Sandi Cho
ကိုယ်ဘယ်သူလဲဆိုတာသေချာမသိရင် ကိုယ်ဘာလိုချင်လည်းဆိုတာလည်း သေချာမသိဘူး။ကိုယ်ဘယ်လိုဘ၀မျိုးနဲ့ နေချင်လဲဆိုတာလည်းသေချာမသိတဲ့အခါ လမ်းပျောက်တာတွေဖြစ်လာနိုင်တယ်။
Self awareness(ကိုယ့်ကိုယ်ကိုယ်သိရှိနားလည်ခြင်း)က ချိုတို့ရဲ့ဘ၀အတွက်အရမ်းအရေးပါတယ်။
ချိုတို့ကိုယ်ချိုတို့ ခွက်အလွတ်တစ်ခုလို့ စိတ်ကူးကြည့်လိုက်ပါ။လူတိုင်းမွေးလာကတည်းက ဗလာဖြစ်နေတာပါ။ဒါပေမယ့် တဖြည်းဖြည်း ကိုယ့်ကိုယ်ကိုယ်နားလည်လာပြီး self awareness ရှိလာတဲ့သူက သူခွက်ထဲမှာ သူကိုယ်ပိုင်ရေတွေအပြည့်ဖြည့်ထားတယ်။
တကယ်လို့ ချိုတို့က self awareness မရှိတဲ့သူဆို ချိုတို့ရဲ့ခွက်ထဲကို တစ်ခြားသူတွေက အမဲရောင်အရည်တွေဖြည့်ချင်ဖြည့်သွားမှာ။အဲအခါချိုတို့က အမဲရောင်အရည်ဖြစ်သွားပြီ။တစ်ခြားသူတွေရဲ့ ထင်မြင်ချက်တွေ၊ဝေဖန်မှုတွေနဲ့ ချိုတို့ကိုယ်ချိုတို့ တည်ဆောက်လိုက်တဲ့အချိန်မှာ ချိုတို့ရဲ့ဘ၀မှာ အကြည်ဓာတ်မရှိတော့ဘူး။ကိုယ်ပိုင်ဘ၀ဆိုတာ မရှိတော့ဘူး။
အဲဒါကြောင့် self awarenessရှိဖို့ရာအရမ်းအရေးကြီးတယ်။ချိုတို့သူများအကြောင်းကို အရမ်းစိတ်၀င်စားတတ်ကြတယ်။ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ်စိတ်၀င်စားဖို့တော့မေ့နေတတ်ကြတယ်။ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုယ် ချိုနဲ့အတူရှာဖွေကြည့်ရအောင်ပါ။
Self awareness ရှိဖို့ဆို လုပ်လို့ရတာတွေက:
☆ Mindfulnessဖြစ်အောင်နေပါ။
ဘယ်လိုပြောတာလဲဆိုရင် အသိနဲ့သတိကပ်နေတာမျိုးပါ။တရားထိုင်တာမျိုးတွေလုပ်လို့ရတယ်။ပစ္စပ္ပုန်မှာနေပြီး ကိုယ်ဘာလုပ်နေနေ အမြဲသတိလေးနဲ့ကပ်ပြီးနေကြည့်ပါ။ကိုယ်တစ်ခုခုကို ခံစားရပြီလည်း ကိုယ်ခံစားချက်တွေကို သတိပြုပါ။တိမ်တွေလေထဲမျှောလွင့်နေတာကို စောင့်ကြည့်သလိုမျိုး ကိုယ်ရဲ့အတွေးတွေကိုစောင့်ကြည့်ပါ။ကြာလာရင် ကိုယ်စိတ်က ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုလုပ်တတ်တယ်ဆိုတာကို ကိုယ့်ဟာကိုယ်ပိုသိလာလိမ့်မယ်။ပြီးတော့ ပိုထိန်းချုပ်နိုင်လာပါလိမ့်မယ်။
☆ Self reflection အမြဲလုပ်ပေးပါ။
ချိုဆို self reflection time ဆိုပြီးသတ်သတ်ထားတယ်။နေ့တစ်နေ့ရဲ့ အဆုံးသတ်ရောက်ပြီဆို ဒီနေ့မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်ပျက်တွေကို ပုံပြင်လေးတစ်ပုဒ်လိုပြန်စဉ်းစားတယ်။ကိုယ်ဘယ်လို ခံစားချက်တွေဖြစ်ခဲ့လဲ။ဘယ်လိုတွေတုံပြန်ခဲ့လဲ။ပြီးတော့ ကိုယ်ရဲ့ခံစားချက်အတိုင်းကိုပဲ စာအုပ်တစ်အုပ်ထဲမှာချရေးတယ်။မှားလားမှန်လားတွေးမနေပဲနဲ့ ဒီအတိုင်း ကိုယ်ရဲ့အတွေးတွေကိုချရေးကြည့်ပါ။အဲလိုလုပ်ခြင်းက ကိုယ်တောင်သတိမထားမိတဲ့ ကိုယ့်ရဲ့စိတ်အတွင်းထဲထိ ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်မိလာတတ်ပါတယ်။
☆ ကိုယ့်ရဲ့အားသာချက်&အားနည်းချက်တွေကို ရှာဖွေပါ။
ကိုယ်ရဲ့ အဓိကအားသာချက်တွေကဘာတွေဖြစ်မလဲ။ကိုယ်ရဲ့အားသာချက်က ကိုယ်ချင်းစာစိတ်ရှိတာလည်းဖြစ်နိုင်တယ်၊စိတ်ရှည်တာလည်းဖြစ်နိုင်တယ်၊သီချင်းဆိုကောင်းတာလည်းဖြစ်နိုင်တယ်။ကိုယ်ဘယ်အရာတွေမှာ အားသာလည်းဆိုတာ ဖြည်းဖြည်းချင်းပြန်ဆန်းစစ်ကြည်ပါ။
အားနည်းချက်တွေကိုလည်းအဲလိုပါပဲ။ကိုယ်ရဲ့ဘယ်အားနည်းချက်က ကိုယ့်ကိုနောက်ပြန်ဆွဲထားစေတာလဲ။အချိန်ဆွဲတာလား၊မျက်ရည်လွယ်တာလား၊အားနာတတ်တာလား အစရှိသဖြင့်ပေါ့။ကိုယ့်ကိုယ်ကိုယ်မညာပဲ အရှိကိုအရှိအတိုင်းချရေးကြည့်ပါ။
☆ ကိုယ်ရဲ့core valueတွေကဘာတွေဖြစ်မလဲ...?
