မောရိသျှ
စပိန်နိုင်ငံတောင်ပိုင်း၊ ဖွမ်ဂီရိုလာနယ်လေးကို ရောက်ဖြစ်နေတာ လနဲ့ချီနေပါပြီ။ မေမေ၊ ညီလေးတို့နဲ့ အလည်အဖြစ် အရောက်လာခဲ့ကြတာပါ။ ရာသီဥတုလေးနဲ့ အစားအသောက်လေးတွေကို ကြိုက်လို့ တမင်လာဖြစ်ခဲ့ပြီး၊ ကျွန်တော့်ရဲ့ ရေးလက်စစာအုပ်အတွက် ကုန်ကြမ်းတွေလည်း ရနိုင်လို့ လာခဲ့တာပါ။ ပြီးခဲ့တဲ့ အပတ်ကမှ မေမေတို့ ပြန်သွားခဲ့တယ်။ ကျွန်တော်ကတော့ စာရေးလို့ကောင်းလို့ ဆက်နေဖြစ်ခဲ့တယ်။ အားလပ်ချိန်လေးတွေမှာ အပြင်ထွက်ပြီး ဟိုလည်ဒီပတ် လုပ်လို့ကောင်းတယ်။ ဒေသခံလူတွေကလည်း ဖော်ရွေတော့ ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် စကားစမြည်ပြောလို့ကောင်းတယ်။ အာရုံနောက်စရာ သိပ်မရှိဘူး။ လုပ်နေတဲ့အလုပ်မှာ အာရုံအပြည့်ထည့်ပြီး စိတ်လိုလက်ရ လုပ်လို့ကောင်းတယ်။
ကျွန်တော်က စာရေးရတာ သိပ်ဝါသနာပါတယ်။ ဘဝရည်ရွယ်ချက် ဘဝအလုပ်ကြီးအဖြစ်ကို ခံယူထားသူမျိုးပါ။ ကျွန်တော့်ရဲ့ အသက်ရှင်သန်မှုကြီး စာရေးဖို့အတွက်ပဲလို့ကို လက်ခံထားတယ်။ ဒါကြောင့်လည်း စာအုပ်ရေးဖြစ်တိုင်း နဂိုထက်ပိုကောင်းပိုသာတဲ့ စာအုပ်မျိုး ရေးနိုင်အောင် ကျွန်တော်ကြိုးစားတယ်။ အခု ရေးလက်စ စာအုပ်က တပ္ပဓမ္မနဲ့ ချမ်းသာကြွယ်ဝမှုတည်ဆောက်နည်းအကြောင်းဖြစ်တော့ ပေါ့ဆလို့ မရဘူး။ ၂၀၁၅ ကတည်းက ရေးလာတာ အခုထိတော့ မပြီးသေးဘူးဗျ။
စာရေးတိုင်း အာရုံမနောက်အောင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ပြီးနေနိုင်အောင် နေဖြစ်တယ်၊ ဒါကလည်း မားခိုစ့် အောင်ရေးလီးယုစ်ပြောထားဖူးတဲ့ စကားကြောင့်လည်းပါပါတယ်။ “ဘာလုပ်လုပ် ဟိုစပ်စပ်ဒီစပ်စပ် မလုပ်နဲ့ လက်များတဲ့သူက စည်းကမ်းမဲ့တဲ့သူပဲဖြစ်တယ်”
ကျွန်တော့်အတွက်တော့ မားခို့စ်ပြောတာ သိပ်မှန်တယ်၊ လုပ်စရာရှိတဲ့ အလုပ်မှာ အာရုံမထည့်ထားဘဲ ဟိုလိုလို ဒီလိုလို လုပ်နေလို့ကတော့ ဘယ်အလုပ်မှ မပြီးပြတ်ဘူး။ စည်းကမ်းမရှိတာပဲ။ ကျွန်တော်ကတော့ တပဓမ္မကို ဘဝအခြေခံစည်းကမ်းအဖြစ် ခံယူထားတာကြောင့် -
“ထိန်းချုပ်လို့ရနိုင်တာတွေအပေါ်မှာပဲ အာရုံစိုက်ထားပါ၊ သဘာဝကို မလွန်ဆန်ဘဲ အသားကျနိုင်အောင် ရှင်သန်တတ်ပါစေ” ဆိုတဲ့ အဆိုအမိန့်ကို ဦးထိပ်တင်ထားတယ်။
ဘဝစည်းကမ
Unlock to read this premium article with 100 points.