Nway Oo Maung
ဒီစကားပုံကို စာချစ်သူတို့ ဘယ်လိုနားလည်ထားကြလဲ၊ အများစုကတော့ အဓိပ္ပါယ်သေချာမသိကြပဲ မသာတစ်ခေါက်ပို့တာသည် ကျောင်းဆယ်ခေါက်သွားတာထက် အကျိုးရှိတယ်လို့ အထင်မှားကြပါတယ်။ "မသာတစ်ခေါက် ကျောင်းဆယ်ခေါက်"ဆိုတာက ကမ္မဌာန်းအားထုတ်တဲ့နေရာမှာ အသုဘကမ္မဌာန်းသည် ဗုဒ္ဓါနုဿတိကမ္မဌာန်းထက် အကျိုးပိုများတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ မသာလိုက်ပို့တဲ့အခါ "အော် ငါလည်းသူလို့ သေရဦးမှာပါလား"လို့ သံဝေဂတရားတစ်ကြိမ်ရသွားခြင်းသည် ဘုန်းကြီးကျောင်းဆယ်ခေါက်သွားပြီး ဘုရားအာရုံပြုတာထက် အကျိုးရှိပါတယ်။ မသာအခေါက်တစ်ရာလိုက်ပို့ပြီး"ငါလည်းသေရဦးမှာပါလား"လို့ နှလုံးမသွင်းမိရင်တော့အကျိုးမရှိနိုင်ပါဘူး။ စကားပုံ၏ အဓိကဆိုလိုရင်းကတော့ ကမ္မဌာန်းအားထုတ်တဲ့ပုဂ္ဂိုလ်တို့အတွက်ရည်ရွယ်တာဖြစ်၏။ သို့သော်လည်းပဲ နေ့စဉ်ဘဝထဲမှာ မသာလိုက်ပို့တဲ့အခါပဲဖြစ်ဖြစ် တစ်ခြားလိုက်ပို့သောသူတို့ကို တွေ့ရင်ပဲဖြစ်ဖြစ် "မသာတစ်ခေါက် ကျောင်းဆယ်
ခေါက်"ဆိုသော စကားပုံကိုသတိရပြီး"ငါလည်းတစ်နေ့သေရဦးမယ်"လို့တစ်ခါလောက်
နှလုံးသွင်းမိရင် အတော်အကျိုးရှိပါတယ်။ အဲ့ဒီလို့နှလုံးသွင်းမိရင် တပ်မက်မှုတွေကို တဒင်္ဂလျော့ကျစေနိုင်တာပေါ့။
Keep Reading