရတဲ့ အခါ
အစကတည်းက ဘယ်အပိုင်းကိုတော့ ဘယ်နှစ်မိနစ်၊ ဘယ်လိုပုံစံ ပြန်စစ်ဆေးမယ်ဆိုတာမျိုးကို သတ်မှတ်ထားတာမျိုးရှိရပါမယ် ။

နောက်တစ်ခုကတော့ Subjective မေးခွန်းပုံစံအများဆုံးဖြေရတာမို့ အပေါ်မှာ ဖတ်ရတဲ့ Reading Skills ကလိုအပ်ပါတယ် ။ ဒါပေမဲ့ Scanning လုပ်ပြီး အဖြေကို ဘယ်လိုရှာမလဲ ။ အဖြေကို ဘယ်နေရာလောက်ဆို ရှာလို့ရလဲဆိုတဲ့ Tactics တွေကိုလည်း သိရှိထားဖို့လိုပါတယ် ။

• Precision


GED ဖြေဆိုကြတဲ့အခါ ကျောင်းသားတိုင်းကြုံတွေ့ရတာက Questions Reading လုပ်ရင်း လျှမ်းသွားတာမျိုး၊ အဖြေမှန်သိရဲ့သားနဲ့ မှားရွေးလိုက်တာမျိုး၊ တချို့ကြတော့လည်း အဖြေမှန်ကို ဝေခွဲမရဖြစ်နေတာမျိုးတွေ ရှိပါတယ် ။ GED မှာ Logical ကျကျ တွေးတောပြီးဖြေရတာမို့လို့ ဖြစ်နိုင်ရင် လျှမ်းတာမျိုးမရှိအောင် သတိထားပါ ။ ဝေခွဲမရတဲ့မေးခွန်းတွေအတွက်ကတော့ အပေါ်ကပြောတဲ့ Background Knowledge နဲ့ Exam Strategy တွေအပေါ် မူတည်ပြီး ဖြည့်စွက်မယ်ဆိုရင်တော့ ပြတ်သားတဲ့အဖြေတွေ ပေါ်လာမှာပါ ။

ဆိုတော့.. ဒီလောက်ပါပဲခင်ဗျာ။

Brake a leg!


Keep Reading

အနာဂတ်ပညာရေး၏ ခြေတစ်လှမ်းအစ"စာအရေးအသား ကောင်းစေရန်" – အပိုင်း ၄: စာရေးသူတွေရဲ့ စိတ်နေသဘောထားတွေအကြောင်း  "စာအရေးအသား ကောင်းစေရန်" – အပိုင်း ၃: ဘယ်လို အမျိုးအစားတွေကို ရေးမလဲ   ကိုယ်သာလျှင် ကိုယ့်ရဲ့ပြိုင်ဘက်ပါခေတ်မီဘက်ထရီနည်းပညာ(၃)မျိုး"ဂ" နှင့်သက်ဆိုင်သော သတ်ပုံများတက်ညီလက်ညီ ပန်းတိုင်ဆီသို့ရင်ထဲ ညှိ​စေ​သော ဇာတ်လမ်းများ ​ပြောနည်း - အပိုင်း ၃အတိတ်မှ အတွေးတစ်စFinance Vs Accounting