~.~ရှင်မိငယ်~.~
ညီမလေးတို့ရေ ဒီခေတ်ကြီးထဲမှာ ရည်းစားမရှိတဲ့သူဆိုတာ နှင်းဆီပြာထက်ရှားပါတယ်ကွယ်။
ချစ်တော့ချစ်နေကြတာပဲ ဒါပင်မဲ့ အဲ့အချစ်တွေကမစစ်ကြဘူး။တစ်ချို့ကရည်းစားထားတယ်ဆိုတာ
ချွဲဖို့၊နွဲ့ဖို့၊စိတ်ကောက်ဖို့လောက်ပဲ သိကြတယ်။
တစ်ချို့ကြလည်း ရမ္မက်မီးတောက် တောက်လောင်ကာ
အချစ်မိုးမွှန်လို့ ကာမဂုဏ်ကိုရစ်မူးခံစားချင်ယုံသာဖြစ်ကြတယ်။စိတ်အလိုကို လိုက်ကြတော့ မဖြစ်သင့်တာတွေဖြစ်ကြပြီး ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်သည်တွေဖြစ်လို့.....။
တစ်ချို့ကြပြန်တော့လည်း ကြွားဝါချင်လို့ရည်းစားထားကြပြန်တယ်ါ
ကိုယ့်ပတ်ဝန်းကျင်အပေါင်းအသင်းတွေမှာ ကိုယ်စီကိုယ်စီ ဆိုင်သူရှိနေပြီး ကိုယ့်မှာတော့မရှိရမလားဆိုပြီးရှာတယ်။ဟော....တွေ့တဲ့အခါကျလည်း ပါးစပ်ကအငြိမ်မနေဘဲ
"မင်းတို့လိုမျိုးငါ့မှာလည်းရည်းစားရပြီကွ"လို့ကြွားပြန်တယ်။
ဪ....အချစ်ကိုအပျော်တမ်းကစားနေကြတယ် တစ်ယောက်နဲ့ပျက်လို့မကြာသေးဘူး နောက်တစ်ယောက်ထပ်ရှာ အဲ့တစ်ယောက်နဲ့အဆင်မပြေတော့ အရင်လူဆီပြန်သွား။ဒါနဲ့ပဲ ဘဝကြီးကအဖန်တလဲလဲကျင်လည်ရာဘဝစက်ဝိုင်းကြီးကိုဖြစ်လို့။
တစ်ကယ်တော့ညီမလေးတို့ရေ ရည်းစားထားတယ်ဆိုတာ ကိုယ့်ဘဝရဲ့လက်တွဲဖော်၊ဘဝရဲ့အဖော်မွန်ကောင်းကိုရှာတာပဲဖြစ်တယ်။နှစ်ဦးနှစ်ဖက်အပြန်အလှန်နားလည်ပေးနိုင်ရမယ်။ဖြူစင်သန့်ရှင်းတဲ့ချစ်ခြင်းတရားနဲ့ အေးမြချိုမြိန်တဲ့ မေတ္တာတရားကိုအပြန်အလှန်ပေးနိုင်ရမယ်။ဒါမှလည်းရိုးမြေကျတဲ့အထိရေရှည်တည်မြဲမယ့်ဆက်ဆံရေးတစ်ခုဖြစ်လာမယ်။
တစ်ချို့ကြလည်းအချိန်ကြာလာရင်ငြီးငွေ့သွားတယ် သွေးအေးသွားကြတယ်။ဥပမာLDRSတေွပေါ့ အွန်လိုင်းပေါ်မှာပဲတွေ့နိုင်တဲ့ဘဝတွေ။အင်တာနက်ချို့ယွင်းမှုကြောင့် အဆက်အသွယ်ပျက်သွားတဲ့အခည အနေဝေးလို့သွေားအေးကြတာမျိုးတွေရှိကြတယ်။ဒါ့ထက် သစ္စာဖောက်တာမျိုးတွေ လွယ်လွယ်ကူကုလုပ်နိုင်လာကြတယ်။
ညီမလေးတို့ရေ အချစ်မှာသစ္စာရှိဖို့လိုတယ်။
ဘယ်လောက်ပဲအနေဝေးဝေး
ဘယ်လောက်ပဲအဆက်အသွယ်ပြတ်ပြတ်
သစ္စာတရားကို လက်ကိုင်ထားတာ စောင့်ဆိုင်းနိုင်မှသာလျှင် စစ်မှန်သောချစ်ခြင်းတရားပါကွယ်။
ခုခေတ်ကြီးမှာ ဖျော်ရည်တွေတောင်မစစ်တော့ဘူး။ရေရောထားတဲ့အချစ်ဆိုတဲ့ ဖျော်ရည်ထဲမှာ အချစ်စစ်ကိုရှာမနေပါနဲ့ကွယ်။ အရသာချိုဖို့အတွက် ဆေးသကြားတွေထည့်ကြလိမ့်မယ်၊နို့ဆီတွေရောကြလိမ့်မယ် အဲ့ဒီဖျော်ရည်ကိုသာ ညီမလေးသောက်သုံးမိသွားရင် ချောင်းဆိုးရင်ကျပ်ရောဂါရပါလိမ့်မယ်ကွယ်။
ဘေးထွက်ဆိုးကျိုးများတဲ့ ဒီဖျော်ရည်ကြီးကို မသောက်သုံးမိပါစေနဲ့နော်။
စစ်မှန်တဲ့ဖျော်ရည်တစ်ခွက်ရဖို့အတွက်ဘအချိန်ယူရပါလိမ့်မယ် သို့သော် ဒီဖျော်ရည်ထဲမှာတော့ စစ်မှန်တဲ့မေတ္တာတွေ၊
ဂရုစိုက်မှုတွေ၊နားလည်မှု၊လေးစားမှုတွေ၊သစ္စာတရားတွေ၊ နွေးထွေးမှုတွေနဲ့ သောင်းပြောင်းရောနှောထားတဲ့ချိုမြိန်သော ဖျော်ရည်တစ်ခွက်ဖြစ်ပါလိမ့်မယ်။
သောက်သုံးတဲ့သူအတွက်လည်းအေးမြပါစေလိမ့်မယ်ကွယ်။
ညီမလေးတို့ရဲ့နှလုံးသားလေးတွေ
ရေရောထားတဲ့ဖျော်ရည်များနဲ့ ဝေးကြပါစေကွယ်။
** //ရှင်မိငယ်//**
(စာဖတ်သူများအား လေးစားလျက်)
Telegram channel link
https://t.me/Strength_for_life_2024_24
#shinmingal
Keep Reading