ခိုင်ခန့်
ဒီနေ့ စာဖတ်သူလေးတို့အတွက် motivation ရအောင် ပုံပြင်လေးတစ်ပုဒ်ပြောပြချင်ပါတယ်။ဒီပုံပြင်လေးက စာဖတ်သူတို့အတွက် သေချာပေါက်အကျိုးရှိမှာပါ။ကျွန်တော်လည်း ဒီပုံပြင်လေးကို ဖတ်ပြီး စိတ်ခွန်အားတွေရရှိခဲ့ပါတယ်။
အရင်တုန်းက ရွာတစ်ရွာမှာ မိုးပျံပူဖောင်းတွေရောင်းတဲ့ပူဖောင်းသည်တစ်ယောက် ရှိတယ်။တနေ့မှာ မိုးပျံပူဖောင်းသည်ကပူဖောင်းရောင်းနေချိန်မှာ သူ့အနားကိုကလေးတစ်ယောက်ရောက်လာတယ်။ကလေးပုံစံက နွမ်းပါးနေတဲ့ပုံစံပါ။တစ်ကိုယ်လုံးကို မည်းလို့။လူမည်းကလေးမလေးတစ်ယောက်ဖြစ်ပါတယ်။အဲ့လူမည်းကလေးမလေးက မိုးပျံပူဖောင်းလေးတွေကိုလိုချင်လို့ကြည့်နေတယ်။အဲ့အချိန်မှာ ပူဖောင်းသည်က သနားသွားပြီး သမီးကပူဖောင်းလိုချင်လို့လားလို့ မေးလိုက်ပါတယ်။ကလေးမလေးက ခေါင်းညိတ်ပြတယ်။ပူဖောင်းသည်က သဘောကျသွားပြီး "ကဲ သမီးလေး ပူဖောင်းဘာအရောင်ယူမလဲ ဦးလေးကအလကားပေးမယ်"။"ဒီမှာကြည့် ပူဖောင်းတွေက ကာလာစုံရှိတယ် အဖြူတွေကော အနီတွေကော အပြာတွေကော စုံလို့ပါပဲ"လို့ပြောလိုက်တယ်။
အဲ့အချိန်မှာ ကလေးမလေးက သူလိုချင်တာက အမည်းရောင်လို့ပြန်ဖြေလိုက်တယ်။ပူဖောင်းသည်ကတွေဝေသွားပြီး သူ့မှာအမည်းရောင်မရှိပါဘူး။တခြားအရောင်လေးတွေလည်း လှတယ်လေ လို့ပြန်ပြောလိုက်ပါတယ်။ကလေးမလေးက အမည်းရောင် ကိုပဲလိုချင်နေတယ်။အဲ့အချိန်မှာ ပူဖောင်းသည်က စဉ်းစားမိလိုက်တယ်။ဒီကလေးမလေးပုံက တစ်ကိုယ်လုံး မည်းနေတော့ အမည်းရောင်ကိုပဲ လိုချင်နေတာထင်တယ်လို့ တွေးမိလိုက်တယ်။အဲ့ဒါနဲ့ ပူဖောင်းသည်က "ငါ့မှာ ဒီနေ့တော့ အမည်းရောင်မပါလာဘူး နောက်နေ့ကျရင်တော့ ငါပါအောင်ယူလာခဲ့မယ်လို့" ပြောလိုက်ပါတယ်။
အဲ့ဒီလိုနဲ့ ကလေးမလေးကကျေနပ်သွားပါတယ်။ပူဖောင်းသည်ကပြောတယ် ပူဖောင်းက ဘာအရောင်ပဲဖြစ်ဖြစ် အနီပဲဖြစ်ဖြစ် အပြာပဲဖြစ်ဖြစ် အမည်းပဲဖြစ်ဖြစ် ကောင်းကင်ပေါ်လွှတ်တင်လိုက်ရင် အကုန်ပျံတက်သွားတာချည်းပဲ။ပူဖောင်းရဲ့အရွယ်နဲ့လည်းမဆိုင်ဘူး၊ပူဖောင်းရဲ့အရောင်နဲ့လည်းမဆိုင်ဘူး၊ပူဖောင်းထဲမှာထည့်ထားတဲ့ Gasနဲ့ပဲဆိုင်ပါတယ် လို့ပြောလိုက်ပါတယ်။
စာဖတ်သူလေးတို့လည်း ကိုယ့်ရဲ့ဘဝမှာ ကိုယ်က ဆင်းရဲရဲ ချမ်းသာသာ ပိုက်ဆံရှိရှိ မရှိရှိ ပုံပြင်ထဲမှာပါတဲ့ မိုးပျံပူဖောင်းထဲက Gasလိုပဲ အမြင့်တက်ချင်စိတ်ရှိရင် ဘာမဆို ကိုယ်လိုချင်တဲ့အရာရနိုင်ပါတယ်။အဓိက ကကိုယ့်ရဲ့အတွင်းစိတ်ပါပဲ။ကိုယ့်ရဲ့စိတ်က အမြင့်တက်ချင်ရင် ကိုယ်ရအောင်တက်လို့ရပါတယ်။ကိုယ့်ရဲ့စိတ်ကို မိုးပျံပူဖောင်းထဲက Gasနဲ့တူအောင်လေ့ကျင့်ပါလို့ ပြောပြလိုက်ရပါတယ်။
အဆုံးထိဖတ်ရှုပေးတဲ့ တစ်ဦးတစ်ယောက်ချင်းဆီကို အထူးကျေးဇူးတင်ရှိပါတယ်ဗျာ❤️။
စာဖတ်သူလေးတို့သာယာသောနေ့သစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ❤️။
ခိုင်ခန့်
၂၀.၁.၂၀၂၅
Keep Reading