Minal
နွေးဦးရောက်တော့မယ်နော်
ကံကော်တွေလည်ပွင့်ကုန်ပြီ
သြဥသံတွေဆို မနက်တိုင်း
ကြားနေရပြီ
လွမ်းသလိုလိုဆွေးသလိုလိုနဲ့
ဒီတိုင်ပဲရှေ့ဆက်နေတော့မှာလား
ကိုယ့်ကိုပြန်မေးမိတယ်
အချိန်ကမရပ်တန့်ဘူးနော်
အရားအားလုံးကပြောင်းလဲနေတယ်
သစ်ရွက်တွေလည်စကြွေနေပြီ
သူတို့ရွက်သစ်ကလေးထွက်ဖို့readyဖြစ်နေပြီ
မင်းရောအဆင်သင့်ပဲလား
မိဘတွေကြည့်ပါအုံ
အသက်တွေကတစ်နှစ်ထပ်တစ်နှစ်ကြီးလာပြီ
ခံနိုင်ရည်အားတွေလျော့နေပေမဲ့
လက်မလျော့ဘူး
သွားမြဲသွား လုပ်မြဲလုပ်တုန်း
မိဘတွေကသားသမီးအတွက်တွေးပေးတယ်
မင်းရောတွေးပေးဘူးလား
အပေါင်းအသင်းတွေကြည့်ပါအုံ
ပျော်ပါးနေလိုက်ကြတဲ့သူနဲ့
အလုပ်ခွင်မှာလုပ်ကိုင်းနေတဲ့သူနဲ့
ဘယ်ဟာကပိုကြည့်လို့ကောင်းလဲ
ခနတာအတွက်အပျော်အပါးနဲ့
တစ်ဘဝစားဆိုတဲ့အလုပ်ခွင်
ဟိုမှာကြည့်ပါအုံး
ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့သူတွေ
သူတို့အခုလိုဖြစ်ဖို့ စွန့်လွတ်ခဲ့တာတွေအများကြီးနော်
ဘာအရာမှလွယ်လွယ်မရဘူး
လူငယ်ပဲမှားမှာမကြောက်နဲ့
အခွင့်အရေးတိုင်ကိုရအောင်ယူ
ရွေးချယ်မူတိုင်းကိုနောင်တမရနဲ့
အဓိကက ဘယ်တော့မှမရပ့်တန့်လိုက်နဲ့
သစ်ပင်နဲ့မင်းကမခြားဘူး
သစ်ပင်လည်သူ့ရဲ့အကိုင်အညွှန့်တွေလှပဖို့
ရွက်ဟောင်းလေးတွေကိုကြွေပေးရသလို
အများနားခိုးဖို့ငှက်ကလေးတွေနားဖို့
အကိုင်းအသစ်အရွက်အသစ်တွေထွက်ပေးရတာပဲ
ဘယ်တော့မှရပ်တန့်သွားတယ်မရှိဘူး
ရပ်တန့်တဲ့အချိန် သေတဲ့အချိန်ပဲ
အသေမချင်းကြိုးစားရမှာ
သတ္တဝါတိုင်းရဲ့တာဝန်ပဲ
ဒါ့ကြောင့်
ကိုယ်ကဘာဖြစ်ချင်တာလဲ
သေချာရွေးချယ်ပါ
အရွက်အသစ်မထွက်ဘဲသေနေတဲ့သစ်ပင်လား
အများအကျိုးအတွက်လုပ်ဆောင်ပေးတဲ့သစ်ပင်လား
ရွေးချယ်မူမှန်ကန်ပါစေ လူငယ်
စာချစ်သူတို့ပျော်ရွှင်ချမ်းသာစိတ်ကျန်းမားကြပါစေ🙏🤍
လူငယ်တိုင်ပျော်ရွှင်လွတ်လပ်ကြပါစေ🍀🍀
6:25 AM Fri
Minal မိငယ်
Keep Reading