Tain Hlwar Nge
ပင်ပန်းလွန်းလို့ လက်လျှော့ပစ်ချင်တဲ့ နေ့တွေရှိခဲ့ကြောင်း
အောင်မြင်လာတဲ့တစ်နေ့မှ အေးအေးဆေးဆေးပြောပြဦးမယ်။
ကိုယ်တိုင်ဝင်လုပ်မကြည့်ဘဲ ဒါလေးက
အလွယ်လေးပါကွာဆိုတဲ့ လူတွေနဲ့လည်း
အောင်မြင်လာတဲ့တစ်နေ့မှ သေသေချာချာဆွေးနွေးဦးမယ်။
ကိုယ့်ကို ရပ်တန့်ပစ်စေချင်လို့ တိုက်ခိုက်ခဲ့တဲ့သူတွေနဲ့လည်း
အောင်မြင်လာတဲ့တစ်နေ့မှ အေးဆေးစာရင်းရှင်းဦးမယ်။
ဟုတ်တယ် အောင်မြင်လာတဲ့တစ်နေ့ကျရင်
ငါ့မှာလေ ပြောစရာ စကားတွေ အများကြီးရှိနေတာမလို့
ကျေးဇူးပြုပြီး ငါ့အတွက် ကြိုးစားပေးစမ်းပါ ငါရယ်။
နော်....။
#Lilac
Keep Reading