စာရေးသူ
မနေ့ညက အိမ်မက်အရမ်းလှတယ် ကျွန်တော်အဖေ့ကိုစကားတွေအများကြီးပြောနေခဲ့တာ။မျက်ရည်တွေရော ၀မ်းသာတဲ့အကြည့်တွေနဲ့ ရောပြွမ်းလို့ပေါ့။
ကျွန်တော်ငယ်ငယ်က အဖေ့ကိုသိပ်ချစ်တာ ဗိုက်ပေါ်မှာအိပ် မနက်စာဆိုရင် အဖေ၀ယ်ကျွေးတဲ့ နန်းကြီးသုပ်နဲ့မှစားတာမျိုး။ တစ်နေ့အဖေပြောင်းလဲသွားတယ်။
ကျွန်တော့်ကိုစာသင်တဲ့ ခြောက်နှစ်သားအရွယ်မှာ English Meaning တွေကျက်ခိုင်းတယ်။သင်ယူမှုနှေးတဲ့ကလေးဖြစ်တဲ့အတွက် ကျွန်တော်အဖေမေးသမျှမဖြေနိုင်ခဲ့ပါဘူး။အဖေဒေါသထွက်တယ်။အဖေကပြောတယ်။ မင်းဒီလောက်အသုံးမကျတာ စာသင်မနေနဲ့တဲ့။နောက်ပိုင်းကျွန်တော်အမှားလုပ်မိရင် အဖေကအရမ်းရိုက်တယ်။၀န်ခံပါတယ်။ကျွန်တော်အဖေ့ကိုကြောက်တယ်။
ဒီနေရာမှာအချစ်ကြီးရင်အမျက်ကြီးတယ်ဆိုတဲ့စကားထက် အချစ်ကြီးလို့ အကြောက်ကြီးတယ်ဆိုတဲ့စကားဆို ပိုမှန်လိမ့်မယ်။အဲ့သည်အချိန်တွေမှစပြီး ကျွန်တော်နဲ့အဖေကြားမှာ တံတိုင်းတစ်ခုကာဆီးသွားပါတော့တယ်။နှစ်တွေကြာလေ အဲ့သည်နံရံက ပို၍ထူလာလေ ဖြစ်တယ်။
ယနေ့အထိ ချစ်တယ်ဆိုတဲ့စကားလုံးကို ပြောချင်သော်လည်း ဟုတ်ကဲ့ဆိုတဲ့စကားလုံးမှတစ်ပါး အခြားပြောစရာမရှိ၊စာကိုသာဖိမလုပ်ဘဲ စာသာမတော်ခဲ့လျှင်၊ ယောကျာ်းသားတစ်ယောက်တတ်သင့်သည်များကိုလည်း အဖေ့ဆီမှ ကျွန်တော်မသင်လာခဲ့တော့ ကဲ့ရဲ့ခံရမည်မှာမလွဲမသေ။
မနေ့ညကအိပ်မက်ထဲမှာ အဖေ့ကိုကျွန်တော် စကားတွေအများကြီးပြောတယ် အဖွားကိုစောင့်ရှောက်ပေးချင်ကြောင်းတွေ၊မြန်မာနိုင်ငံမှာနေရတာဘယ်လောက်ခက်ခဲကြောင်းတွေအပါအ၀င် စုံနေရောပဲဗျာ။ကျွန်တော်လေ တစ်ခါမှအဲ့လို အဖေနဲ့စကားကောင်းကောင်းမပြောဖူးဘူး။အိပ်မက်ထဲမှာ အဖေ့ကကျွန်တော့်ကို ဖက်ထားတာဗျ။ အမေကလည်းပြုံးလို့ တစ်မိသားစုလုံးလည်းပျော်လို့။ကျွန်တော်မအိပ်ခင်ညက အရမ်းပင်ပန်းသွားလို့ဖြစ်မယ်။လှလိုက်တာ...ကြည်နူးစရာကောင်းသော အိပ်မက်။
အိပ်မက်ကနေ နိုးလာတော့ ကျွန်တော်အဖေ့ကိုပြန်မြင်ယောင်ကြည့်မိတယ်ယ
ရှိပါသေးသည် အဲ့သည်နံရံ။အဲ့သည်တံတိုင်း။
ခံစားမိပါသည် အိုကျွန်ုပ်၏လောကဓံ
စာရေးသူ
Keep Reading