ကိုယ့်အတွက်အရေးကြီးဆုံးလို့ထင်တဲ့ အရာသုံးခုကိုပဲချရေးကြည့်ပါ။လေးစားမှုလည်းဖြစ်နိုင်တယ်၊ကိုယ်ချင်းစာစိတ်လည်းဖြစ်နိုင်တယ်။အဲသုံးခုရွေးပြီးပြီဆို ဘာလို့အဲvalueတွေထားရလိုဆိုတဲ့ မေးခွန်းကို ကိုယ့်ဟာကိုယ်ပြန်မေးပါ။အဲချိန်ကျ ချိုတို့ရဲ့ life purposeတစ်ခုကို ရှာတွေ့ပါလိမ့်မယ်။
☆ ကိုယ်ရဲ့ပန်းတိုင်တွေကိုသတ်မှတ်ထားပါ။
ဘာဖြစ်ချင်မှန်သေချာမသိဘူးဆို ကိုယ့်ကိုယ်ကိုယ်ဒီမေးခွန်းလေးတွေမေးကြည့်လိုရပါတယ်။
ကိုယ်လိုချင်တဲ့ဘ၀ကဘယ်လိုဘ၀မျိုးလဲ...?
အဲလိုဘ၀ရနိုင်ဖို့ ခုငါလုပ်လို့ရတာတွေကဘာတွေလဲ...?
ဘယ်လိုဘ၀မျိုး မဖြစ်ချင်ဆုံးလဲ...?
အောင်မြင်မှုဆိုတာ ငါအတွက်ဘယ်လိုအရာမျိုးလဲ...?
စိန်ခေါ်မှုတွေရှိမယ်ဆိုရင်တောင် ငါဖြစ်အောင်လုပ်ချင်တာကဘာလဲ...?
နောက်5နှစ်နေရင် ငါဘ၀ကိုဘယ်လိုပုံစံနဲ့ ရှိစေချင်လဲ...?
ငါဘယ်အရာတွေလုပ်ရရင် ပျော်တယ်လို့ ခံစားရလဲ...?
☆ ကိုယ့်ကိုယ်ကိုယ် လက်ခံပေးပါ။
အပေါ်ကမေးခွန်းတွေမေးပြီးတဲ့အခါ ကိုယ့်ရဲ့အားသာချက်တွေ၊အားနည်းတွေပေါ်လာတဲ့အခါ ကိုယ့်ကိုယ်က်ုယလက်ခံပေးပါ။ကိုယ်ရဲ့ ဖြစ်တည်မှုအတွက် ကျေးဇူးတင်စိတ်ထားပေးပါ။ကိုယ်ဆိုတဲ့ ဖြစ်တည်မှုက ဒီကမ္ဘာမှာနှစ်ယောက်မရှိနိုင်ပါဘူး။လူတိုင်းကလည်း perfectမဖြစ်နိုင်ကြပါဘူး။အဲဒါကြောင့် ကိုယ်ရဲ့ အားနည်းချက်တွေကိုကြည့်ပြီးတော့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မနေပဲ လက်ခံပြီးရှေ့ဆက်လိုက်ပါ။
Self awareness ရှိဖို့ဆိုတာ နေ့ချင်းညချင်း လုပ်ယူလို့ရတဲ့အရာမဟုတ်ပါဘူး။အဲဒါကြောင့် စိတ်ရှည်ရှည်နဲ့ပဲ ကိုယ့်ကိုယ်ကိုယ်ပြန်ရှာဖွေကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ရှင့်။
𝄞⋆မေတ္တာများစွာဖြင့်
Keep Reading