Author's Profile Photo

Thuta Sharing

23/01/2025

သင့်အတွက်လောင်စာနှစ်မျိုး

2 mins read
Personal Development
သင့်အတွက်လောင်စာနှစ်မျိုး's photo

သင့်ကိုဘယ်အရာတွေက Motivation ဖြစ်‌စေပြီး အမြဲတွန်းအားပေး လှုံ့ ဆော်နေလဲဆိုတာကို သေချာနားလည်ပြီး ထိုအရာတွေကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်.

Motivation မှာ External Motivation နှင့် Internal Motivation ဆိုပြီးနှစ်မျိုးရှိပါတယ်. နှစ်မျိုးစလုံးမှာ သူတို့ကိုယ်ပိုင်အကျိုးကျေးဇူး‌တွေ ရှိပေမယ့် သူတို့ကို ချိန်ခွင်သဖွယ်မှန်ကန်စွာ အသုံးချနိုင်မှ သင့်ရဲ့ Productivity စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်. Motivation နှစ်ခုလုံးကို ထိထိရောက်ရောက် ချိန်ညှိပြီး သင့်ရဲ့Productivityမီးကို အဆက်မပြတ် လောင်မြိုက်နေစေအောင် ကြိုးစားရမှာဖြစ်ပါတယ်.

External Motivation ဆိုတာ ဘာလဲ?

External Motivation (ပြင်ပလှုံ့ဆော်မှု)ဆိုတာက ပြင်ပဆုလာဘ်တွေ ဒါမှမဟုတ် ဖိအား(pressure)ကြောင့် အရာတစ်ခုခုလုပ်ဆောင်ရခြင်းဖြစ်ပါတယ်. ဥပမအားဖြင့်ငွေကြေးကိစ္စကြောင့် - လစာများ, ဘောနပ်စ်များ သို့မဟုတ် ကော်မရှင်များကဲ့သို့သော ငွေကြေးဆိုင်ရာ မက်လုံးများ.အသိအမှတ်ပြုခံရခြင်း- သင်၏အောင်မြင်မှုများအပေါ် ဆုများ, ချီးမွမ်းခံရခြင်း သို့မဟုတ် လူအများအသိအမှတ်ပြုခြင်း. Deadlines- သင့်အား အလုပ်များကို ပြီးမြောက်စေရန် တွန်းအားပေးသည့် အခြားသူများမှ ချမှတ်ထားသော အချိန်ကန့်သတ်ချက်များ. စတာတွေက External motivation ကိုဖြစ်စေတဲ့အရာတွေပဲဖြစ်ပါတယ်။

Internal Motivation ဆိုတာ ဘာလဲ?

Internal Motivation (အတွင်းစိတ်အားထက်သန်မှု)ဆိုတာက မိမိကိုယ်အတွင်းမှ ဆင်းသက်လာပြီး ပုဂ္ဂိုလ်ရေးကျေနပ်မှုနှင့် ရည်ရွယ်ချက်ရှိမှုတွေက သင့်ကို တွန်းအားဖြစ်‌စေပါတယ်။ ဥပမာအားဖြင့်-စိတ်အားထက်သန်မှု- သင်သဘောကျနှစ်သက်တဲ့ အရာတွေကိုလုပ်နေခြင်းPersonal Growth- သင်ယူလိုစိတ်နဲ့ တိုးတက်လိုစိတ်တွေကြောင့်.ရည်ရွယ်ချက်- သင့်တန်ဖိုးများ, ယုံကြည်ချက်များနှင့် ကိုက်ညီသော ပန်းတိုင်များဆီသို့ ဦးတည်လုပ်ဆောင်ခြင်းတို့ဖြစ်ပါတယ်။

ဒါဆိုရင် External Motivation နှင့် Internal Motivation ကို ဟန်ချက်ညီညီဘယ်လိုလုပ်ရမလဲ?

1. သင့်ရဲ့ စိတ်အားထက်သန်မှုကို ဖော်ထုတ်ပါ- သင့်အား ဘယ်အရာတွေက တွန်းအားဖြစ်စေလဲဆိုတာ ပြန်လည်သုံးသပ်ပါ။ အဓိက သင့်ကို ပြင်ပ နှင့် အတွင်းပိုင်း စိတ်အားထက်သန်သူများကို ဘယ်အရာတွေကနေရလဲ ချရေးထားပါ။ သင့်အား Motivation ဖြစ်အောင် လှုံ့ဆော်ပေးသည့်အရာများကို နားလည်ထားပါ.

2. အဓိပ္ပာယ်ပြည့်ဝသောပန်းတိုင်များသတ်မှတ်ပါ- ပုံမှန်ပန်းတိုင်ချမှတ်တာထက် သင့်အတွင်းပိုင်းမှစိတ်အားထက်သန်လာသော အရာနဲ့ ပြင်ပမှ ဆုလဒ်တစ်ခုခုကို ချိတ်ဆက်ထိန်းညှိ့ပေးတဲ့ပန်းတိုင်များချမှတ်ပါ။

3. ဆုပေးစနစ်တစ်ခုဖန်တီးပါ- အတွင်းစိတ်လှုံ့ဆော်မှုများကို အားဖြည့်ရန် ပြင်ပဆုများကို အသုံးပြု‌ပေးပါ။ ဥပမာအားဖြင့် ပင်ပန်းသော စိန်ခေါ်မှုအလုပ်တစ်ခုပြီးမြောက်ပြီးနောက် သင်နှစ်သက်သောအရာတစ်ခုခုပြန်လုပ်ပေးခြင်းဖြင့် အပန်းဖြေပါ.

4. “ဘာကြောင့်လဲ”ဆိုတာ များများမေးပါ- သင်ဘာကြောင့် ဒီအရာကို လုပ်နေရတာလဲ ဆိုတဲ့ သင်၏အရင်းခံအကြောင်းရင်းများကို သိရှိခြင်းသည် ပြင်ပကဆုလာဘ်များကို မရရင်တောင် သင့်ကို စိတ်ခွန်အားဖြစ်စေမှာပါ.

5. စိန်ခေါ်မှုများကို ရင်ဆိုင်ပါ-သင့်ကို စိန်ခေါ်မှုဖြစ်ပေါ်စေတဲ့ အလုပ်တွေကို လုပ်ပြီး Comfort Zone ထဲက ထွက်လိုက်ပါ.ဒီစိန်ခေါ်မှုတွေကို ကျော်လွှားပြီး ရလာတဲ့ ကျေနပ်မှုဟာ အားကောင်းတဲ့ Internal Motivationကိုဖြစ်ပေါ်စေပါတယ်.

6. ပံ့ပိုးပေးသောပတ်ဝန်းကျင်ကို ပြုစုပျိုးထောင်ပါ- သင့်ပြင်ပအောင်မြင်မှုများနှင့် အတွင်းပိုင်း စိတ်အားထက်သန်မှုကို အားပေးသောသူများနှင့် သင့်ပတ်ဝန်းကျင်ကို ဝန်းရံထားပါ။ ပံ့ပိုးကူညီသောလူမှုကွန်ရက်တစ်ခုသည် သင့်အတွက် External Motivation နှင့် Internal Motivation ကိုပါ‌ပြည့်၀နေစေပါလိမ့်မယ်.

7. ပြောင်းလွယ်ပြင်လွယ် ဖြစ်အောင်နေပါ- ခဏခဏ မထင်ထားတဲ့ အရာတွေ ဖြစ်ပေါ်တတ်တယ်ဆိုတာ သတိထားမိလောက်ရောပေါ့.မထင်မှတ်ထားပဲ ပေါ်ပေါက်လာတဲ့အခက်အခဲတွေရှိတာကြောင့် သင့်ပန်းတိုင်ကို ပြောင်းလဲမဖြစ်ပဲ သင့်အစီအစဉ်တွေကိုသာ ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင်လုပ်ပါ.

External Motivation နှင့် Internal Motivation ကိုမျှတအောင် ထိန်းညှိခြင်းသည် သင့်ရဲ့ Productivity စွမ်းရည်ကို တည်တံ့စေပြီး ရေရှည်အောင်မြင်မှု ရရှိရန် သော့ချက်တစ်ခုဖြစ်တယ်. သင့်အား လှုံ့ဆော်ပေးသည့်အရာများကို နားလည်ပြီး ပြင်ပဆုလာဘ်များကိုပေးပြီး အတွင်းစိတ်ကျေနပ်မှုဖြင့် ချိန်ညှိရန် နည်းလမ်းများကို ရှာဖွေခြင်းဖြင့် သင့်ရဲ့ Productivity မီးကို အဆက်မပြတ်လောင်ကျွမ်းစေပြီး သင့်ဘဝ၏ နယ်ပယ်အားလုံးတွင် စိတ်အားထက်သန်စွာ နေစေနိုင်ပါတယ်။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း